android ဖုန်းဆိုင်ရာ အမေးနဲ့အဖြေစုံ(4)

ကျွန်တော့်ရဲ့ဖုန်းကို အိမ်က ကလေးကဆော့လိုက်ပါတယ်။ ကျွန်တော် ဖုန်းကိုပြန်ကြည့်လိုက်တဲ့အချိန်မှာ ဖုန်းရဲ့ Lock Screen မှာ Pin Lock ဆိုပြီးပေါ်နေပြီး Password တောင်းနေပါတယ်။



Password ကလည်း ဘာမှရိုက်လို့မရဘူးဖြစ်နေပါတယ်။ ဒါ့အပြင် ဖုန်းရဲ့အပေါ်ထိပ်ဘက် Notification နေရာမှာလည်း Sim Card ပုံပေါ်နေပြီး လိုင်းကတော့အပြည့်ဖြစ်နေပါတယ်။ ဒါပေမယ့် Emergency Call ပဲပေါ်နေပြီး ဘာမှနှိပ်လို့မရဘူးဖြစ်နေပါတယ်။ Sim Card ကို ထုတ်ပြီးစမ်းကြည့်တော့ ဟန်းဆက်က ကောင်းပါတယ်။ ဟန်းဆက်က Galaxy Ace ပါ။ ကတ်ကိုထုတ်လိုက်ရင် Password မတောင်းတော့ပါဘူး။ တခြား ကတ်တွေကိုထည့်ပြီးသုံးရင်လည်း အဆင်ပြေပါတယ်။ အဲဒါဘာဖြစ်တာပါလဲ။ ဘယ်လိုလုပ်ရင် ပြန်ကောင်းနိုင်ပါသလဲ။

Samsung Galaxy Ace ဖုန်းမှာ ဖုန်းရဲ့ Lock Screen စနစ်မှာ Pin Lock ဖြစ်ပြီး ဖုန်းရဲ့ Sim Card ပုံလည်း ပေါ်နေတယ်ဆိုရင်တော့ ဒါက ဖုန်းကတ် Lock ကျတယ်လို့ ဆိုနိုင်ပါတယ်။ လိုင်းကအပြည့်ဖြစ်နေတယ်ဆိုတာကလည်း ဖုန်းလိုင်းက Menual ကနေ Digital ဖြစ်သွားပြီး Auto Service ဖြစ်နေလို့ တိုင်အပြည့်ပြနေတာဖြစ်ပါတယ်။ တိုင်ပြည့်နေတာမဟုတ်ပါဘူး။ ပုံမှန်အတိုင်းဆိုရင် ကွန်ရက်ချိတ်နေတဲ့ ဖုန်းတွေရဲ့ လိုင်းဆွဲအားတိုင်နှုန်းဟာ ငြိမ်မနေတတ်ပါဘူး။ အမြဲလှုပ်ရှားနေတတ်ပါတယ်။ တိုင်က အဲဒီလိုမျိုးမလှုပ်တော့ဘဲနဲ့ငြိမ်နေတာဆိုရင် လိုင်းမရှိတော့တဲ့သဘောပါပဲ။ ဟန်းဆက်ထဲကို တခြားကတ်တွေထည့်ပြီး အသုံးပြုတဲ့အချိန်မှာ ရတယ်ဆိုရင်တော့ ဒါက Card Lock ကျတာ သေချာပါတယ်။ Lock ကျနေတဲ့ Sim Card ကို ထည့်လိုက်တဲ့အချိန်မှာ ဖုန်းက Lock ကျနေတယ်ဆိုတာကိုပြနေပြီး Password တောင်းနေတာလည်းဖြစ်ပါတယ်။ ဒီလိုမျိုး Sim Card Lock ကျသွားတယ်ဆိုရင်တော့ Password ကိုသိမှပဲ ပြန်လုပ်လို့ရနိုင်မှာပါ။ အဲဒီလိုမှမဟုတ်ဘူးဆိုရင်တော့ ပြန်လုပ်ဖို့မလွယ်ကူပါဘူး။ ဒါကမြန်မာ့ဆက်သွယ်ရေးမှာသွားပြီး ကတ်အသစ်ပြန်လျှောက်မှပဲ အဆင်ပြေနိုင်ပါလိမ့်မယ်။ မြန်မာ့ဆက်သွယ်ရေးမှာ Card Lock ကျတာကို အသစ်သွားပြန်လျှောက်ရပါလိမ့်မယ်။ ကတ်ပျက်တယ်လို့လည်းဆိုနိုင်ပါတယ်။

ရေးသားသူ - ကိုသက်

1 Comments

ဝင်ရောက်ဖတ်ရှုပေးကြသော သူငယ်များအားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com
https://www.facebook.com/shine.tun.1
သို့ဆက်သွယ်နိုင်ပါတယ်။

Previous Post Next Post

Contact Form