ဖူးစာရှင်နဲ့နီးစပ်နိုင်ခြေ မြားနတ်မောင်ဆီမှာအဖြေရှာကြမယ်







ကဲ ချစ်သူရည်းစားရှိကြတဲ့ Android လုလင် ပရိသတ်​ ကိုကို မမ ညီ ညီမ များ ကိုယ့်ချစ်သူနဲ့နီးစပ်နိုင်ခြေဘယ်လောက်ရှိတယ်ဆိုတာသိချင်တယ်ဆိုရင်တော့ ဒီ app လေးသာမသွားလိုက်ပါ။
Application မှာတော့ ဖူးစာရှင်ရှာကြမယ်တဲ့နော်။
ဒါပေမယ့် လုလင်ပျို သုံးကြည့်တော့ ဖူးစာရှင်ရှာတာမဟုတ်ပဲ ကိုယ့်ချစ်သူနဲ့နီးစပ်နိုင်ခြေကြည့်တာဖြစ်နေတာမို့ ခေါင်းစဉ်ကို appနဲ့ဆီလျော်အောင်ရေးလိုက်တာပါ။
app ရဲ့ပြုလုပ်ထားချက်က ​ဗေဒင်​ နဲ့ ခပ်ဆင်ဆင်ဆိုပေမယ့် ဒီ app မှာတော့ ဘယ်ဗေဒင်ဆော့ဝဲနဲမှမတူတဲ့ လက်ဗွေရာ ယူတဲ့ printer ရဲ့ သစ်ဆန်းတဲ့ခံစားမှုကိုရစေမှာပါ။
ဒီအချက်လေးကပဲ လုလင်ပျို ကိုဆွဲဆောင်သွားစေခဲ့တာမို့ဆက်ပြီး run ကြည့်လိုက်တော့


  

  

  



အဖြေကတော့ အားရကျေနပ်စရာပဲနော် ခ်ခ်
ကဲ App ရဲ့ screenshot ကိုအပြည့်အစုံဖော်ပြပေးပြီးပြီမို့ app အသုံးပြုနည်းကိုရေးစရာလိုမယ်မထင်တော့ပါဘူးနော်။
အဲ ဒါပေမယ့် ပြောစရာလေးတစ်ခုတော့ရှိပါတယ်ဗျာ။
ဒီဆော့ဝဲကဗေဒင်ဆော့ဝဲလေးမို့
ဗေဒင်​ ဆိုတာကိုအပြည့်အ၀ကြီးမယုံစားမိစေဖို့ပြောချင်တယ်ဗျာ။
ကိုယ်မေးလိုက် တွက်လိုက်တဲ့အဖြေ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ တအားကြီးစိတ်ထဲနှစ်မထားမိစေနဲ့နော်။
အဲလိုမှမဟုတ်ပဲ ဟာ ငါတွက်လိုက်တာအဖြေကဒီလိုကြီးထွက်လာတယ်ဆိုပြီး မအိပ်နိုင်မစားနိုင် တမှိုင်မှိုင်တထွေထွေ ဖြစ်နေမယ်ဆိုရင်တော့ အဲဒီလူက ပျော့ညံ့တဲ့လူစာရင်းထဲဝင်သွားလိမ့်မယ်နော်။
လုလင်ပျို တို့ရဲ့ ဗုဒ္ဓမြတ်စွာဘုရားဟောထားတာက ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ် မကောင်းတာလုပ်ရင် အဆိုးဖြစ်မယ်။စိတ်သာရှင်စော ဘုရားဟော တဲ့နော်။
ဘယ်အရာကိုမှအစွန်းမရောက် တယူသန် စိတ်မထားပဲ မဇ္ဇိုမပဋိပဋာ ဆိုတဲ့အလယ်အလတ်လမ်းစဉ်နဲ့ အရာရာကိုဆင်ခြင်တွေးတောနိုင်ရလိမ့်မယ်နော်။
အဲ အဲ ​ဗေဒင်​ ကိုတအားမယုံစားဖို့ပြောတာဘယ်တွေရောက်ကုန်ပါလိမ့်။
ဆောရီးနော် လုလင်ပျို က အဲလိုပဲ အရစ်ရှည်စကားများတတ်တယ်။ခိခိ။
ကဲ ဖူးစာရှင် ဆိုတဲ့ဆော့ဝဲကို အောက်မှာယူစေဗျာ။

download ဖူးစာရှင်

1 Comments

ဝင်ရောက်ဖတ်ရှုပေးကြသော သူငယ်များအားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com
https://www.facebook.com/shine.tun.1
သို့ဆက်သွယ်နိုင်ပါတယ်။

  1. ကိုလုလင်ခင်ဗျာ samsung zawgyi enabler apkက မြန်မာစာပြောင်းသွားတဲ့သတင်းကြားလိုလာမေးတာပါအကိုလုလင်ဆီမှာရှီလား myanmarmobileappက download ဆွဲလိုရတယ် ဒါပေ့မယ့် install အလုပ်လိုမရဘူး parse error ပေါ်နေတယ် ကူညီပါအုံးနော် အကိုလုလင်

    ReplyDelete
Previous Post Next Post

Contact Form