zapya 2.1(us)>>>update version
zapya 2.1 ဗားရှင်းထွက်လို့ မြန်မာမှုပြုပြီးသားကို ဒီနေရာမှာ တင်ထားခဲ့ပြီးပါပြီ။
ဒါပေမယ့် အဲဒါက တရုတ်ကထုတ်တဲ့ (cn) ဗားရှင်းပါ။
အဲ့တရုတ်ဗားရှင်းမှာအဆင်မပြေတာလေးတစ်ခုတွေ့ရတယ်။
သတိထားမိကြရဲ့လားမသိဘူး။
အဲ့တရုတ်ဗားရှင်း zapya နဲ့ဖိုင်တွေ share တဲ့အခါ zapya ရဲ့ setting မှာ storace default location ကို မန်မိုရီကတ်ကိုရွေးထားပေမယ့်လည်း ဘယ်လိုပဲ setting ချိန်ချိန် internal storace မှာပဲသိမ်းပေးနေတာမို့ internal storace နည်းတဲ့ဖုန်းတွေမှာအဆင်မပြေလှဘူး။
အဲဒါကို လုလင်ပျို အဲဒီပို့စ်တင်ပြီးချိန်မှတွေ့ခဲ့ရပါတယ်။
ကိုယ့်ဖုန်းတစ်လုံးပဲဖြစ်တာလား သူများဖုန်းတွေရောဖြစ်တာလားသေချာရအောင်သူငယ်ချင်းဖုန်းတွေယူပြီးစမ်းသပ်ကြည့်တယ်။မြန်မာမှုပြုလိုက်သူကပဲ ပြင်ထားတာလား နဂိုဆော့ဝဲကဖြစ်တာလားသိရအောင်မြန်မာမှုကော မူရင်း apkကောထည့်ပြီးအမျိုးမျိုးစမ်းသပ်ကြည့်ပြီးပါပြီ။
ဘယ်လိုစမ်းစမ်းအဖြေကဒီအတိုင်းမို့ 2.0 ဗားရှင်းကိုပဲပြန်ချပြီးသုံးရတာပေါ့။ဟော ဟိုနေ့ကလုလင်ပျိုဖုန်းနဲ့အင်တာနက်ဝင်တော့ zapya 2.1 us ဗားရှင်းအသစ်ထွက်တာတွေ့လို့ဆွဲပြီးသုံးကြည့်တာ cn ဗားရှင်းလိုမဖြစ်အသုံးတည့်တာမို့ Android လုလင် ပရိတ်သတ်များလည်းအဆင်ပြေစေရန်အလို့ငှါ ခု zapya 2.1(us) ဗားရှင်းလေးကိုတင်ပေးလိုက်ပါတယ်ခင်ဗျာ။
အသုံးပြုလိုသူများအောက်မှာ Download ချပါခင်ဗျာ။
Download
============
Tags:
ဆော့ဝဲ