Android စနစ်သုံးဖုန်းများ ဝယ်ယူရာတွင် သတိပြုရန် လိုအပ်လာ

ပြည်တွင်း ဈေးကွက်အတွင်းသို့ ဝင်ရောက်လာသည့် Android OS စနစ်သုံး ဟန်းဆက်များကို ဝယ်ယူအသုံးပြုလိုသူများ အနေဖြင့် သတိထား စစ်ဆေး ဝယ်ယူသင့်ကြောင်း  မိုဘိုင်းဖုန်းဆားဗစ် ပညာရှင်အချို့မှ သုံးသပ်ပြောကြားသည်။ “Android OS ဟန်းဆက်တွေကို ဝယ်တော့မယ်ဆိုရင်တော့ အရင်ဆုံး သူ့ရဲ့ဗားရှင်းနဲ့ Hardware အဆင်ပြေမပြေ စစ်ဆေးဖို့ လိုမယ်ဗျ။ Android System Info လိုဆော့ဖ်ဝဲကို ဖုန်းထဲထည့်ပြီး အထဲမှာပါတဲ့ CPU  တို့ ဘာတို့ကို စစ်ဆေးသင့်တယ်။ တချို့ဟန်းဆက်တွေဆို CPU Information ကို Block လုပ်ထားတာမျိုးတောင် ရှိတယ်။ ဟန်းဆက်မှာပါတဲ့ Android OS ကမြင့်ပြီး အထဲက Hardware ပစ္စည်းတွေက နိမ့်မနေမယ်ဆိုရင်တော့ အဆင်ပြေမှာ မဟုတ်တော့ဘူး” ဟု iTREND မိုဘိုင်းမှ ဆားဗစ်ပညာရှင်က အကြံပြု ပြောကြားသည်။



“ဝယ်မယ့်သူက ဟန်းဆက်အကြောင်း သိပ်နားမလည်ရင်တောင်မှ Touch စနစ်တွေ သွက်မသွက်၊ ၁၅ မိနစ်လောက် စမ်းသုံးသင့်တယ်။ ဥပမာ သီချင်းဖိုင်ကို Music Player ထဲက တိုက်ရိုက် ဖွင့်နားထောင်လို့ ရရဲ့လား။ File Manager ထဲကသွားပြီး ဖွင့်မှရတာလား ကြည့်သင့်တယ်။ ဟန်းဆက်ထဲကို ဒါမှမဟုတ် Memory  Card ထဲကို ဂိမ်းတွေ၊ Application တွေထပ်ထည့်ကြည့်ပြီး သုံးရ၊ ဆော့ရတာ အဆင်ပြေလား စစ်ဆေးကြည့်သင့်တယ်။ စပီကာတွေ ကောင်းမကောင်း စပီကာဖွင့်ပြီး ဖုန်းပြောကြည့်တာမျိုး၊ မြန်မာဖောင့်တွေ ထည့်လို့ရလား၊ WiFi စနစ်တွေရောရရဲ့လား ဆိုတာမျိုး တွေလောက်တော့ စစ်ကြည့်ပြီးမှ ဝယ်ယူသင့်တယ်” ဟု ဆားဗစ်ပညာရှင် ကိုဖြိုးလေးက ထပ်မံပြောကြားသည်။



“Android ဖုန်းမှာပါတဲ့ Angry Bird ဂိမ်းက ၁၀ ရက်လောက် ဆော့ကြည့်ပြီးတာနဲ့ ဖွင့်မရတော့လို့ ဆိုင်သွားပြတာ အသစ်ထပ်ထည့်လို့လည်း မရတော့ဘူး။ အဟောင်းလည်း ပြန်ဆော့လို့ မရတော့ဘူး။ ဆိုင်ကပြောတာက Android က အသေထည့်ထားတဲ့ဟာမျိုး ဖြစ်နေလို့ ဘာမှလုပ်လို့မရတော့တာလို့ ပြောတယ်” ဟု ဟန်းဖုန်းသုံးစွဲသူ တစ်ဦးက ပြောသည်။ မိုဘိုင်းဆားဗစ် ဆိုင်အချို့မှ တာဝန်ရှိသူများ၏ ပြောကြားချက်များအရ ယခုနောက်ပိုင်း ဝင်ရောက်လာသော ဖုန်းအချို့မှာ Android Themes များသာ တင်ထားသော ဟန်းဆက်များ ဖြစ်နေတတ်ပြီး ဂိမ်းများ ပျောက်ပျက်သွားခြင်း Touch စနစ်များ ချို့ယွင်းသွားခြင်းများ ဖြစ်တတ်ခြင်းကြောင့် ဝယ်ယူလိုသူများအနေဖြင့် အထူးသတိထား စမ်းသပ်ဝယ်ယူသင့်ကြောင်း အကြံပြု ပြောကြားသည်။

ဝင်ရောက်ဖတ်ရှုပေးကြသော သူငယ်များအားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com
https://www.facebook.com/shine.tun.1
သို့ဆက်သွယ်နိုင်ပါတယ်။

Previous Post Next Post

Contact Form