Android Gmail အသုံးပြုနည်း

ဒီတစ်ပတ်မှာ ဖော်ပြပေးသွားမှာကတော့ Android OS ဖုန်းတွေထဲမှာပါတဲ့ Gmail စနစ် အသုံးပြုနည်းနဲ့ သူ့ရဲ့ လုပ်ဆောင်ချက်တွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ Android OS ဖုန်းတွေမှာ အသုံးပြုတဲ့ Gmail စနစ်ဟာ Android OS ရဲ့ Security စနစ်တွေနဲ့ တွဲဆက် ချိတ်ဆက်ထားတာ ဖြစ်ပါတယ်။ အဲဒါကြောင့် ဒီစနစ်ကို အသုံးပြုချင်တယ်ဆိုရင် ဖုန်းထဲကို Gmail စနစ်ကို ထည့်သွင်းမှပဲ ရနိုင်ပါလိမ့်မယ်။ အခြားစနစ်တွေဖြစ်တဲ့ Google ကနေ တစ်ဆင့်ပြန်ဝင်ပြီး အသုံးပြုရတဲ့ Gmail စနစ်တွေနဲ့ဆိုရင် Android ရဲ့ Security စနစ်တွေကို မေးလ်နဲ့ ချိတ်ဆက်လို့ မရနိုင်ပါဘူး။ Android ရဲ့ Gmail စနစ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ဖော်ပြပေးပါမယ်။ Android OS ရဲ့ Gmail စနစ်ဟာ ဖုန်းရဲ့ အတွင်းပိုင်းမှာ ရှိနေတဲ့ လုံခြုံရေး ပက်စ်ဝက်ဘ်စနစ်တွေနဲ့ ချိတ်ဆက်ထားတဲ့ စနစ်ပါ။ Gmail စနစ်ဟာ Android OS စနစ်ထဲမှာ နဂိုကတည်းက Original Default ပါဝင်ပါတယ်။ အဲဒီလို ပါဝင်တဲ့ ဖုန်းတွေမှာဆိုရင် Gmail စနစ်ကို တိုက်ရိုက် အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် ဒီစနစ်ကို အသုံးပြုမယ်ဆိုရင် Offline အနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။

အသုံးပြုနည်းကတော့ ဖုန်းထဲမှာပါတဲ့ Gmail Setting ထဲမှာ ကိုယ့်ရဲ့ Gmail Account တစ်ခုကို Add လုပ်ထား လိုက်ရပါမယ်။ အဲဒီလို Account တစ်ခု Add ထားလိုက်မယ် ဆိုရင်တော့ ဖုန်းကို WiFi နဲ့ပဲဖြစ်ဖြစ် 3G မိုဘိုင်းဖုန်း အင်တာနက်စနစ်နဲ့ပဲ ဖြစ်ဖြစ် အွန်လိုင်းစနစ်ကို ဖွင့်လိုက်တာနဲ့ တစ်ပြိုင်နက် Android ရဲ့ Gmail ထဲမှာ Add လုပ်ထားတဲ့ အကောင့်အတွက် ဝင်သမျှမေးလ်တွေ အားလုံးကို Download ပြုလုပ်ပေးထားမှာ ဖြစ်ပါတယ်။ မေးလ်က စစ်ဖို့အတွက် တကူးတကသွားပြီး ဖွင့်ဖတ်စရာ မလိုအပ်တော့ပါဘူး။ Download ပြုလုပ်ထားတဲ့ မေးလ်တွေအားလုံးကို Offline စနစ်နဲ့ပဲ အင်တာနက်မလိုဘဲ တိုက်ရိုက် ဖုန်းထဲမှာ ဖတ်နိုင်ပါတယ်။ ဒါက အသုံးပြုနည်း တစ်ခုပါ။ ဒီနေရာမှာ တစ်ခု သတိထားရမှာကတော့ Android OS ထဲမှာပါတဲ့ Gmail စနစ်ထဲမှာ ပထမဆုံး Add လုပ်လိုက်တဲ့ အကောင့်ဟာ ပြန်ဖျက်လို့မရပါဘူး။ နောက်ထပ် ဒုတိယ ထပ်ပြီးထည့်သွင်းတဲ့ အကောင့်တွေကနေစပြီး နောက်ပိုင်း ဖြည့်သွင်းသမျှ အကောင့်အားလုံး ဖျက်လို့ရပါတယ်။ အဲဓိက ဂရုစိုက်ရမှာကတော့ ပထမဆုံး ဖြည့်သွင်းတဲ့ အကောင့်ပါပဲ။
နောက်ထပ် အသုံးပြုနည်း တစ်ခုကတော့ Gmail နဲ့ Android ရဲ့ Security စနစ်ကို အသုံးပြုနည်းပါပဲ။ Android OS စနစ်မှာ Pattern Lock ဆိုတဲ့ Screen Lock စနစ်ရှိပါတယ်။ ဒီစနစ်ဟာ သုံးစွဲသူရဲ့ မှတ်သားမယ့် Password ကို ဂဏန်းတွေ အက္ခရာတွေအစား ဂရပ်ပုံစံတစ်ခုနဲ့ ကိုယ်ဆွဲချင်တဲ့ ပုံစံတစ်ခုကို မျဉ်းကြောင်းတွေနဲ့ဆွဲပြီး မှတ်သားတဲ့စနစ်ပါ။ Pattern Lock ကို အသုံးပြုတဲ့နေရာမှာ ကိုယ်ဆွဲခဲ့တဲ့ ပုံစံတစ်ခုကို မှတ်မိနေဖို့ လိုအပ်ပါတယ်။ ဘယ်နေရာက စပြီးဆွဲတယ်၊ ဘယ်နေရမှာ မျဉ်းကြောင်းဆုံးတယ် ဆိုတာတွေ မှန်ကန်ရပါမယ်။ ဒါမှဖုန်းက Lock ပွင့်ပါတယ်။ ဒီစနစ်က ဖုန်းရဲ့ Screen ကို Lock ချတဲ့အပြင် ဖုန်းရဲ့ Firmware ကိုလည်း Lock လုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် Android ရဲ့ Pattern Lock စနစ်ဟာ Android ရဲ့ Gmail စနစ်နဲ့လည်း တစ်ခါတည်း ချိတ်ဆက် ထားပါသေးတယ်။ Pattern Lock စနစ်မှာ သတ်မှတ်ချက်တွေ ရှိပါတယ်။ အဲဒါကတော့ ပက်စ်ဝက်ဘ်ဖြစ်တဲ့ Pattern ကို ဆွဲပြီးဖွင့်တဲ့အချိန်မှာ မှားယွင်းမှု အကြိမ်အရေအတွက်ကို ကန့်သတ်ထားပါတယ်။
Sony Ericsson X10 တွေမှာဆိုရင် Pattern Lock ဟာ ပထမဆုံး မှားယွင်းမှု အကြိမ်ရေကို ငါးကြိမ် သတ်မှတ်ထားပြီး ငါးကြိမ် မှားယွင်းတာနဲ့ ဖုန်းကို အလိုလျောက် စက္ကန့် ၃၀ Lock ချလိုက်မှာပါ။ Lock ပြန်ပွင့်လာတဲ့ အချိန်မှာ နောက်ထပ် ၁၀ ကြိမ် ထပ်မှားတယ်ဆိုရင် ဖုန်းကို လုံးဝ Lock ချပစ်လိုက်မှာ ဖြစ်ပြီး ဘယ်လိုမှ ပြန်ဖွင့်လို့ရတော့မှာ မဟုတ်ပါဘူး။ ဒီလို Lock ကျသွားပြီ ဆိုရင်တော့ ဖုန်းကိုပြန်ပြီးတော့ Restore ပြန်လုပ်မှပဲ ရတော့မှာပါ။ Firmware အသစ် ပြန်တင်တဲ့ ပုံစံမျိုးပါပဲ။ ခက်ခဲတဲ့အပြင် အလုပ်လည်း ပိုရှုပ်နိုင်ပါလိမ့်မယ်။ ဒီလိုမျိုး ဖုန်းတစ်ခုလုံး Lock ကျသွားတဲ့အချိန်မှာ Android Gmail Account ကိုသာ ဖုန်းထဲမှာ Add ထားခဲ့မယ် ဆိုရင်တော့ ဒီအခက်အခဲတွေကို အကောင်းဆုံး ဖြေရှင်းနိုင်ပါလိမ့်မယ်။
ဒီက

ဝင်ရောက်ဖတ်ရှုပေးကြသော သူငယ်များအားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com
https://www.facebook.com/shine.tun.1
သို့ဆက်သွယ်နိုင်ပါတယ်။

Previous Post Next Post

Contact Form