Flash Gordon v1.2 for Android (Flash Zips WITHOUT a Recovery)


Android ဖုန်းကလိနေကျသူတွေကြိုက်နှစ်သက်မယ့် application တစ်ခုပါ။ ဘာအသုံးဝင်လဲဆိုတော့ Flashable Zip တွေကို Clock WorkMod Recovery ကနေ၀င်ပြီး သွင်းစရာမလိုဘဲ flashable zip ဖိုင်ကို ဖုန်းရဲ့ SD Card ထဲထည့် ဒီဆော့ဝဲထဲဝင် ပြီးရင် ခုနကတုန်းကထည့်ထားတဲ့ zip ဖိုင်လေးကို ဒီဆော့ဝဲထဲကနေရွေးပေးပြီး “Flash Now” နှိပ်လိုက်ရုံပါပဲ။ Flashable zip ဖိုင်မှန်သမျှကို ဒီဆော့ဝဲအသုံးပြုပြီး flash နိုင်ပါတယ်။ ဒီဆော့ဝဲလေးရဲ့နာမည်ကတော့ Flash Gordon လို့ခေါ်ပါတယ်။ Flash Gordon ဆော့ဝဲလေးကိုအသုံးပြုဖို့အတွက်ဖုန်းက Root လုပ်ထားဖို့တော့လိုပါတယ်။ လက်ရှိ version မှာတော့ Custom ROM zip ဖိုင်တွေတော့မရသေးပါဘူး ။ နောင် version တွေကျရင်တော့ Custom ROM တွေကိုတောင် Recovery ထဲဝင်စရာမလိုဘဲ ဒီ ဆော့ဝဲလေးသုံးပြီး သွင်းလို့ရမယ့်အနေအထားပါပဲ။ လက်ရှိ မြန်မာစာကို Custom Recovery ကနေ flash လုပ်နိုင်အောင် ပြုလုပ်ပေးထားကြတဲ့ မြန်မာဖောင့် zip ဖိုင်လေးတွေလည်းရှိနေတာကြောင့် ဒီဆော့ဝဲနဲ့ဆို အဆင်ပြေပါတယ်။ Flash Gordon v1.2 for Android ကိုအောက်က link မှာရယူနိုင်ပါတယ်။

Download Here:


Mirror link:
Flash Gordon v1.2 for Android (Link 1)
Flash Gordon v1.2 for Android (Link 2)



Credit To : http://www.myanmarmobileapp.com

ဝင်ရောက်ဖတ်ရှုပေးကြသော သူငယ်များအားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com
https://www.facebook.com/shine.tun.1
သို့ဆက်သွယ်နိုင်ပါတယ်။

Previous Post Next Post

Contact Form