HTC ဖုန်းများကို root လုပ်ခြင်း

သူငယ်ချင်းလေး လေပြေရေ နင်တောင်းဆိုထားလို့ နာရှာပြီးတင်ပေးလိုက်ပြီနော် ။
HTC နော် နင့်ဖုန်းက ။မြန်မာဖောင့် ရဖို့အတွက်က နောက်နာ တင်ပေးမယ်နော် ။
ဖုန်းတစ်လုံးဟာ root လုပ်ထားတာ ဘာပဲဖြစ်ဖြစ်မမှားဘူးနော်။
တချို့ဆော့ဝဲတွေက root လုပ်ထားမှ သုံးလို့ ရတာတွေ ရှိတယ်လေ။
ကဲ သူငယ်ချင်း သေချာဖတ်ကြည့်ပြီးလုပ်နော် ။တော်ကြာဖုန်းဆေးခန်းရောက်နေမယ် ။ဟာ ဟ ဟ။

အရင်ဆုံး HTC Driver ကို download လုပ်ပြီး ကွန်ပျူတာထဲမှာ install လုပ်ထားပါ။
driver ယူရန်
ပြီးရင်မိမိရဲ့ဖုန်းကို USB Debugging enabled လုပ်ထားပါ။ ဖုန်းရဲ့ Settings> Application> Development ထဲက USB Debugging ကို အမှန်ခြစ်ပေး(Enabled)လိုက်ပါ။

root လုပ်ဖို့အတွက် အရင်ဆုံးဖုန်းကို S-OFF ဖြစ်အောင်လုပ်ရပါမယ်။ S-OFF ဖြစ်အောင်လုပ်ဖို့အတွက် မိမိဖုန်းရဲ့ Serial number, HBoot Version တွေကိုသိထားရပါမယ်။ မိမိဖုန်းရဲ့ Serial number ကိုကြည့်ဖို့အတွက် Settings > About Phone > Phone Identity ထဲသို့သွားပါ။ မိမိဖုန်းရဲ့ Serial number ကိုတွေ့ရပါမယ်။ အဲဒီ serial number ကို notepad ပေါ်မှာခဏမှတ်ထားပါ။ ပြီးရင် မိမိဖုန်းရဲ့ HBoot version ကိုကြည့်ရပါမယ်။ HBoot Version ကိုကြည့်ရင်းနဲ့ အဲဒီနေရာမှာ တစ်ခါတည်း မိမိဖုန်းက S-ON လား S-OFF လားကြည့်ရမှာပါ။ S-OFF ဖြစ်နေပြီးသားဆိုရင်တော့ အောက်ကအဆင့်တွေလုပ်ဖို့မလိုပါဘူး။ root တန်းလုပ်ရုံပါပဲ။ HBoot Version ကြည့်ဖို့လွယ်ကူတဲ့နည်းကိုပဲပြောပါ့မယ်။
အရင်ဆုံး HTC Super Tool v3 ကိုအရင်ရယူပါ။
HTC Super Tool V3 ယူရန်

ပြီးရင် HTC Super Tool ဇစ်ဖိုင်ကို ဇစ်ဖြေပြီး SuperTool.exe ကို run ပါ။
အောက်ကပုံအတိုင်းပေါ်လာရင် HBoot ကြည့်ဖို့အတွက် ဖုန်းရဲ့ Fastboot setting ထဲကိုဝင်ရပါမယ်။  4 ခလုတ်ကိုနှိပ်ပြီး enter ခေါက်ပါ။
Press Any Key To continue လို့ပေါ်လာရင် Enter ထပ်ခေါက်ပါ။

“Go To htcdev.com and register an account and login” ဆိုတာပေါ်လာရင် Enter ထပ်ခေါက်ပါ။

“Rebooting To Fastboot”လို့ပေါ်လာပြီး ဖုန်းရဲ့ fastboot setting ထဲကိုစ၀င်ပါလိမ့်မယ်။ ဖုန်းမှာ အလိုအလျောက် reboot ကျသွားပြီး အဖြူရောင် screen နဲ့ fastboot ထဲကိုရောက်သွားပါလိမ့်မယ်။ fastboot ထဲက ဒုတိယမြောက်စာကြောင်းမှာ HBOOT 1.17.1011 ဆိုတာကိုတွေ့ပါလိမ့်မယ်။ အဲဒါ မိမိဖုန်းရဲ့ HBoot version ပါပဲ။ အဲဒီ HBoot version ကိုလဲ ခဏနေကျရင်သုံးရမှာမို့လို့ သေချာမှတ်ထားပါ။ ပြီးရင် FastBoot ထဲကနေပြန်ထွက်ပါမယ်။ အလွယ်ဆုံးကတော့ ဖုန်းရဲ့ Battery ကိုဖြုတ် ၊ ပြန်ထည့်ပြီး ဖုန်းကိုဝါပါပြန်ဖွင့်လိုက်ပါ။ (ခုနက FastBoot ထဲမှာတုန်းက ပထမဆုံးအကြောင်းမှာ S-ON ဆိုတဲ့စာလုံးပါရင် မိမိဖုန်းကို S-OFF ဖြစ်အောင် လုပ်ရမှာပါ။ အောက်ပုံအတိုင်းပါ)
ပြီးရင် http://revolutionary.io မှာ S-OFF လုပ်ဖို့ ဆော့ဝဲကိုရယူပါ။ Download လင့်ကိုနှိပ်လိုက်တဲ့အခါမှာ ဆော့ဝဲကိုစတင် download လုပ်ပါ။ တစ်ဆက်တည်းပဲ အဲဒီမှာ အောက်ကပုံအတိုင်းပေါ်လာရင် မိမိကွန်ပျူတာရဲ့ Operating System , Device အမျိုးအစားတွေ ,ခုနကကြည့်ထားတဲ့ HBoot Version နဲ့ ခုနက ခဏမှတ်ထားတဲ့ မိမိဖုန်းရဲ့ Serial number တွေကိုထည့်လိုက်ပါ။
အဲဒါဆိုရင် Beta Key ပြန်ပေးပါလိမ့်မယ်။ အဲဒီ Beta Key ကိုခဏသိမ်းထားပါ။
ပြီးရင် ဖုန်းကိုကွန်ပျူတာနဲ့ချိတ်ဆက်ပြီး ခုနက download လုပ်ထားတဲ့ revolutionary-0.4pre4 ဇစ်ဖိုင်လေးကို ဇစ်ဖြည်ပြီး အထဲက revolutionary.exe ကို run ပါ။ HTC Driver install လုပ်ပြီးဖြစ်ပါက မိမိဖုန်းကို အလိုလျောက်သိနေပါလိမ့်မည်။ အဲဒီမှာ Beta Key တောင်းပါလိမ့်မယ်။
ခုနက revolutionary ကနေ မိမိဖုန်းရဲ့ version,serial တွေနဲ့ရယူထားတဲ့ beta key ကိုထည့်ပါ။ Beta Key ထည့်တာ မှန်တယ်ဆိုရင် ဖုန်းသည် လေးကြိမ်းခန့်အလိုအလျောက် Fast boot ထဲဝင်ပါလိမ့်မည်။ နောက်ဆုံးတစ်ကြိမ် reboot လုပ်ပြီးလျှင် မိမိဖုန်းသည် FastBoot ထဲသို့ရောက်သွားပါလိမ့်မည်။ အဲဒီကျရင် ဒုတိယမြောက်စာကြောင်းကိုကြည့်လိုက်ပါ။ ခုနက S-OFF ဖြစ်နေတာလေး အခု S-OFF ဖြစ်သွားသည်ကိုတွေ့ရပါမယ်။

root လုပ်ဖို့ကိုတော့ HTC Super Tool v3 နဲ့ပဲလုပ်ပါ။ HTc Super V3 ကိုဖွင့်ပြီး အဲဒီထဲက နံပါတ် ၁ ကဏ္ဍကိုစတင်လုပ်ဆောင်ပါမယ်။ 1 ကိုအရင်နှိပ်ပါ။ Enter ခေါက်ပါ။ ပြီးရင် နံပါတ်3 ကဏ္ဍကိုဆက်လုပ်ပါမယ်။ 3 ကိုနှိပ် Enter ခေါက်ပြီး root လုပ်ပါ။ ပြီးရင်ဖုန်းကို Reboot လုပ်ပါ။ ပြန်တက်လာရင် ယုန်အရိုးခေါင်းပုံနဲ့Super User ဆော့ဝဲလေးရောက်နေပြီလားကြည့်။ ရှိတယ်ဆိုရင် ၀င်ကြည့်။ Permission တောင်းရင် accept လုပ်။ ဒါဆို root ဖြစ်ပြီ ။



http://myanmarmobileapp.com မှကူးယူဖော်ပြပါတယ်။

ဝင်ရောက်ဖတ်ရှုပေးကြသော သူငယ်များအားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com
https://www.facebook.com/shine.tun.1
သို့ဆက်သွယ်နိုင်ပါတယ်။

Previous Post Next Post

Contact Form