Android Google Play Store ကို VPN အသုံးပြုပြီးဖွင့်ခြင်း

Android Google Play Store ကို VPN အသုံးပြုပြီးဖွင့်ခြင်း
 အကြောင်းကိုကျွှန်တော် ရှယ်ပေးပါ့မယ်...
Android Google Play Store  အစုံလင်ဆုံးနဲ့ အကောင်းဆုံးတစ်ခုဖြစ်နေလို့ပါ။ သူ့ကိုလွယ်လွယ်ကူကူချိတ်ဆက်မရတာပါဘဲ။
ကျွန်တော်တို့ကတော့အရမ်းကို Play store ကိုသုံးချင်နေတာပါ။ Android ဖုန်းမှာကလည်းအမျိုးအစားအမျိုးမျိုးလာသလို Hardwares တွေကလည်းအမျိုးမျိုး Firmwares တွေကလည်းမတူတော့လုပ်နည်းလုပ်ဟန်တွေတော့ကွဲပြားပါတယ်။




၁. Google Play Store ကိုအသုံးပြုရန်ပထမဆုံး Root လုပ်ထားသောဖုန်းဖြစ်ရပါမယ်
၂. Market Unlocker ရိုးရိုး ဒါမှမဟုတ် Market Unlocker Pro တစ်ခုခုကိုသွင်းထားရပါမယ်
၃. VPN (Virtual Private Network) သုံးရန်အတွက် oneclickVPN.apk ကိုသွင်းရပါမယ်
    OneclickVPN application ကနှစ်မျိုးရှိပါတယ် တစ်မျိုးကတော့ 2.3.3 Gingerbread နဲ့ ICS 4.0+ ဖြစ်ပါတယ်။
၎. Google Playstore ကို update လုပ်ထားရင်တော့ပိုကောင်းပါတယ်။
 Google Playstore apk ဖိုင်ကအပြင်ကရှာပြီးသွင်းရမှာပါ။ အရင်ကတော့ Market လို့ခေါ်ပြီး နောက်တော့ playstore ဖြစ်သွားတာပါ။ Playstore သုံးလို့ရတဲ့နိုင်ငံတွေမှာ အလိုအလျှောက် Market ကို playstore လို့ update လုပ်သွားပါတယ်။ ကျွန်တော်စမ်းကြည့်တဲ့ဖုန်းတွေမှာတော့ update မဖြစ်ဘဲသုံးရနေပါတယ် ဒါပေမယ့်သုံးရတာနည်းနည်းနှေးနေပါတယ်။
 ပထမဆုံးအနေနဲ့ oneclickVPN ကို install လုပ်လိုက်ပါမယ်။ ပြီးရင်ဖွင့်လိုက်တဲ့အခါမှာတော့ OneclickVPN website ကိုသွားပါလို့ညွှန်ပါလိမ့်မယ်။ website ကိုမသွားခင်မှာ ပထမဆုံး User name and password ကိုပထမဆုံးပြပါမယ် သေသေချာချာမှတ်ထားပေးရပါမယ်။စာလုံးမှားသွားရင်ချိတ်ဆက်လို့မရတော့ပါ။ သူ့ Application  Websites မှာသုံးချင်တဲ့နိုင်ငံတွေနဲ့ IP တွေကိုပြပေးထားပါတယ်။ ဖတ်ပြီးရင်တော့ အဆင်ပြေတဲ့ဟာလေးတစ်ခုရွှေးသုံးတာပေါ့။ ကျွန်တော့်ဖုန်းမှာတော့ ip-us.vpnoneclick.com ကတော့ချိတ်ဆက်တာမြန်တယ် ကျန်တာတွေကတော့နှေးတယ်ချိတ်ဆက်ပေမယ့်အလုပ်သိပ်မလုပ်နိုင်ဖြစ်နေပါတယ်။ ဒီစာတွေကိုတော့ ဖုန်းရဲ့ setting ထဲက more... ထဲက VPN ကိုဖွင့်ပြီးရင် Security ကိုမဖြစ်မနေဖုန်းကထည့်ခိုင်းပါတယ် Pattern Lock ရော Password ပါပေးရပါမယ် ပြီးရင် Add VPN network ကိုရွှေးပေးပြီး Wesite ထဲက ကိုယ်သုံးချင်တဲ့ VPN ကိုဖြည့် အရင်ကပေးထားတဲ့ user name password ကိုဖြည့်ပေးပြီးရင် connect လုပ်လိုက်ပါ Noti ဘားမှာသော့ပုံလေးပေါ်ပြိးချိတ်ဆက်နေတာပြပါလိမ့်မယ်။ ပြီးရင်တော့ market unlocker ကိုဖွင့်ပြီး unlock market ကို On ပေးလိုက်ပါ superuser ခွင့်ပြုချက်တောင်းရင်ပေးလိုက်ပါပြီးရင်တော့ Playstore ကိုဖွင့်လို့ရပါပြီ။ (ကျွန်တော်အခုသုံးနေတာ ICS 4.0.4 samsung Galaxy R မှာသုံးလို့ရတာကိုရေးထားတာပါ) 2.3.3 Gingerbread Firmwares user တွေကတော့ oneclickvpn application လေးဖွင့်ပြီးရင်အထဲက ကိုယ်သုံးချင်ကျော်ချင်တဲ့နိုင်ငံရွှေးပေးပြီးရင်သုံးလို့ရပါပြီ။ ICS မှာတော့မလုပ်နည်းနည်းရှုပ်သွားပါတယ်။ Google Playstore ကိုအဆင်ပြေပြေသုံးနိုင်ကျပါစေ။

1 Comments

ဝင်ရောက်ဖတ်ရှုပေးကြသော သူငယ်များအားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com
https://www.facebook.com/shine.tun.1
သို့ဆက်သွယ်နိုင်ပါတယ်။

  1. lovelovelovekiss@gmail.com
    လိပ်စာထားခဲ့ပြီး.တပည့်အဖြစ်လဲခံယူပါတယ်
    များများသင်ပေးပါနော်...

    ReplyDelete
Previous Post Next Post

Contact Form