Gmail Account ကို Android ဖုန်းပေါ်ကနေ အလွယ်တကူဖွင့်နည်း


Create gmail account easily

Website ပေါ်ကနေ Gmail Account ဖွင့်လို့မရတဲ့ သူငယ်ချင်းတွေ မိမိရဲ့ Android ဖုန်းပေါ်ကနေ Gmail Account အလွယ်တကူဖွင့်လို့ရပါပြီ။Android ဖုန်းကိုသုံးပါ။Android က google ရဲ့ ကိုယ်ပိုင် OS ဖြစ်လို့
gmail service ကိုလည်းအလွယ်တကူသုံးလို့ရအောင် လုပ်ပေးထားပါတယ်။



(1) Android ဖုန်းမှာ setting ကိုသွားပါ ။

(2) Account and sync ကိုသွားပါ။

(3)add an account ကိုနှိပ်ပါ။

(4)Google ကိုရွေးပါ။ ( ဒီနေရာမှာ ကိုယ့်ဖုန်းထဲမှာ gmail application သွင်းပြီးသားရှိမှသာ google ဆိုတာပေါ်
နေမှာ။Android ဖုန်းတွေက gmail app အစကတည်းကပါလာပေမယ့် တစ်ချို့ တရုတ်ဖုန်းတွေနဲ့ custom roms
တွေမှာပါမလာတတ်ပါဘူး။

ဒါဆို gmail.apk နဲ့ GoogleServiceFrameworks.apk ဖိုင်တွေကို Google မှာအလွယ်တကူရှာဖွေပြီး download
လုပ်ပါ။ ,rootexplorer ကိုသုံးပြီး အဲ့ဒီ့ ဖိုင်၂ဖိုင်ကို system folderအောက်က app folder ထဲကိုကူးထည့်ပါ။Install လုပ်ပါ။ဖုန်းကို restart ချပါ။Gmail app ကိုသုံးလို့ရပါပြီ။ )


(5)ကိုယ်သုံးချင်တဲ့ နာမည်နဲ့ account name ကိုပေးပါ။ကိုယ်လိုချင်တဲ့နာမည်မရင် နောက်နာမည်အသစ်ရွေးပေါ့။ရခဲ့ရင် Next နှိပ်။

Add caption


(6)ကိုယ်ပေးချင်တဲ့ passwordကို ၂ခါဖြည့်ပါ။ပေးလိုက်တဲ့ passwordကိုသေချာမှတ်ထားပါ။မေ့သွားရင်ပြန်ယူ
ဖို့ခက်ခဲပါတယ်။


(7)Security Question က answer ကို ကိုယ်မှတ်မိမယ့်ဟာပေးပါ။password မေ့သွားလို့ gmail account ဝင်မရ
တော့ရင် ဒီ security question ကိုသုံးပြီးပြန်ယူရမှာပါ။





(8) human check အတွက် ပြထားတဲ့ စာလုံးတွေကို မှန်အောင်ဖြည့်ပေးပါ။

(9) I agree,next ကိုနှိပ်ပါ။

(10) Finish နှိပ်ပါ။
Add caption
(11) Finish setup ကိုနှိပ်ပါ။

အကောင့်အသစ်ကိုစသုံးလို့ရသွားပါပြီ။လိုအပ်ရင်ဆန္ဒရှိသလောက် ဒီအတိုင်း gmail account ပေါင်းများစွာကို ဆက်ကာဆက်ကာ ကြိုက်သလောက်ဖွင့်လို့ရပါတယ်။

ကိုယ့်မှာ android ဖုန်းမရှိရင်တော့ ရှိတဲ့သူငယ်ချင်းတစ်ယောက်ယောက်ကို ဖွင့်ခိုင်းပေါ့။ဖုန်းမှာအင်တာနက်
ဖွင့်ထားဖို့တော့လိုပါမယ်။

1 Comments

ဝင်ရောက်ဖတ်ရှုပေးကြသော သူငယ်များအားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com
https://www.facebook.com/shine.tun.1
သို့ဆက်သွယ်နိုင်ပါတယ်။

  1. ​ကျေးဇူးတင်​ပါတယ်​ဗျာ Google service frameworks.apk ​လေးကိုအစဉ်​​ပြေမယ်​ဆိုရင်​တင်​​ပေး​စေချင်​ပါတယ်​ဗျာ

    ReplyDelete
Previous Post Next Post

Contact Form