android ဖုန်းဆိုင်ရာ အမေးနဲ့အဖြေစုံ(11)

Samsung Galaxy S ဖုန်းကို Android OS Version 4.0.4 ကိုမြှင့်တင်လိုက်တာ ဖုန်းက Security စနစ်တွေ ဘာမှအသုံးပြုလို့ မရတော့ဘူးဖြစ်နေပါတယ်။ အဲဒါဘာကြောင့်ပါလဲ။ ဘယ်လိုလုပ်ရင် Security စနစ်တွေကို အသုံးပြုလို့ ရနိုင်ပါမလဲ။ Screen Lock စနစ်တွေနဲ့ အခြား Screen Pattern Lock, Screen Pin Lock စနစ်တွေ ဘာကိုမှ အသုံးပြုလို့မရဘူး ဖြစ်နေပါတယ်။ ပြီးတော့ ဖုန်းထဲမှာအစက Proximity Talk ဆော့ဖ်ဝဲကို အသုံးပြုထားပါတယ်။ ဗားရှင်းတင်လိုက်ပြီးတော့ ဒီဆော့ဖ်ဝဲက အသုံးပြုလို့မရတော့ဘူး ဖြစ်နေပါတယ်။ ဆော့ဖ်ဝဲကို ဖွင့်လိုက်တာနဲ့ ဖုန်းက ဟန်းနေပါတယ်။ အဲဒါဘာကြောင့်ပါလဲ။

Samsung Galaxy S ဖုန်းကို ICS တင်လိုက်ရုံနဲ့ ဒီလိုဖြစ်သွားတယ်ဆိုရင်တော့ ဒါက ဖုန်းနဲ့မသက်ဆိုင်ပါဘူး။ ဖုန်းထဲကို ထည့်သွင်းလိုက်တဲ့ OS ရဲ့ဗားရှင်း ဒါမှမဟုတ်ရင် OS ရဲ့ Error အစရှိတဲ့ အချက်တွေနဲ့ပဲ သက်ဆိုင်နိုင်ပါတယ်။ ICS ရဲ့ အချို့ဗားရှင်းတွေမှာ ဒီလိုမျိုးတွေရှိတတ်သလို အချို့ဖုန်းတွေမှာဆိုရင်လည်း ICS နဲ့ လုံးဝအဆင်မပြေတာမျိုး တွေ့ရတတ်ပါတယ်။ အချို့ Samsung Galaxy SII ဖုန်းအချို့မှာလည်း ဒီလိုပြဿနာမျိုးကို မြင်ဖူးပါတယ်။ ဖုန်းရဲ့ Screen Lock စနစ်တွေကို ဘယ်လိုမှ အသုံးပြုလို့မရတော့ဘဲနဲ့ ဖုန်းက Security စနစ်တွေ အလုပ်မလုပ်တာမျိုး ရှိပါတယ်။ ဒါ့အပြင် ဖုန်းမှာ ဒီလိုဖြစ်နေတယ်ဆိုရင် ဖုန်းကို ပါဝါပိတ်ကြည့်လိုက်ပါ။ ပါဝါပိတ်တဲ့အချိန်မှာ Android OS ဖုန်းတွေရဲ့ထုံးစံအတိုင်း Airplain Mode လုပ်မလား၊ Silent Mode လုပ်မလား၊ ပါဝါပိတ်မလား အစရှိသဖြင့် မေးတာမျိုး မတွေ့ရတော့ဘဲ YES or NO မရှိတော့ဘဲ တိုက်ရိုက်တန်းပြီး ပါဝါပိတ်သွားတာမျိုး ဖြစ်တယ်ဆိုရင်တော့ ဒါက OS နဲ့ဖုန်းနဲ့က အဆင်မပြေလို့ဖြစ်နေတယ်ဆိုတာ သေချာပါပြီ။ ဒါဆိုရင်တော့ နောက်ထပ် ICS OS Version အသစ်တစ်ခုကို ပြောင်းလဲအသုံးပြုသင့်ပါတယ်။ ဒါမှပဲ ကိုယ်အသုံးပြုချင်တဲ့ စနစ်တွေကို အကောင်းဆုံး အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Proximity Talk ဆော့ဖ်ဝဲကို အသုံးပြုလို့ မရတာကလည်း OS နဲ့ဖုန်းနဲ့ အဆင်မပြေလို့ဖြစ်တဲ့ OS Error ကြောင့် ဖြစ်နိုင်ပါလိမ့်မယ်။ အချို့ OS တွေမှာ ပြင်ပကနေ ထည့်သွင်းအသုံးပြုတဲ့ဆော့ဖ်ဝဲ Application တွေကို အသုံးပြုလို့မရတဲ့ အခက်အခဲတွေလည်း ရှိပါတယ်။ ဒါမျိုးကတော့ အများစုအနေနဲ့ Custom ROM တွေမှာပဲ အဖြစ်များတတ်ပါတယ်။ Official ROM တွေမှာတော့ ဒီလိုအဖြစ်မျိုး ရှားပါတယ်။

ရေးသားသူ -ကိုသက်

ဝင်ရောက်ဖတ်ရှုပေးကြသော သူငယ်များအားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com
https://www.facebook.com/shine.tun.1
သို့ဆက်သွယ်နိုင်ပါတယ်။

Previous Post Next Post

Contact Form