Samsung Galaxy Y S-5360 Root တင်နည်း



 Samsung Galaxy Y S-5360 ကိုင်ဆောင်တဲ့သူငယ်ချင်းများအတွက် လွယ်ကူရိုးရှင်းတဲ့ Root လုပ်နည်းလေးကိုတင်ပြပေးလိုက်ပါတယ်--
1.ပထမဆုံး ဒီနေရာ မှာ Zip file လေးကိုဒေါင်းလုပ်ဆွဲလိုက်ပါ။
2.ပြီးလျှင်ဖုန်းနဲ့ကွန်ပြူတာကိုချိတ်ဆက်ရပါမယ်။
3.ဖုန်းရဲ့SD Card ထဲမှ data(or)folder များကို Storage လုပ်ပြီးလျှင် format ရိုက်ပါ။ ( မိမိဖုန်း၏ SD Card Storage နှင့်ဆိုင်ပါသည်။ 2 GB သုံးလျှင် Format ရိုက်တာ အကောင်းဆုံးပါ။ 4 GB သမားအတွက်ကတော့ ပြဿနာ သိပ်မရှိပါ။ )
4.ထို့နောက်ဒေါင်းလုပ်ဆွဲထားသောZip file ကို SD Card ထဲသို့ကူးထည့်ပြီးလျှင်ဖုန်းကိုကွန်ပြူတာမှTurn offပုလုပ်ပါ၊ပြီးလျှင်ဖုန်းကို Power Off လုပ်ပါ။
5.ဖုန်းရဲ့ Power Button၊Volume up နှင့် Home ကိုတပြိုင်တည်းဖိနှိပ်ပေးပါ။
6.Samsung Galaxy Y Logo တက်လာပြီး ခဏနေလျှင် Recovery Mode တက်လာပါလိမ့်မည်။
7.Volume  up(or)down အားအသုံးပြုပြီး  update from SD Card ကိုရွေးပေးပါ၊ပြီးလျှင် ခုနကဒေါင်းလုပ်ဆွဲထားတဲ့zip file ကိုရွေးချယ်ပေးပါ၊ ရွေးချယ်ပေးရန်အတွက် Home ခလုတ်ကိုအသုံးပြုနိုင်ပါသည်။
8.ပြီးလျှင်တော့+++ Go Back+++ဖြင့်ပြန်ထွက်ပြီး Reboot System Now ကိုရွေးပေးပါ။
 ဒါဆိုရင်တော့ဖုန်းထဲမှာ Superuser ရသွားပါပြီ။
သူငယ်ချင်းတို့ရဲ့Samsung Galaxy Y ဖုန်း Root ပြုလုပ်ခြင်းအစီအစဉ်ပြီးဆုံးသွားပြီဖြစ်ပါတယ်။
ဘာကြောင့် Root ပြုလုပ်ရလဲဆိုတာကို Samsung Galaxy Ace မှာရှင်းပြပြီးဖြစ်ပါတယ်။

1 Comments

ဝင်ရောက်ဖတ်ရှုပေးကြသော သူငယ်များအားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com
https://www.facebook.com/shine.tun.1
သို့ဆက်သွယ်နိုင်ပါတယ်။

  1. အစ်ကိုရေ galaxy 5360 ကိုပဲ version ရသလောက်မြှင့်ချင်လို့ပါဗျာ။Root တော့လုပ်ပြီးပါပြီ။ အဲဒါ version ရသလောက် မြှင့်ချင်လို့ပါ။ ကျနော်နည်းတွေလည်းစုံနေပါပြီ။အဆင်မပြေဘူးဗျာ။ ဆိုးတာက zip file ဖြည်တာပဲ။ zip file ကိုဘယ်လိုဖြည်ရမလည်း ကျနော့်မှာ android zip file manager ဆော့ဝဲရှိပါတယ်။ ဒါပေမယ့် မသုံးတတ်ဘူး ။zip file တွေကိုဘယ်လိုဖြည်ရမလည်းမသိဘူး။ အဲဒါကျေးဇူးပြုပြီး ကျနော့်ကို samsung galaxy gt5360 ရဲ့  နောက်ဆုံး version မြှင့်နည်းနဲ့ version မြှင့်ရာမှာ သုံးမယ့် zip file တွေကို ဘယ်လိုဖြည် ဘယ်လိုလုပ် ရမလည်းဆိုတာကို မေတ္တာရှေ့  ထား ဂရုဏာပွားပြီးပြောပြကူညီပေးပါနော်။ ကျနော့်ကိုမေးလ်နဲ့ ပို့ပြီးပြည့်ပြည့်စုံစုံ ရှင်းပြပေးပါဗျာ။ ကျေးဇူးထာဝရပါ။ ကျနော့်မေးလ်လိပ်စာက
    zawthwin@hotmail.com နဲ့ zawthwin3@gmail.comဖြစ်ပါတယ်။ ကျနော်စောင့်မျှော်နေပါမယ်ခင်ဗျား။

    ReplyDelete
Previous Post Next Post

Contact Form