android ဖုန်းဆိုင်ရာ အမေးနဲ့အဖြေစုံ(5)

Android OS ဖုန်းမှာ မိုဘိုင်းဖုန်း အင်တာနက်စနစ်ကို အသုံးပြုပါတယ်။ ဒီလိုမျိုး 3G အင်တာနက်စနစ်ကို အသုံးပြုတဲ့အခါမှာ ကျွန်တော်က ဖုန်းကနေ WiFi ပြန်လွှင့်ပြီးတော့ Laptop ကနေတစ်ဆင့် ပြန်ပြီးတော့ အသုံးပြုပါတယ်။

ဒီလိုမျိုး WiFi ပြန်လွှင့်ပြီး အသုံးပြုတယ်ဆိုရင် ကိုယ့်ရဲ့ WiFi ကို Password ခံထားရတယ်လို့ ပြောကြပါတယ်။ အဲဒီလိုမျိုး Password မခံထားရင် ကိုယ့်ရဲ့ WiFi ကို ဘေးကလူတွေ ၀ိုင်းပြီးသုံးလို့ ရနေတဲ့အတွက် ကိုယ့်အတွက် လိုင်းဆွဲအားကျတယ်လို့ ပြောပါတယ်။ အဲဒါဟုတ်ပါသလား။ WiFi ကို Password ခံထားချင်ရင် ဘယ်လိုလုပ်ရပါသလဲ။ ကျွန်တော့်ဖုန်းက Android OS Version 4.1.1 ပါ။

မိုဘိုင်းဖုန်း အင်တာနက်စနစ်ဖြစ်တဲ့ 3G အင်တာနက်စနစ်ကို ဖုန်းကနေတစ်ဆင့် WiFi ပြန်လွှင့်ပြီး အသုံးပြုတဲ့နေရာမှာ ကိုယ်အသုံးပြုနေတဲ့ WiFi ကို Password ခံထားသင့်ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ ကိုယ်က WiFi ကို Password မခံထားဘူးဆိုရင် ကိုယ့်ဖုန်းကနေ ထုတ်လွှင့်ထားတဲ့ WiFi ဧရိယာအတွင်းမှာရှိနေတဲ့ Device တွေက ကိုယ့်ရဲ့ WiFi ကို အသုံးပြုလို့ ရနေပါလိမ့်မယ်။ ဒီလိုမျိုး Device တွေစုပြုံပြီး အသုံးပြုနေမယ်ဆိုရင်တော့ ကိုယ့်ဆီမှာ WiFi က Speed ကျဆင်းသွားနိုင်ပါတယ်။ Android OS Version 4.1.1 မှာ WiFi အတွက် Password ခံထားချင်တယ်ဆိုရင်တော့ ပထမဆုံးအနေနဲ့ Setting ထဲက More ထဲကိုသွားပါ။ More ထဲက Tethering and portable hotspot ဆိုတာကို တွေ့ရပါလိမ့်မယ်။ Tethering and portable hotspot ဆိုတဲ့ထဲကို ထပ်ဝင်လိုက်ပါ။ ဒါကတော့ ကိုယ့်ဖုန်းရဲ့ 3G စနစ်ကို WiFi အဖြစ် ပြန်လွှင့်ပေးတဲ့ စနစ်နေရာပဲဖြစ်ပါတယ်။ ဒီထဲမှာမှ Portable WiFi Hotspot ဆိုတာရှိပါတယ်။ အဲဒါကို နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ နောက်ထပ်စာမျက်နှာတစ်ခုကို မြင်တွေ့ရမှာဖြစ်ပြီး အဲဒီစာမျက်နှာရဲ့ အောက်ဘက်မှာ Allowed Devices နဲ့ Configure ဆိုတဲ့ စနစ်နှစ်ခုကို မြင်တွေ့ရပါလိမ့်မယ်။ ဒီထဲကမှ ကိုယ်က Password စနစ်ကို အသုံးပြုချင်တယ်ဆိုရင်တော့ Configure ဆိုတာကို နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ ကိုယ့်ဖုန်းရဲ့ Network  SSID တွေ၊ Security တွေအပြင် Password စနစ်တွေကိုပါ မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ ကိုယ့်စိတ်ကြိုက် Password စနစ်ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါကတော့ Android OS Version အားလုံးအတွက်မဟုတ်ဘဲ Version 4.1.1 နဲ့ 4.1.2 တွေအတွက်ပဲ ပြုလုပ်ရမယ့် လုပ်ဆောင်ချက် အဆင့်ဆင့်ဖြစ်ပါတယ်။ အခြားဗားရှင်းတွေနဲ့ လုပ်ဆောင်ချက်ခြင်း မတူညီပါဘူး။

ရေးသားသူ -ကိုသက်

ဝင်ရောက်ဖတ်ရှုပေးကြသော သူငယ်များအားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com
https://www.facebook.com/shine.tun.1
သို့ဆက်သွယ်နိုင်ပါတယ်။

Previous Post Next Post

Contact Form