Viber ကိုသုံးပြီး ဖုန်း free ခေါ်ဆိုမယ် ၊ message free ပို့မယ်


နိုင်ငံခြားမှာတင် သုံးလို့ရတာမဟုတ်ဘဲ၊ မြန်မာနိုင်ငံကနေလည်း ဒီဆော့ဝဲလေးကိုသုံးပြီး အခမဲ့ဖုန်းခေါ်ဆိုလို့ ရတာကိုတွေ့ရပါတယ်။

ဒီ application လေးကိုသုံးစွဲဖို့ မိမိရဲ့ ဖုန်းကို အင်တာနက်ကွန်နက်ရှင်တစ်ခုခု (Wifi,3G..)နဲ့ ချိတ်ဆက်ထားရပါမယ်။

လိုအပ်တဲ့ဆော့ဝဲဖြစ်တဲ့ Viber ကို အောက်မှာရယူလိုက်ပါ။

(မိမိတို့ဖုန်းနဲ့ ဆိုင်တဲ့ application ကိုရွေးချယ်ရယူပါ)




download ရယူပြီးပြီဆိုရင်တော့ Viber ဆော့ဝဲကိုဖုန်းထဲမှာ install လုပ်ပါ။ ပြီးရင် Viber ဆော့ဝဲကိုဖွင့်ပါ။

နိုင်ငံရွေးချယ်တဲ့နေရာမှာ မြန်မာနိုင်ငံကလူတွေဆိုရင် Myanmar (+95) ကို ရွေးချယ်ပေးပါ။

အောက်က TextBox မှာ မိမိရဲ့ ဖုန်းနံပါတ်ကိုထည့်ပါ။ ဖုန်းနံပါတ်ထည့်ရာမှာ (ဥပမာ) မိမိရဲ့ ဖုန်းနံပါတ်က 09-2016878 ဆိုရင် ရှေ့ဆုံးက သုည ကိုဖြုတ်ပြီး 9 ကနေစထည့်ပါ။

(ဥပမာ- 92016878) ။ ပြီးရင် Continue ကိုနှိပ်ပါ။ အောက်မှပုံအတိုင်းလုပ်ဆောင်ပါ။






ဒါဆိုရင် မိမိရဲ့ ဖုန်းကို Viber မှ Activation code တစ်ခု Message အနေနဲ့ဝင်လာပါလိမ့်မယ်။ အဲဒီ code ကို အောက်ပါ ပုံထဲကအတိုင်း ထည့်ပါ။ ပြီးရင် Enter Viber ကိုနှိပ်ပါ။




အကယ်၍ Activation Code Message မိမိဖုန်းထဲကိုရောက်မလာဘူးဆိုရင်တော့ Android ဖုန်းတွေမှာ အောက်ပုံမှာပြထားတဲ့အတိုင်း click here ကိုနှိပ်ပါ။ iPhone တွေမှာဆိုရင်တော့ Screen ရဲ့ ထိပ်ဆုံးဘယ်ဘက်က No Code? ကိုနှိပ်ပါ။



Web Browser တစ်ခုနဲ့ အောက်ပုံထဲကအတိုင်း တက်လာပါလိမ့်မယ်။ မိမိဖုန်းနံပါတ်လည်း ပါဝင်ပါလိမ့်မယ်။ အဲဒီက “Get Code” ဆိုတဲ့ ခလုတ်ကိုနှိပ်လိုက်ပါ။ အောက်ပုံအတိုင်းပါ။


“Get Code” ကိုနှိပ်လိုက်တယ်ရုံရင် စက္ကန့်ပိုင်းအတွင်းမှာ မိမိရဲ့ ဖုန်းကို နိုင်ငံခြားနံပါတ်နဲ့ ဖုန်း callတစ်ခုဝင်လာပါလိ့်မ်မယ်။ အဲဒီအခါ ကိုင်နားထောင်လိုက်ပါ။ ယောကျာ်းသံနဲ့ မိမိဖုန်း Viber ဆော့ဝဲထဲမှာ ထည့်ရမယ့် Activation Code ကိုနှစ်ကြိမ်တိတိပြောပေးပါလိမ့်မယ်။ အဲဒီ Code ကိုမှတ်ထားပါ။ပြီးရင် ခုနကဖုန်းထဲမှာ ပြောသွားတဲ့ code ကိုထည့်ပါ။ ပြီးရင် Enter Viber ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။




ပုံထဲကလိုပေါ်လာပြီဆိုရင်တော့ Viper Setup လုပ်တာပြီးစီးပြီဖြစ်ပါတယ်။

ဖုန်းစတင်ပြော၊message စပို့လို့ ရပါပြီ။ကိုယ်ပြောချင်တဲ့ သူငယ်ချင်းဆီမှာလည်း Viber software သွင်းထားပြီး အခုလုပ်ခဲ့သလို setup လုပ်ထားဖို့လိုပါမယ်။ပြီးရင် သူ့နံပါတ်ကို Viber ထဲမှာ Invite လုပ်ပြီး ဖုန်းခေါ်ရုံပါဘဲ။အင်တာနက်ဖိုးအနည်းငယ်သာ ကုန်မှာ ဖြစ်ပြီး ဖုန်းခမကုန်ဘဲ ကြိုက်သလောက်ပြော ၊ကြိုက်သလောက် message ပို့လို့ရပါပြီ။ကိုယ့်နိုင်ငံထဲက သူတင်မဟုတ်ပါဘူး။ နိုင်ငံခြားက သူငယ်ချင်းတွေနဲ့လည်း ပြောလို့ရပါပြီ အားလုံးအဆင်ပြေကြပါစေ.....။

ဒီမှာဒေါင်းလိုက်ပါ
I phone အတွက်ရယူရန်





Android အားရယူရန်





Nokia အားရယူရန်






http://www.myanmarexpress.net/မှဖော်ပြပါသည်။

1 Comments

ဝင်ရောက်ဖတ်ရှုပေးကြသော သူငယ်များအားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com
https://www.facebook.com/shine.tun.1
သို့ဆက်သွယ်နိုင်ပါတယ်။

  1. ၇တော့ဘူး....အက်စပိုင်ယားဖြစ်တွားပီ...:(

    ReplyDelete
Previous Post Next Post

Contact Form