App ထည့်သွင်းနည်းက အောက်မှာပြထားတဲ့အတိုင်းဖြစ်ပါတယ်။
၁။ အရင်ဆုံး မိမိရဲ့ Android Phone & Tablet ကို USB Cable နဲ့ ကွန်ပျူတာကို ချိတ်ပါ။ USB connected ဖြစ်ရမယ်။
၃။ မိမိလိုချင်တဲ့ App ပုံပေါ် Install ကို ကလစ်နှိပ်ပါ။ ဈေးနှုန်းပြထားတဲ့ App ကို ကလစ်မလုပ်နဲ့ Free မရဘူး။ ပိုက်ပိုက်ပေးရတယ် :P
၎။ မိမိလိုချင်တဲ့ App က Install ကို ကလစ်နှိပ်လိုက်တဲ့အခါ အောက်ကပုံအတိုင်း Google account ၀င်ရန် Sing in box လေး ကျလာပါလိမ့်မယ်။ Google အကောင့် ၀င်လိုက်ပါ။ ဒီနေရာမှာ သတိထားရမှာက မိမိဝင်မဲ့အကောင့်က Android Phone & Tablet မှာ အသုံးပြုနေတဲ့အကောင့်ဖြစ်ရပါမယ်။ အကောင့် တစ်ခုတည်းဖြစ်ရပါမယ်။
၅။ Sign in ၀င်လိုက်တဲ့အခါ အောက်က ပုံအတိုင်းဖြစ်သွားတယ်။ အကောင့်ဝင်ပြီးပုံကို ကြည့်ပါ။ နောက်ပြီး Send to မှာ PC နဲ့ ချိတ်ဆက်ထားတဲ့ မိမိရဲ့ Android Phone & Tablet အမျိုးစားကို တွေ့ရပါလိမ့်မယ်။ တကယ်လို့ ချိတ်ဆက်ထားတဲ့ မိမိရဲ့ Android Phone & Tablet အမျိုးစား မပေါ်ဘူး ဆိုရင် ဘေးနားက အောက်စိုက်နေတဲ့ မြှားလေးကို ကလစ်ပေးပြီး မိမိရဲ့ Android Phone & Tablet အမျိုးအစားကို ရှာပေးပါ။ ပြီးရင် Install ကို ကလစ်လိုက်ပါ။
၆။ မိမိ Install လုပ်တဲ့ App က Android Phone & Tablet မှာ ဒေါင်းလွတ်ဆွဲပီး Auto Install လုပ်ပေးပါလိမ့်မယ်။ Download လုပ်ပြီးရင် Ok ကို ကလစ်ပါ။
၇။ Ok ပြီးရင် အောက်ကပုံအတိုင်း မိမိ ဒေါင်းလွတ်ယူထားတဲ့ App ဟာ မိမိရဲ့ Android Phone & Tablet ကို Installed လုပ်ပြီးကြောင်း App ရဲ့ အောက်ခြေမှာ ပြပေးပါလိမ့်မယ်။
ဒီလောက်ဆိုရင်
သဘောပေါက်မယ်လို့ထင်ပါတယ်။ လွယ်ပါတယ်။ မခက်ပါဘူး။ မိမိရဲ့ Android Phone
& Tablet ကို Charge လဲသွင်းရင် လိုချင်တဲ့ App များကိုလဲ တပြိုင်နက်
ထည့်သွင်းရတာ ပျော်စရာလဲကောင်း အဆင်လဲပြေပါတယ်။ မရှင်းတာရှိရင်
ကွန်မန့်ပေးပြီး မေးနိုင်ပါတယ်။ အဆင်ပြေပါစေ....။
Tags:
ဆော့ဝဲ ။လုပ်ဆောင်ချက်
ကောင်းလိုက်တာ firefox ကိုသုံးပြီးဆွဲလို့ရလား kko3319@gmail.com သိချင်ပါတယ် မစမ်းရသေးဘူး
ReplyDelete