Android လုလင် ဘလော့ တစ်နှစ်ပြည့် အမှတ်တရ ကိုယ်တိုင်ပြုလုပ်ချက် အသုံးဝင် app များ မိတ်ဆက်ခြင်း



Android လုလင် ကိုဖတ်ရှုအားပေးနေကြသော သူငယ်ချင်းများအားလုံး မင်္ဂလာပါ။



Android လုလင်  ဘလော့ကို လုလင်ပျိုရဲ့ ကိုယ်တိုင်ရေးပို့စ်များနဲ့တကွ အွန်လိုင်းပေါ်မှာ တွေ့ရှိသမျှ android ဖုန်းနဲ့ ပတ်သက်တာတွေကို တစ်နေရာတည်းမှာလေ့လာနိုင်ရန်
Android  အသုံးပြုသူရောင်းရင်းများ အဆင်ပြေနိုင်စေရန် တည်ထောင်ထားခြင်းဖြစ်ပါတယ်။
ဒီနေ့ 12.08.2013 မှာ Android လုလင် ဘလော့ကို တည်ထောင်တာ တစ်နှစ်တင်းတင်း ပြည့်ပါပြီ။
ဒီတော့ ပြုလုပ်နေကြအတိုင်း အမှတ်တရနေ့မှာ အလန်းလေးတွေ တင်ပေးနေကြထုံးစံအတိုင်း ဒီပို့စ်လေးကို ရေးသားလိုက်ရပါတယ်။

မန်ဘာဝင် 200 ပြည့် ပိုစ့်တုန်းက စာလေးတွေ နဲနဲ ထပ်ထည့်မယ်နော် ဟိ ဟိ ဟိ
ဒီပို့စ်လေးကို ဆက်မရေးခင် စကားလေးနဲနဲလောက်ရစ်(ပြော)မယ်နော်။  :>300
အွန်လိုင်းပေါ်မှာဘလော့ဆိုဒ်တွေအများကြီးရှိပါတယ်။
သေချာတာတစ်ခုက ဘလော့ဂါတိုင်းဟာ နည်းပညာ ဗဟုသုတ အစရှိတာတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ အချိန်ကုန်ခံငွေကုန်ခံ အိပ်ရေးပျက်ခံ အမေဆူခံ(လုလင်ပျိုလိုပေါ့) အဲလိုလေးတွေနဲ့ ဖတ်ရှုမည့် ရောင်းရင်းသူငယ်ချင်းများအားလုံး အဆင်ပြေချော့မွေ့နိုင်ရေး နည်းပညာတွေ အတတ်ပညာတွေကို ကိုယ်ကျိုးကိုမငဲ့ပဲ မျှဝေပေးနေသူတွေချဉ်းပါ။
လုလင်ပျို အဓိကပြောချင်တာက ဖတ်ရှုသူရောင်းရင်း သူငယ်ချင်းများ အနေနဲ့ ပို့စ်တစ်ပုဒ်ကိုဖတ်ရှုပြီးတဲ့အခါ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေ comment လေးတစ်ခုတော့ ပေးစေလိုပါတယ်။
ဘလော့ဂါတိုင်းဟာလည်း ကွန်မန့်တစ်ခု စာတစ်ကြောင်းလေး ကိုယ့်ဘလော့မှာ ရရှိတာကို ၀မ်းသာပီတိ နဲ့ ပီတိကိုစား အားရှိ နေကြသူတွေချဉ်းပါ။
ထိုနည်းသူ လုလင်ပျို ကလည်း
ဘ၀တိုတိုမှာ အရသာချိုချိုခံစားချင်တာ လူသား ဆိုတဲ့ ဆောင်ပုဒ်လေးနဲ့အညီ ကိုယ်ပြောပြပေးလိုက်တဲ့ ပိုစ့်တစ်ခု ကိုယ်မျှဝေပေးလိုက်တဲ့ ပိုစ့်တစ်ပုဒ်မှာ အဆင်ပြေသွားကြတယ်ဆိုရင် ၀မ်းသာပီတိ နဲ့ ပီတိကိုစား အားရှိ နေသူပါ။
ထပ်ပြီးတော့ ရစ်ရအုံးမယ်ဆိုရင်
ယနေ့ အွန်လိုင်းလောကမှာ အွန်လိုင်းသုံးသူ တစ်ဦးမှာ ဂျီမေးလ်အကောင့်တစ်ခုတော့ရှိတယ်ဆိုတာ မြေကြီး လက်ခပ်မလွဲပဲနော်။
ဘာလို့ဒါကိုပြောနေရတာလဲဆိုရင် ဘွင်းဘွင်းနဲ့ရှင်းရှင်းပြောရမယ်ဆိုရင် မန်ဘာဝင်စေချင်လို့ပါ။
ဒါကလည်း ပီတိတစ်ခုပါပဲဗျာ။တစ်နေ့အွန်လိုင်းတက်ရင်
ကိုယ့်ဘလော့ကိုယ် အရင်ဖွင့်ကြည့် မန်ဘာဝင်တိုးလာလား ဘယ်လောက်ရှိပြီလဲ???
ဘယ်သူတွေကွန်မန့်ပေးသွားကြသေးလဲ ကြည့်ရတာ အမောပါ။  :>303
လုလင်ပျိုအပါအ၀င် ဘလော့ဂါ အားလုံးဟာ ကိုယ်ကျိုးကို မငဲ့ ငွေကုန်ခံ အချိန်ကုန်ခံနေကြပေမယ့် ကိုယ့်အတွက်ရစေလိုဆိုတဲ့စိတ် မရှိတဲ့အပြင် ဘာပိုက်ဆံမှလည်း မရကြပါ။
အချုပ်အားဖြင့်ပြောရရင်
ဖတ်ရှုသူရောင်းရင်း သူငယ်ချင်းများ အနေနဲ့ ပို့စ်တစ်ပုဒ်ကိုဖတ်ရှုပြီးတဲ့အခါ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေ comment လေးတစ်ခုတော့ ပေးစေလိုပါတယ်။
နောက်ပြီး မန်ဘာလေးတော့ဝင်ခဲ့ပေးစေချင်ပါတယ်

မန်ဘာဝင်နည်း
အပေါ်က ၀ါသနာတူသူငယ်ချင်းများ မန်ဘာဝင်ရန် join this site ကိုနိုပ်ပြီး google ကိုရွေးပြီး မိမိ gmail နှင့်မန်ဘာဝင်ပါ ဆိုတဲ့ဘောက်က
join this site ကိုနိုပ်ပါ
google ရွေးပါ
နောက်တစ်page မှာ log in နဲ့ pasword ထည့်ပါ
sign in နိုပ်ပါ
နောက်တစ်page မှာ name မှာ နာမည် ပြင်ချင်ပြင်
photo မှာ ပုံပြင်ချင်ပြင်
ပြီးရင် Follow this blog ကိုနိုပ်ပါ
နောက်တစ်page ရောက်ရင် done ကိုသာ နိုပ်လိုက်ပါ။

ကွန်မန့်ပေးနည်းကတော့
အရင်ဆုံး browser မှာ gmail အကောင့် တစ်ခုဝင်ထားပါ။(အရင်ဝင်ထားရင် အဆင်ပြေပါတယ်)
ပြီးရင်
ကွန်မန့်ရေးပါ
ကွန်မန့်ပေးမဲ့ ပို့စ်က ဘောက်အောက်က Comment as: မှာ google ကိုရွေးပါ။
ပြီးရင် Publish ကိုနိုပ်ပါ။
ပြီးပြီနော်။
ကျေးဇူးတင်ပါတယ် ဟဲ ဟဲ  :>300 :>300 :>300
လူစုနေတာနော် (ပီတိလေးတွေပေါ့)နောက်လာမဲ့ မန်ဘာဝင် 300 ပြည့်ရင်လည်းအခုလို အလန်းစားလေး တင်ပေးအုံးမှာလေ။  :>28 :>28 :>28

ကဲ ခေါင်းစဉ် တင်ထားတဲ့ တစ်နှစ်ပြည့် အမှတ်တရ ကိုယ်တိုင်ပြုလုပ်ချက် အသုံးဝင် app များ မိတ်ဆက်ခြင်း ကိုစပါတော့မယ်ဗျာ
ကျေးဇူးပြု၍ အောက်ဆုံးထိ ဖတ်ကြပါနော်။
ဒီလိုပါ
လုလင်ပျိုတို့ ဖုန်းမှာ ဂျီမေးလ် ၊ facebook တွေ  password ချိန်းတဲ့ အခါ browser ဖွင့်ရ လင့်ထည့်ရ ဟိုဒင်းကိုသွား ဟိုဟာ နိုပ်ရနဲ့ အလုပ်ရှုပ်တယ်ဗျာ။
facebook မှာတော့ setting ဆိုတာ ပါသားပဲ
ဒါပေမယ့် facebook ဆော့ဝဲ လေး mpt ကွန်နက်ချင်က လိပ်ဘိုးအေ ဖြစ်နေတော့ သွားချင်တဲ့နေရာ မြန်မြန် မသွားနိုင်ဘူးလေ။
အဲဒီတော့ လုလင်ပျိုက စိတ်ကူးတစ်ခု ရတာနဲ့ ခု ဖုန်းကနေ password ချိန်းတဲ့ နေရာတွေ ကိုတိုက်ရိုက်သွားနိုင်မယ့် ဆော့ဝဲလေးတွေ လုပ်ထားပါတယ်။

ဒါက Gmail password ချိန်းဖို့ပါ



 password ချိန်းနည်းကိုတော့ ထွေထွေထူးထူး မပြောတော့ဘူးနော်
ဆော့ဝဲ ကိုအရင်ဆုံး ဖွင့်တဲ့ အခါမှာတော့ username နဲ့ လက်ရှိ password ရိုက်ပြီး ၀င်ရမယ်နော်။
password ချိန်းတဲ့ဆော့ဝဲ မို့လို့ ကိုယ့်မှာ ဂျီမေးလ် တစ်ခုထက်မက ရှိတယ်ဆိုရင် နောက်အကောင့်တွေလည်း ချိန်းချင်ရင် ချိန်းလို့ရနိုင်အောင်လို့ stay signed in ကိုအမှန်မခြစ်ထားနဲ့ပေါ့နော်။
အမှန်ခြစ်လိုက်မိလည်း ဘာဖြစ်လဲ setting>>>applications>>>manage applications ကနေ ဒီဆော့ဝဲလေးကို force close နဲ့ clear data လုပ်ပြီး ဆော့ဝဲပြန်ဖွင့် နောက်တစ်ခု ထပ်ချိန်းပေါ့ ရပါတယ်။

ဒါကတော့ လက်ရှိသုံးနေတဲ့ facebook password ပြန်ချိန်းဖို့အတွက်ပါ
rechange facebook password လို့ အမည်ပေးထားပါတယ်။

လုပ်ဆောင်နည်းတွေက အပေါ်က ဂျီမေးလ် အတိုင်းပဲနော်။

ဒါကတော့ မေ့နေတဲ့ facebook password ကို reset ပြန်လုပ်ဖို့အတွက် အကောင့်ထည့် နာမည်ရှာပြီး code တောင်း ပြန်ပြောင်းတဲ့ ဆော့ဝဲပါ


facebook password ကို reset ပြန်လုပ်ဖို့အတွက် အကောင့်ထည့် နာမည်ရှာပြီး code တောင်း ဂျီမေးလ်သွား ပေးထားတဲ့လင့်နိုပ် code ထည့်  ပြန်ပြောင်းတဲ့
အိုကေတယ်နော်
မမှတ်မိတဲ့ password ပြန်ရအောင် လုပ်နည်းပါ ပြောလိုက်ပြီနော်။

ကဲ သုံးခုလုံး နမူနာတွေ ပြပြီးပြီဆိုတော့ အောက်မှာ လိုချင်တာတွေ ဒေါင်းပေါ့ဗျာ
ဒါက နံပါတ်တစ် ဖြစ်တဲ့ ဂျီမေးလ် ပတ်ဝေါ့ပြောင်းတဲ့ဆော့ဝဲ 
ဒါက နံပါတ်နှစ် ဖြစ်တဲ့ facebook ပတ်ဝေါ့ပြောင်းတဲ့ဆော့ဝဲ  
ဒါက နံပါတ်သုံး ဖြစ်တဲ့ facebook ပတ်ဝေါ့ reset ပြန်လုပ် ပြောင်းတဲ့ ဆော့ဝဲ

အဲ မပြီးသေးဘူးနော် ဘလော့ဂါတွေအတွက် တစ်ခုလုပ်ထားတာ ကျန်သေးတယ်
ဒီလိုပါ ဖုန်းအတွက် blogger.apk ဆိုတာ google ကလုပ်ထားပေတဲ့ သီးသန့်ဆော့ဝဲရှိပေမယ့်
ကိုယ်ဘယ်နေ့မှာ ဘာတွေ ကြိုတင်ထားတယ်ဆိုတာတွေ ကြည့်ရာမှာ ခက်ခဲတာမို့
အခုဆော့ဝဲလေး လုပ်ထားပါတယ်။
blogger ကို ကွန်ပြူတာ အတိုင်း ဖုန်းမှာ သုံးလို့ရအောင်ပေါ့ဗျာ။


ဒီလောက်ဆို မြင်သာ ထင်သာ ရှိလောက်ပြီ ထင်တယ်နော်။
ဒီဆော့ဝဲ သုံးချင်ရင်တော့ ဒီမှာယူနော်

အခုလုပ်ထားတဲ့ ဆော့ဝဲအားလုံးကို refresh လုပ်နိုင်မဲ့ button ထည့်ထားပေးတယ်။
reload အလုပ်လုပ်နေတဲ့ အချိန်မှာ screen ကိုအမှောင်ချထားပေးတယ်နော်။
ဒီလိုလုပ်ထားခြင်းအားဖြင့် reload ပြီးတာနဲ့ တန်းမြင်ရတဲ့ အကျိုးကျေးဇူး ရပါတယ်။

adf.ly ကနေ ဒေါင်းနည်းကို ဘေးက sidebar မှာလည်း ထည့်ထားပေးပါတယ်။
ဒီမှာလည်း ထပ်ပြောပါမယ်။
** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။ ** အဆင်ပြေပါစေဗျာ။





ပြီးပါပြီ။
ဒီအထိ ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်နော် ။


** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။ ** အဆင်ပြေပါစေဗျာ။

Original from: http://androidlulin.blogspot.com/2013/07/android-200_9.html
မူလစာရေးသူ -->>android လုလင်

3 Comments

ဝင်ရောက်ဖတ်ရှုပေးကြသော သူငယ်များအားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com
https://www.facebook.com/shine.tun.1
သို့ဆက်သွယ်နိုင်ပါတယ်။

  1. ကျေးဇူးတင်ပါတယ် အကို နောင်လည်းဒီထက်မက အောင်မြင်ပါစေအကို

    ReplyDelete
  2. အကုန်​ဆွဲသွားပျြီဗ ​ကျေးဇူးတင်​ပါတယ်​ ​နေက်​လည်း​ဒိထက်​မကေ​အောင်​မြင်​ပါ​စေအကို

    ReplyDelete
  3. စာဖတ်မိပါတယ်ဗျာ တကယ်လေးစားပါတယ် ၀ါသနာတူချင်းမို့လည်း ပိုပါတယ် အားပေးလျှက်ပါ ပီးတော့နောက် နော့ ဆိုဒ်မှာ ဒီကဟာတွေကို share လပ်ခွင့်ပြုပေးပါ အရင်ခွင့်လားတောင်းပါတယ်ဗျ အကို လုလင်ပျို အောင်မြင်ပစေ

    ReplyDelete
Previous Post Next Post

Contact Form