သုံးစားမရတဲ့ GSM INTERNET CONNECTION ကို အလန်းဆုံး WCDMA CONNECTION ဖြစ်အောင် ပြောင်းနိုင်တဲ့ NETWORK V 1.1.APK
အခုကျွန်တော်မျှဝေပေးချင်တဲ့ Application လေးကတော့ သုံးစားမရတဲ့ GSM Internet Connection ကို အလန်းဆုံး WCDMA Connection ဖြစ်အောင် ပြောင်းနိုင်တဲ့ Network v 1.1.apk
ဆိုတဲ့ Android Application လေးဖြစ်ပါတယ်။ အသုံးပြုရာလည်းတော်တော်လေး လွယ်ကူအဆင်ပြေ
ပါတယ်။ Set preferred network type: ရဲ့ အောက်မှာ WCDMA only ဆိုတာလေးကိုပြောင်းပေး
လိုက်ရင်ရပါပြီ။ အောက်က ပုံလေးအတိုင်းပါ GSM only နေရာမှာ WCDMA only ဆိုဒါလေးကို ပြောင်း
ပေးလိုက်ရင်ရပါပြီ။ ဒါဆိုရင် ဘယ်အချိန်ဘဲ Internet ဖွင့်ဖွင့် အနိမ့်ဆုံး H ဆိုတာ တန်းပေါ်ပြီး WCDMA
ရဲ့ ကွန်နရှင်အတိုင်းသုံးရမှာပါ။
WCDMA ရဲ့ ကွန်နရှင်အတိုင်းသုံးရတယ်ဆိုပြီး WCDMA လိုမျိုး တစ်မိနစ်ကို 4ကျပ်ပေး
ရလိမ့်မယ်တော့မထင်နဲ့နော်။ 2ကျပ်ဘဲပေးရမှာပါ။ ဘယ်လောက်အဆင်ပြေလည်းဗျာ။ ဖိုင်ဆိုဒ်က
လည်း 5kb ဘဲရှိတယ်ဗျာ။ Android v 1.5 နှင့် အထက်ဖုန်းများမှာသာ အသုံးပြုရအဆင်ပြေမှာဖြစ်ပါ
တယ်ဗျာ။ အပန်းမကြီးတဲ့အတွက် စမ်းသပ်အသုံးပြုမယ်ဆိုရင် မမှားဘူးလို့ အကြံပေးချင်ပါတယ်ဗျာ။
သူငယ်ချင်းများအားလုံးအဆင်ပြေကြပါစေ...။
http://www.mediafire.com/?h7cgdfdjcowwt1j

Tags:
ဆော့ဝဲ
ဒီဆောဖ်ဝဲ ကို သုံးလိုက် လို့ တိုင် မှာ လိုင်းတောင် မကပ် တော့ဘူး ဘယ်လို ပြန် လုပ် ရမလဲ ကျေးဇူး ပြုပြီး sticky.thu@ ကို ဖြေ ကြား ပေးစေ လို ပါတယ် ကျနော် ဖုန်း က Huawei 8825 ပါ
ReplyDeleteစမ်းသုံးကြည့်တာ H တော့မပေါ်ဘူး ဒါပေမယ့် လိုင်းက speed နဲနဲတော့တက်လာသလိုဘဲ ဘာပဲဖြစ်ဖြစ် တိုင်းကျူး တိုင်းကျူး ကလုကလု(နောက်တာနော်ကလုကလု)
ReplyDelete