ငါတတ်ငါတော် ငါအကျော်ဟု၊ ငါသော်စိတ်ထား မရှိငြားလည်း၊ ငါကားငယ်ရွယ် ဥာဏ်မကြွယ်၍၊ အဘယ်သို့လျှင် အမှားစင်အံ့၊ အကြင်သူတော် ပညာကျော်သည်၊ ချွတ်ချော်လွဲမှား ငါ့စကားကို၊ စိတ်ထားဖွေးဖြူ ပြင်တော်မူ။
android လုလင်မှာ ရှာမှာလား
ဝါသနာတူသူငယ်ချင်းများမန်ဘာဝင်ရန် Join this siteကို နိုပ်ပြီးGoogle ကိုရွေးပြီးမိမိ gmail နဲ့ဝင်ပါ
Facebook page မှာ like လုပ်ပြီးကူညီကြပါနော်
Monday, December 1, 2014
IMEIမှာ invalid ဖြစ်သွားတာကိုဖြေရှင်းနည်းလေးပါ.
 သူငယ်ချင်းတို့ဖုန်းမှာ..
ကလိတာလွန်ပြီးerrorတက်တာမျိုးတွေရှိမှာပါ...
ခုကျွန်တော်ပြောပြချင်တဲ့အကြောင်းလေးက..
ကလိတာလွန်ပြီးမိမိတို့ရဲ့ဖုန်းnetwork ပျောက်ပြီး
IMEIမှာ invalid ဖြစ်သွားတာကိုဖြေရှင်းနည်းလေးပါ...
တကယ်လို့များကျွန်တော်ပြောသလိုဖြစ်သွားတယ်ဆိုရင်..ဆိုင်ကိုသွားပြတဲ့အခါအနည်းဆုံး 5000အထက်တော့ကုန်မှာပါ..အဲ့လိုမကုန်ရအောင်ကျွန်တော်နည်းလမ်းလေးတစ်ခုဘောက်ပြောပြပါမယ်...
1.ဖုန်းမှာကလိတာလွန်ပြီးnetworkပျောက်သွားတဲ့အခါအရင်ဆုံးIMEIစစ်ပေးပါIMEIစစ်နည်းကတော့အားလုံးနည်းပါသိကြလိမ့်မယ်ထင်ပါတယ်မသိလည်းထပ်ပြောပြလိုက်ပါတယ်...*#06#လို့ဖုန်းiconလေးကိုဖွင့်ပြီးရိုက်လိုက်ပါသက်ဆိုင်ရာIMEIတွေမပေါ်ပဲIMEIမှာ invalidဖြစ်နေပြီဆိုရင်တော့သေချာပါပြီIMEIပျောက်သွားပါပြီ..
2.ဖုန်းiconလေးကနေပဲ*#*#3646633#*#*လို့ရိုက်လိုက်ပါ...Telepholy.connectivityစသဖြင့်ပေါ်လာပါလိမ့်မယ်သိပ်မစဉ်းစားပါနဲ..
( ဒီနေရာမှာတစ်ခုပြောဖို့ကျန်ခဲ့ပါတယ်IMEIပျောက်သွားပေမယ့်ဖုန်းရဲ့batteryကိုချွတ်ပြီးကြည့်ရင်ပဲဖြစစ်ဖြစ်....ဖုန်းဝယ်တဲ့အခါပါလာတဲ့ဖုန်းရဲ့ဘူးခွံမှာပဲဖြစ်ဖြစ်IMEIနံပါတ်ကရှိပါတယ်...ဘော့ပင်နဲ့စာရွက်အလွတ်ကလေးတစ်ရွက်ယူပြီးကူးယူလိုက်ပါ)စောနကျွန်တော်ပြောသလို.telephony.connectivityပေါ်လာရင်connectivityခေါင်းစဉ်ရဲ့အောက်မှာCDS informationဆိုတာရှိပါတယ်..အထဲဆက်ဝင်လိုက်ပါ...ပြီးရင်radio informationထဲဆက်ဝင်လိုက်ပါ.
3.pbone.1;phone.2ဆိုပြီးပေါ်လာပါလိမ့်မယ်..
သိပ်မစဉ်းစားပါနဲ့phone.1ထဲဝင်လိုက်ပါ...အပေါ်ဆုံးမှာAT+ဆိုပြီးပေါ်လာပါလိမ့်မယ်..
တစ်ချက်နှိပ်လိုက်ပါ..
ပြီးရင်..EGMR1.7"စောနကူးယူထားတဲ့IMEIနံပါတ်"ရိုက်ထည့်လိုက်ပါ SEND ATကိုနှိပ်ကြည့်ပါ
Failဆိုပြီးပြပါလိမ့်မယ်...
4.နောက်ဆုံးအဆင့်ဘယ်မှပြန်မထွက်ပဲpower keyကိုကြာကြာနှိပ်ပြီး ဖုန်းကိုrebootဆင်းလိုက်ပါ...ပြန်တက်လာတဲ့အခါphone iconလေးကိုနှိပ်ပြီး..
IMEIနှိပ်ပြီးပြန်ဖော်ကြည့်ပါအဆင်ပြေနေတာကိုတွေ့ပါလိမ့်မယ်..အားလုံးအဆင်ပြေကြပါစေ..
ကျွန်တော်ပြောတဲ့နည်းလမ်းကလေးကကွန်ပျူတာမလိုroot acceptမလိုပဲလုပ်လို့ရတဲ့နည်းလမ်းလေးပါ..
အခြားနည်းလမ်းများစွာရှိမှာပါ..ဒီgroupထဲမှာကျွန်တော်ထက်တက်ကျွမ်းတဲ့ဆရာသမားတွေရှိမှာပါလေ့လာနေဆဲအဆင့်ဖြစ်သည့်အတွက်ကျွန်တော်ရှင်းပြတဲ့အထဲမှာလိုအပ်တာများရှိရင်ဆရာသမားများအနေနဲ့နားလည်ပေးဖို့..ကူညီပြီးဖြေရှင်းပေးကြဖို့တောင်းဆိုပါတယ်...
အားလုံးအဆင်ပြေကြပါစေ........... Credit: U Lay Gyi
အဆင်ပြေပါစေဗျာ။
 အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
 ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com သို့ဆက်သွယ်နိုင်ပါတယ်။
Sunday, November 30, 2014
အခြေခံမိုဘိုင်းဖုန်းError များနှင့် ဖြေရှင်းနည်းအကျဉ်းချုပ်များ (For Beginner)
အခြေခံမိုဘိုင်းဖုန်းError များနှင့် ဖြေရှင်းနည်းအကျဉ်းချုပ်များ (For Beginner)
ပထမဦးဆုံးပြောလိုတာကတော့ မိမိထင်ရာတွေသာရေးထားတာဖြစ်လို့ အမှားတွေပါနိုင်ပါတယ် ပြီးတော့ ခုမှစတင်မယ့်သူတွေအတွက်သာဖြစ်ပြီး ဆရာသမားတွေအတွက်ရယ်စရာလေးတွေသက်သက်ဖြစ်ပါတယ်
မိုဘိုင်းဖုန်းဟာဒ်ဝဲပိုင်းမှာတော့ ခဲဂေါက်၊ဟော့ဂမ်းစတဲ့အခြေခံကျတဲ့ကိုင်တွယ်မှုတွေကို မကြာခန လေ့ကျင့်ပေးခြင်းဖြင့် မိမိကျွမ်းကျင်မှုကိုမြင့်တင်နိုင်ပါတယ်။ ခဲဂေါက်မနိုင်ရင် တကယ်တမ်းလက်တွေ့လုပ်တဲ့အခါမှာ အခက်အခဲတွေကြုံတွေ့ရမှာဖြစ်တာမို့ပါ။
hardware သမားတစ်ယောက်ပြုလုပ်ထားရမှာတွေကတော့
1/ Basic Electronic Principles
2/ Reading layout diagram
3/ Using Hot Gun,PowerSupply & other hardware repair tool
4/ Hardware practical&general knowledge
5/chaning CPU,Power IC & Jumper
စသဖြင့်လေ့လာထားသင့်ပါတယ်။ ဒီapplication မှာ တစ်ခုချင်းစီရှင်းပြမယပို့စ် မဟုတ်ဘဲ မိမိအတွေ့အကြုံအရ အဖြစ်များတဲ့ hardware error တွေနဲ့ ဖြေရှင်းနည်းတွေကို အကျဉ်းချုပ် note သဘောရေးသားတင်ပြမှာဖြစ်ပါတယ်။ မိမိလက်တွေ့လုပ်ငန်းခွင်ဝင်တဲ့အခါများစွာ အသုံးဝင်မှာဖြစ်ကြောင်း အာမခံပါတယ်။
၁။ အားသွင်းခေါင်းဖြုတ်လျှင် အားသွင်းခေါင်းဘေးရှိ conponent R/C များကို လွှင့်မကျအောင် မီးခံတိပ်ကပ်ပြီး အပူ 300ံနဲ့လေအဆုံးထိတင်ကာ ပတ်ပတ်လည်ပြေးပေးပါ။မသောအခါတွင် ဆွဲမခြင်း မပြုရ။အထိုက်အလျောက်ကျွတ်ပါလာမည်ဖြစ်ပါသည်။
ထို့နောက် တင်နာဖြင့်ပြောင်အောင်ဆေးပေးပါ။ထို့နောက် အပေါက်ကလေးများကို ခဲဂေါက် ခဲစုတ်တံသုံးပြီး အပေါက်ပြန်ဖောက်ပြီး အားသွင်းခေါင်းအသစ်အား အံဝင်အောင်ချပြီး HOT Gun ၃၀၀ ဖြင့် ပတ်ပတ်လည် အပူပြေးပါ။ ခြေငုတ်ကလေးများကို စိအောင်သေချာအပူပေးပါ။မစိလျှင်အားမ၀င်ပါ။အားလုံးတပ်ဆင်ပြီးလျှင် တင်နာဖြင့်ပြန်ဆေးပါ။ သေချာအောင် အားသွင်းခေါင်းအသစ်ခြေထောက်ကလေးများကို ခဲလိုက်ပေးလိုက်ပါ။
၂။ ဘက်ထရီမကောင်းလို့ ရှော့ရိုက်မယ်ဆို supply ကို ဗို့အဆုံးထိတင်..အပေါင်းအနုတ်မှန်အောင်ချိတ် Shock ရိုက်ပေးပါ။ ဆယ့်ငါ့းစက္ကန့်လောက်ကြာရင် supply ကို 4.0 ဗို့ကိုပြန်ချိတ်ပြီး အားသွင်းပေးလိုက်ပါ။
၃။ Huawei 8812,8818,8825 တို့လို အပေါ်ဘုတ်နဲ့အောက်ဘုတ် နှစ်ကန့်ပါတဲ့ ဖုန်းတွေမှာ အားမ၀င်ခြင်း လိုင်းမတက်ခြင်း မိုက်မရခြင်း အယ်ရာများတပြိုင်နက်ဖြစ်ပေါ်လျှင် အပေါ်ဘုတ်နဲ့အောက်ဘုတ် ကို ဆက်ပေးသော ကြိုးပြားအားစစ်ပါ။ဆော့ကက်ငုတ်ကလေးများကောင်းမကောင်းစစ်ပေးပါ။အပေါ်အောက်ဆော့ကက်တပ်ဆင်ထားတာ မိ မမိ စစ်ပါ။
၎။ ဖုန်းခေါ်စဉ်မီးမှိတ်သွားပြီး ပြန်တက်မလာဘဲ တစ်ဖက်က ဖုန်းချမှပြန်လင်းလာပါက Sensor အား HotGun250ဖြင့်ဖြုတ်ချပါ။
၅။ Touch လဲလျှင် အဟောင်း Touch ကိုအရင်မခွာရပါ။ဆိုင်တွင်ဖုန်းဆက်မေးပြီးးလျှင် သွားစမ်းပါ။အားလုံးကောင်းပြီးဝယ်လာပြီးမှာ အဟောင်းကိုခွာချပ်။ Touch ပြန်ကပ်လျှင် လက်ရာများအားသေချာစွာပြန်သုတ်ပေးပါ။ သံဇကာပေါက်ကလေးအားလည်း ပြန်တပ်ဖို့မမေ့ပါနဲ့။
၆။ ပါဝါမလာသောဖုန်းများလင်အပ်လျှင် အားသွင်းကြိုးအရင်ထိုးကြည့်ပါ။ပါဝါနိုးလာလျှင် ခလုတ်အား တစ်ခက်စစ်ကြည့်ပေးပါ။အားသွင်းကြိုးထိုးလို့ ပါဝါလာသောဖုန်းသည် ခလုတ်ကြောင့်သာဖြစ်သည်။
၇။ earpiece, speaker အသံတိုးလျှင်အသစ်လဲပြီးလို့အသံတိုးနေလျှင် သံဇကာပေါက်အ၀တ်စလေးများအားခွာချလိုက်ပါ။အသံပိုကျယ်လာပါမည်။
၈။ ဆိုင်တွင် ဘက်ထရီ အားလုံးဝ ဒေါင်းနေလျှင်လည်း no power ဖြင့် လာအပ်တတ်သည်။ဘက်ထရီကို ရှော့ရိုက်လိုက်ပါ။
၉။ အထိုင်socket နဲ့တွဲပါလာသော Sim Card နှင့် Momory ကဒ်မဖတ်လျှင် ထိုင် ဆော့ကက်အထိုင်တို့အား ဆေးပါ။။မကောင်းမှအသစ်လဲပါ။
၁၀။ ဆင်းဒ်ကဒ်မဖတ်လျှင် ငုတ်ကျိုးမကျိုး စစ်ပြီး ငုတ်များအောက်သို့နိမ့်နေလျှင် အပေါ်သို့မတင်ပေးပါ။တင်နာဖြင့်ဆေးပါ။
၁၁။ ဖုန်းဘုတ်များပေါ်တွင် ချော်ရည်များ တင်နာများသုံးပြီးပြောင်းစင်အောင်မဆေးဘဲ ဟော့ဂမ်းဖြင့်ခြောက်သွေ့အောင် အပူမပေးလျှင် ဘုတ်ရှော့သွားတတ်သည် ။ မွဲကိန်းဆိုဒ်လာမည်။
၁၂။ Mic,Earpiece,Speaker များအသံတိုးသည်ပြောပါက volume ကိုထပ်ချဲ့စမ်းကြည့်ပါ။မရမှာhardware စစ်ပါ။အသံပိုင်းဆိုင်ရာဆော့ဝဲများကြောင့် တိုးနေခြင်းလည်းဖြစ်တတ်သည်။
၁၃။ လိုင်းမတက်လျှင် လိုင်းနှင့်ဆိုင်တဲ့ငုတ်ကလေးများကိုရှာပြီးတော့ jumper ကြိုးလေးများဖြင့်ဆက်ကြည်ပါ။တင်ငုတ် နှစ်ငုတ်...
၁၄။ ဟော့ဂမ်း ခဲဂေါက်စသည်တို့ကိုင်တွယ်မှုသည် ဟာဒ်ဝဲသမားရဲ့ အသက်ဖြစ်သည်။
၁၅။ ပါဝါမလာသောဖုန်းအားပြင်ရန် မည်သည့်နေရာမှ စပြင်ရန်စဉ်းစားမရပါက တင်နာဖြင့် ဘုတ်ကိုဆေးပါ။ ဆပ်လိုင်းချတ်ပါဝါပြန်နိုးပါ။
၁၆။ Touch, LCD များမကွဲမရှဘဲ ဆွဲမရ LCD မလာ တို့ဖြစ်နေပါက Touch /LCD socket များအား တင်နာဖြင့်ဆေး အထိုင်ကျအောင်ဖိချပေးပါ။မရမှသာ အသစ်လဲပါ။
၁၇။ Touch IC မှာ C3H လို့စာရေးထားပါတယ်။huawei 8813 ရဲ့ Touch ic သည် ဘယ်ဘက် ဆင်းဒ်အထိုင်ရဲ့အပေါ်မှာရှိသည်။Huawei 8818 ရဲ့ Touch Ic သည် နားကြပ်ငုတ်ရဲ့ အောက်ဘက်လိုင်းငုတ်ကလေး သုံးငုတ်ရဲ့ C3h ပါသောအိုင်စီဖြစ်သည်။8825 တွင် ဘယ်ဘက် ဆဒ်းအထိုင်ရဲ့ အပေါ်ဘက်တည့်တည့်တွင်မြင်ရသော အိုင်စီအသေးမှာ Touch ic ဖြစ်သည်။
၁၈။ Huawei phone များတွင် wifi ic သည်ကင်မရာရဲ့ ဘေးမှာ အဖြူအမဲနှစ်ထပ် အိုင်စီရဲ့ အောက်မှာရှိပါတယ်။တစ်ခါတစ်ရံ သံပြားအုပ်ထားပါတယ်။သံပြားခွာကြည့်ပါ။အဖြူအမဲနှစ်ထပ်အိုင်စီသည် ဘလူတုသ်အိုင်စီဖြစ်ပါတယ်။ပါဝါဖွင့်ပြီးscreen မှိတ်သွားပြီးပါဝါကျသွားသေ ဖုန်းများ ဘက်ထရီထုတ်ပြန်တပ်ပြီးမှာ ပါဝါပြန်နိုးသောဖုန်းများတွင် ၀ိုင်ဖိုင်အိုင်စီ ဖြုတ်ပေးခြင်းဖြင့်ဖြေရှင်းနိုင်သည်။ဖြုတ်ထားသော ၀ိုင်ဖိုင်အိုင်စီရဲ့ ငုတ်ကလေးများ ပူးသွားလျှင် ရှော့ကျတတ်သည်။ ခဲရှင်းပေးလိုက်ပါ။
၁၉။ အားစားသော ဖုန်းများဖြေရှင်းလိုလျှင်
ဘက်ထရီထည့်တဲ့အခါ အောက်ခြေတွင် ပိုကျပ်အောင်စက္ကူခံပေးပါ။ မရလျှင် supplyချိတ်ပြီး Ampx စားမစားကြည့်ပါ။များနေလျှင် ဘုတ်ကြောင့်သာဖြစ်သည်။ဘုတ်အား တင်နာဖြင့်ဆေးပြီး ဟော့ဂမ်းနဲ့ခြောက်အောင်အပူပေးလိုက်ပါ။
၂၀။ Touch လဲပြီး Touch မရလျှင် ကြောင်နေလျှင် touch ကြိုးပြားခေါက်မခေါက် gnd ကျမကျ ပြန်စစ်ပေးပါ။မရလျှင် socket လေးအား အသာအယာ ဓါးဖြင့်ခြစ်ပေးပါ။
၂၁။ huawei တွင် မိမိ မဖြုတ်ခင် ဆင်းဒ်ဖတ်ပြီး ပြန်တပ်ခါမှာမဖတ်တော့လျှင် ဖုန်းငုတ်များကိုသေချာစွာ ကြပ်ပေးကြည့်ပါ။
၂၂။ ငုတ်နှစ်ငုတ်အားလှပ်ပြီး ပါဝါနိုးသော်လည်း မနိုးပါက ထိုငုတ်နားရှိ R/C ထိပ်ကလေးများအား ဇာဂနာဖြင့်ထောက်ပြီးနိုးကြည့်ပါ။
၂၃။ Mic,Earpiece,Speaker, shockကျနေလျှင်လည်းပါဝါမလာပါ။
၂၄။ ဆော့ကက်နှင့်လာသော ပါဝါခလုတ်များအား ဆော့ကက်ဖြုတ်ပြီး ဆော့ကက်အထိုင်အား supply အနီတံဖြင့်ပါဝါနိုးနိုင်သည်။နိုးပုံမှာ ဘုတ်အား supply ဖြင့်ချိတ်ပါ။supply ရဲ့ အလယ်သံချောင်းအားညာဘက်သို့ testပြောင်းပေးပြီး အနီတံခလုတ် ဆော့ကက်လေးအား ပါဝါ နိုးသောငုတ်ကိုထောက်ကြည့်ပါ။ပါဝါလာသောငုတ်အားသိလိုလျှင် ဆော့ကက်ခြေထောက်လေးများအား ထောက်ကြည့်ရပါသည်။
၂၅။ အပေါ်ဘုတ်နှင့်အောက်ဘုတ် ခွဲပါသောဖုန်းများတွင် charging ခေါင်းလဲပြီး အားမ၀င်ပါက အလယ်ဆက်ထားသော ကြိုးပြားကောင်းမကောင်း မိ မ မိစစ်ကြည့်ပါ။ Mic Speaker မရလျှင် လိုင်းမတက်လျှင်လည်း ထိုကြိုးပြားအားစစ်ကြည့်နိုင်သည်။
၂၆။ ရေ၀င် ရှော့ကျုဖုန်းများအား တင်နာဖြင့်ရေဂျိုးများအားဆေးပေးရမည် တင်နာဖြင့်ဆေးလျှင် အပြင်ဗန်းသာမက သံပြားများအားကိုလည်းခွာပြီးနေရာလွတ်မကျန်အောင်ဆေးပေးပါ။သံပြားသည် အရှင် အသေနှစ်မျိုးရှိသည်။အသေထိုင်ထားလျှင် HOT Gun 300 Air 6 ဖြင့် ခွာချပါ။ပြီးနောက် တင်နာနှင့် ချော်ရည်များအားပြောင်အောင်ဆေးပေးပါ။မရလျှင် ဘုတ်အား supplyတွငိချိတ်ပြီး အော်နေလျှင် supplyတွင်မအော်သည်အထိ လျှော့ချပါ။မအော်တော့လျှင် ပူသော R / C ic များကိုရှာပါ။R/C များပူနေလျှင် ပူနေသော R/C များအားဖြုတ်ချပေးပါ။ Shock လွှတ်သည်အထိ လုပ်ပါ။
၂၇။ Touch ပြားအကောင်းများကိုခွာလိုလျှင် java ဖုန်း touch တွင်ပါသော ကော်ပြားအား ထောင့်လေးထောင့် ကတ်ကြေးဖြင့်ဝိုက်ညှပ်ပြီး ထိုကော်ပြားဖြင့်ခွာနိုင်ပါသည်။အပူ ၁၀၀ ပေးပြီးခွာရမည်။
၂၈။ လိုင်းမတက်လျှင် နက်ဝပ်အဖြူကြိုးနှင့်အထိုင်လိုင်း ပွိုင့်ငုတ်ကလေးများကိုသေချာစစ်ပေးပါ။အပေါ်ဘုတ်နှင့်အောက်ဘုတ်တွင် အလယ်ကြိုးပြား ဆော့ကက်ကောင်းမကောင်း မိ မမိ စစ်ပေးပါ။ဖုန်းငုတ်များမတပ်ရသေးလျှင်လည်း လိုင်မတက်တတ်ပါ။နက်ဝပ် အိုင်စီ ဖြစ်သော RF/PA line အိုင်စီများကို အပူ 200 ခန့်ဖြင့်အပူပေးကြည့်ပါ။မရလျှင် JUMPER ကျော်ပေးနိုင်သည်။
၂၉။ Earpiece ကိုလဲပြီးမရပါက ဘုတ်ကိုစစ်ပြီးမရပါက နားကြပ်ခေါင်းမှ JUMPER ကျော်ပေးရမည်။ဘယ်သံညာသံလာသောငုတ်မှ earpiece အပေါင်းငုတ်သို့ ကျော်ပေးပါ။ အပေါင်းမရ အနှုတ် ပို့ မရပါက နှစ်ကြိုးလုံးပို့ပါ။
၃၀။ ၀ယ်လို့မရသော ပါဝါခလုတ်များ နှင့် ဒီဂျစ်တယ်မိုက်များကို jumper ပြုလုပ်ပြီးဖြေရှင်းမည်ဆိုပါက ပါဝါခလုတ်များနှင့် မိုက်များရဲ့ အလယ်ရှိ ကြေးဝိုင်း ကို အပေါင်းစ jumper ကျော်ပြီး အပေါင်းငုတ်တွင် ဆက်ပါ။ ဘေးအ၀ိုင်းအပြင် အ၀ိုင်းကိ အနုတ် စ jumper ကျော်ကာ အနုတ်ငုတ်တွင် သို့ Gnd ချပေးပါ။ တိုက်ရိုက်လည်း jumper လုပ်နိုင်ပါသည်။
၃၁။ ပါဝါဖွင့်ပြီး ပိတ်လိုက်လျှင် ပါဝါမလာတော့သည့် ဖုန်းများကို ဘက်ထရီဖြုတ်ပြီး ပြန်တပ်သည့်အခါ ပြန်လာပြီး ပြန်ပိတ်လျှင် ပါဝါပြန်မလာပါက wifi ic နှင့် Bluetooth အိုင်စီကို ဖြုတ်ချပြီး အကောင်းပြန်တပ်ပေးပါ။
ဒါတွေက ဖုန်းစတင် ပြုပြင်တော့မယ် လူတွေအတွက် အသုံးဝင်ကီးတွေဖြစ်ပါတယ်။ ဒီလိုအခြေမျိုးတွေကိုပိုင်နိုင်အောင်လုပ်ပြီး မိမိဥာဏ်စွမ်းအလျှောက် pro ဖက်သို့ ကူးပြောင်းနိုင်ကြပါစေ...
ဒါကတော့မီတာတိုင်းတဲ့နည်းလေးပါ
၁။ Condenser -တက်ပြီးပြန်ကျလျှင်ကောင်း တက်ပြီးပြန်မကျပါက မကောင်းပါ။နှစ်ဖက်လုံးတက်ပြီး ပြန်မကျပါကမကောင်းပါ--X1 X10 X100
၂။ Resister -တက်ပြီးငြိမ်နေလျှင် ကောင်း မတက်ရင်မကောင်း
X1 X10 X100
၃။ Coil -တက်ပြီးငြိမ်နေလျှင်ကောင်း မတက်လျှင်မကောင်း
X1 X10 X100
၎။ Diode -တစ်ဖက်တက်ပြီး တစ်ဖက်မတက်လျှင်မကောင်း။ နှစ်ဖက်လုံးပြရင်ရှော့။မကောင်း။နှစ်ဖက်လုံးမပြရင်
မကောင်း X1 တွင်ထားတိုင်း
၅။ Fuse -အဆုံးထိတက်ရင်ကောင်း ။ မတက်ရင်မကောင်း X1မှာတိုင်း။
မှတ်ချက်။ ။ ဗို့ လိုင်းမပြသောနေရာများတွင် coil ဒဲ့ ဆက်လို့မရပါ။အသံပိုင်းတွင်သာ ဒဲ့ဆက်နိုင်ပါတယ်။
အဆင်ပြေပါစေဗျာ။
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
 သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
 ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com သို့ဆက်သွယ်နိုင်ပါတယ်။
Saturday, November 29, 2014
MPPG Font Tool
version 1.3 ထုတ်လိုက်ပါပြီ
Y320-U01 fixed
G620-L72 fixed
G730-U00 fixed
v1.3 download >>>http://d-h.st/X8N
android Version 2.3.3 ကနေ 5.0 ထိ Support ပေးပါမယ်
ကျနော်လက်လှမ်းမှီသမျှ android မြန်မာဖေါင့်ထည်.တဲ့ Method မှန်သမျှကို
1 Click ရအောင် လုပ်ပေးထားပါတယ်
MPPG Font Tool { APK version } ပါ
Samsung တွေ EMojo မပျောက်ပါဘူး
မြန်မာစာ ရှေ့နောက်မလွဲပဲမှန်မယ် (ဆရာကိုကျော်ဇောနိုင်ကိုကျေးဇူးတင်လိုက်ပါ )
ရိုးရိုးဖေါင့်နဲ့မပေါ်နိုင်တဲ့ဖုန်းတွေ SmartZawgyi သုံးထားပါတယ် (ကျော်စွာသွင်မှထုတ်လုပ်ထားပါတယ်)
အခြားအခြားသော ယခု apk ထဲမှာပါတဲ့ ဖေါင့်များကို ရေးသားထားတဲ့ ဒဘလော့ပါတွေကို ဒီနေရာကနေ ကျေးဇူးတင်ကြောင်းပြောကြားပါတယ်
ကျနော်ကိုယ်တိုင်လည်း free release လုပ်တာဖြစ်တဲ့အတွက် ကျန်နေသူတွေရှိရင်ဒီနေရာကတောင်းပန်ပါတယ်
င်္ဒီ apk ရဲ့ အထူးအားသာချက်ကတော့
နေရာတိုင်းမြန်မာစာ ရှေ့နောက်မလွဲစေရန် FEPFZ method ထည့်ထားခြင်း
USER မှ ဘာမှရွေးချယ်ပေးစရာမလိုပဲ
1 Click 1 Button ဖြင့်သာ သုံး၇န်လိုအပ်ပီး ကျန်တာအားလုံး ကျနော့် ဘက်မှတာဝန်ယူ
ထားခြင်း
သတင်းခေါင်းစဉ်များ ဖေ့ဘုတ်မြန်မာနာမည်များ COC Game များက အစ မြင်ရအောင်လုပ်ထားပေးခြင်း
Original font restore ပြုလုပ်နိုင်ခြင်း
တို.ဖြစ်ပါတယ်
ကျနော်တို့အဖွဲ့ကို ကူညီအားပေးကြတဲ့ online ပေါ်က ကျနော့်မိတ်ဆွေတွေကို
ဒီ Application လေးနဲ့ ကျေးဇူးဆပ်လိုက်ပါတယ်
အစစအရာရာ အဆင်ပြေကြပါစေ
ကောင်းရင် မိတ်ဆွေကို ပေးလိုက်ပါ မကောင်းရင် ကျနော်ထပ်ပြင်ပေးပါမယ်
ကျေးဇူးတင်ပါတယ် ဒီမှာဒေါင်းလိုက်ပါ
Credit to Phyo Nyi Nyi
အဆင်ပြေပါစေဗျာ။
ဝင်ရောက်ဖတ်ရှုပေးကြသော သူငယ်များအားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
 သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
 ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက
 androidlulin@gmail.com
 https://www.facebook.com/shine.tun.1 သို့ဆက်သွယ်နိုင်ပါတယ်။
Tuesday, November 25, 2014
Android လုလင် apk ဗားရှင်းအသစ် စတိုင်အသစ်(အားလုံးဖတ်ပေးကြပါနော်)
Android လုလင် ဘလော့ဆိုဒ်ကို အစဉ်အမြဲအားပေးဖတ်ရှုနေသော ဘော်ဒါများအားလုံး မင်္ဂလာပါ ခင်ဗျာ။
ကျနော့ ဘလော့ဆိုဒ်အတွက် Apk ကို ခဏခဏ ဗားရှင်းပြောင်းတင်နေလို့ စိတ်ညစ်နေကြပြီလားမသိဘူးနော်။
အဲဒီအတွက် အားလုံးကို ဒီနေရာကနေတောင်းပန်ပါတယ်နော်။
အခု ဗားရှင်းပြောင်းတင်ရတဲ့အကြောင်းအရင်းက ဒီလိုပါ။
Monday, November 24, 2014
Viber public chat အ​ကြောင်းတ​စေ့တ​စောင်း
Viber ၏ ဗားရှင်းအသစ်တွင် ယခင်ဝန်ဆောင်မှု ပေးအပ်ခဲ့သည့် Group Chat တွင် ပါဝင်ခြင်းမရှိသည့် သတင်းအချက်အလက် ဖြန့်ဝေပုံစနစ်သစ်ကို Public Chat အနေဖြင့် မိတ်ဆက်ပေးခဲ့ခြင်း ဖြစ်သည်။
“ဆိုရှယ်မီဒီယာတစ်ခုအနေနဲ့ ဘယ်လိုလုပ်မလဲဆိုပြီး စဉ်းစားတဲ့အခါမှာ Public Chat ဆိုတာ ပေါ်ပေါက်လာခဲ့ပါတယ်”ဟု Viber မှ ပြောရေးဆိုခွင့်ရှိသူ Ms. Megan Qurik ကပြောသည်။
Public Chat သည် ကိုယ်ပိုင်အမည် တစ်ခုနှင့် စာမျက်နှာတစ်ခု ထူထောင်နိုင်သည့် စနစ်တစ်ခုဖြစ်ပြီး အဆိုပါစာမျက်နှာကို Viber အသုံးပြုသူ မည်သူ မဆို Follow ပြုလုပ်နိုင်သည်ဟု သိရသည်။ Viber အသုံးပြုသူများသည် ကိုယ်တိုင် Follow ပြုလုပ်ထားသည့် Public Chat စာမျက်နှာမှ သတင်း အချက်အလက်များကို အမြဲရရှိနေမည် ဖြစ်သော်လည်း Massage အနေဖြင့်သော်လည်းကောင်း၊ Sticker အနေဖြင့်သော်လည်းကောင်း၊ ပြန်လည်ပေးပို့နိုင်မည် မဟုတ်ကြောင်း Viber က သတင်းထုတ်ပြန်ထားသည်။
“လူမှုစီးပွားကို အကျိုးပြုတဲ့ အကြောင်းအရာတွေ၊ သဘာဝပတ်ဝန်းကျင်ကို အကျိုးပြုတဲ့အကြောင်း အရာတွေအပြင် အခြားသော အပြုသဘောဆောင်တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အသုံးပြုသွားမှာပါ။ အွန်လိုင်းမှာ တချို့ကိစ္စရပ်တွေက ပြန်လည်ဖြေရှင်းဖို့ ခက်တဲ့အခါတွေမှာလည်း သုံးနိုင်တယ်။ မကောင်းတဲ့ အနေနဲ့ သုံးတဲ့လူတွေကလည်း ရှိမှာပဲ။ ပိုကောင်းတဲ့ဘက်ကနေ အသုံးပြုသွားဖို့ရှိပါတယ်” ဟု လက်ရှိအချိန်၌ Viber Public Chat ကို အသုံးပြုနေသူတစ်ဦးဖြစ်သည့် မတင်မိုးလွင်ကပြောသည်။
ပြည်တွင်း၌ Viber အသုံးပြုသူ ၅.၅ သန်းရှိပြီး Public Chat စတင်အသုံးပြုသူ ၈ ဦးရှိနေပြီဟု သိရသည်။ စီးပွားရေးလုပ်ငန်းများ၊ အနုပညာရှင်များနှင့် အခြားသော Public Chat ကို စတင် အသုံးပြုလို သူများသည် Publicchat@viber.com သို့ ဆက်သွယ်ဆောင်ရွက်ရပြီးဖြစ်ပြီး နောင်တစ်ချိန်၌ အသုံးပြုသူကိုယ်တိုင် Public Chat ကို Create ပြုလုပ်နိုင်ရန် စီစဉ်ပေးမည်ဟုသိရသည်။ Public Chat တစ်ခု၌ သတင်းအချက်အလက်များ ဖြန့်ချိပေးနိုင်သည့် Participant ကို ၉၉ ဦးအထိ ခန့်အပ်ထားနိုင်သည့်အပြင် Follower များနှင့် Participant များသည် အခြားသော Viber အသုံးပြုသူများကိုလည်း Public Chat အတွင်းသို့ ဖိတ်ခေါ်မှုများ ပြုလုပ်နိုင်မည်ဟု သိရသည်။
Viber ၏ ကြေညာချက်အရ Follower တစ်ဦးသည် Follow ပြုလုပ်ထားခြင်းမှာ ရပ်တန့်နိုင်မည် မဟုတ်ကြောင်း၊ ညစ်ညမ်းသော Public Chat များကို Report ပြုလုပ်နိုင်မည် ဖြစ်သော်လည်း Public Chat ကို လက်ရှိအချိန်၌ Viber Desktop တွင် အသုံးပြုနိုင်မည်မဟုတ်ကြောင်း သိရသည်။ ထို့အပြင် Viber ၏ Public Chat ၌ Follower များနှင့် Create ပြုလုပ်ထားသူများ၏ မိုဘိုင်းဖုန်းနံပါတ်နှင့် အခြားသော သတင်းအချက်အလက်များကို မည်သူတစ်ဦးတစ်ယောက်မျှ ကြည့်ရှုနိုင်မည်မဟုတ်ကြောင်း သိရသည်
Tuesday, November 4, 2014
ဆိုဒ်သေး ပေါ့ပါးတဲ့ Zero Launcher
ဆိုဒ်သေး ပေါ့ပါးတဲ့ Zero Launcher
RAM စားသက်သာခြင်းကြောင့် ဖုန်းအလယ်အလတ်နဲ့ အနှိမ့်ပိုင်းတွေအတွက်အထူးသင့်လျှော်ပါတယ်
Effect ၃မျိုးပါတယ် Theme တွေထပ်ဒေါင်းလို့ရမယ် Theme Size တွေကလဲ KB သာရှိပြီးလှပတဲ့ ဒီဇိုင်းရရှိမှာဖြစ်ပါတယ်
Download - http://pc.cd/K4T
Size - 1.9 MB
Friday, October 24, 2014
ပြောပါရ​စေ
ဖုန်းကိုင်​လိုက်​တိုင်း mobile data ကိုနိုပ်​ပြီးရင်​ လက်​က facebook icon ဆီပဲ​ရောက်​​ရောက်​နေတယ်
အဲလိုနဲ့ပဲ ဘ​လော့ကိုပြစ်​ပြစ်​ထားမိသလိုဖြစ်​​နေပြီ
စဉ်းစားမိတာ​ပေါ့​နော်
ဘ​လော့မှာ ပိုစ့်​မတင်​​တော့ပဲ facebook group မှာပဲ တင်​​တော့ရင်​​ကောင်းမလားလို့
နာမည်​ရ​အောင်​နှစ်​နှစ်​​ကျော်​ကြိုးစားခဲ့ရတဲ့ဘ​လော့​လေးမို့လည်းမစွန့်​ပြစ်​ရက်​ဘူးဗျာ
ဘယ်​လိုလုပ်​ရမလဲ
Page မှာတင်​ရင်​​ကော အား​ပေးကြမှာလားဗျာ
Wednesday, October 22, 2014
Android ဖုန်းမှကြိုးဖုန်းလိုင်းခွဲဖုန်းများသို့တိုက်​ရိုက်​​ခေါ်ဆိုနည်း
ဒီ​နေ့​တော့ Android ဖုန်းက​နေကြိုးဖုန်းလိုင်းခွဲဖုန်းများသို့တိုက်​ရိုက်​​ခေါ်ဆိုနည်းကိုတင်​ပြ​ပေးမှာဖြစ်​ပါတယ်​။
ဒီနည်းကို ဘယ်​ဆိုဒ်​မှာမှတင်​ထားခြင်းမရှိ​သေးတာမို့ sharer ​လုပ်​မည့်​သူများအ​နေဖြင့်​ credit ​ပေး​ပေးပါရန်​ကြိုတင်​​မေတ္တာရပ်​ခံပါရ​စေ။
ဒီလိုပါ ကျ​နော်​တို့service သမားများအ​နေဖြင့်​ ဖုန်းပစ္စည်းများမှာယူလိုတဲ့အခါ ​ဈေးနှုန်း​လေး​တွေ​မေးမြန်းခြင်​တဲ့အခါမှာ ယုဇနပလာဇာမှ ဆိုင်​များကို contact လုပ်​၍​မေးမြန်းကြရပါတယ်​။
အဲဒီလို​မေးမြန်းတဲ့အခါ ယုဇနပလာဇာကဖုန်း​ပေါ့​နော်​ 01200747 ကိုဖုန်း​ခေါ်လိုက်​တာနဲ့
ယုဇနပလာဇာမှ ကြိုဆိုပါတယ်​ မိတ်​​ဆွေ​ခေါ်ဆိုလို​သောလိုင်းခွဲနံပါတ်​သို့တိုက်​ရိုက်​နိုပ်​၍​ခေါ်ဆိုနိုင်​ပါတယ်​လို့
ပြောတဲ့အခါ ကျ​နော်​တို့က လိုင်းခွဲနံပါတ်​ ဥပမာ 2456 ကို​ခေါ်ဆိုရပါတယ်​။
အခု​ပြောပြမဲ့နည်းက​တော့ အဲဒီလို ​ခေါ်တဲ့အခါ 2456 ဆိုတဲ့လိုင်းခွဲနံပါတ်​ကိုနိုပ်​စရာမလို​တော့ပဲ ကလစ်​တစ်​ချက်​တည်းနဲ့ဖုန်း​ခေါ်ဆိုနိုင်​​အောင်​ contact list ထဲ ရိုက်​ထည့်​ထားပြီး​ခေါ်ဆိုနိုင်​​အောင်​ပြုလုပ်​နည်းပဲဖြစ်​ပါတယ်​။
ကဲစရ​အောင်
Contact ​ကိုဖွင့်​ပြီး new contact ယူလိုက်​ပါ။
Mobile number ​နေရာမှာ ကိုယ်​​ခေါ်ဆိုမယ့်​ဖုန်းနံပါတ်​ 01200747 ကိုရိုက်​ပြီး 01200747 ​နောက်​မှာ ; ​လေးခံပြီး လိုင်းခွဲနံပါတ်​ 2456 ကိုရိုက်​ထည့်​​ပေးပါ။
ဥပမာ 01200747;2456
ဒါဆိုရပါပြီ ။
ပြီးရင်​ 01200747 ကိုဖုန်း​ခေါ်ကြည့်​ပါ။
Send the following tone?ဆိုပြီး ​ဘောက်​တစ်​ခုပွင့်​လာပါမယ်​။
ခေါ်ဆိုမယ်​ဆိုရင်​ yes ကိုနိုပ်​လိုက်​ရင်​ ရပါပြီ။
ရှင်းသွား​အောင်​ကျ​နော်​ ပုံ​လေးနှစ်​ပုံပြ​ပေးပါမယ်​။
အားလုံးအဆင်​​ပြေကြပါ​စေဗျာ။
Monday, October 13, 2014
မိမိဖုန်းနံပါတ်​ကိုကြည့်​နည်း
www.androidlulin.blogspot.com
မိမိဖုန်းနံပါတ်​ကိုကြည့်​နည်း
MPT GSM.     *888#
Ooredoo.        *133*5#
Telenor.           *97#
www.androidlulin.blogspot.com
       Write by Android လုလင်
www.facebook.com/shine.tun.1
Thursday, October 2, 2014
ဖုန်းနံပါတ်ဖျောက်၍ဖုန်းခေါ်နည်း
 မင်္ဂလာပါဗျာ
Android လုလင်ချစ်ပရိသတ်များအားလုံးစိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါစေ။
ကျနော် အခုတလော အလုပ်ကတယ်မအားတာကြောင့် ဘလော့ကိုပြစ်ထားတာကြာခဲ့ပြီ။
ဝမ်းရေးအတွက်လှုပ်ရှားရုန်းကန်နေရတဲ့ ဘ၀သမားလေးမို့ ကျနော်ပျက်ကွက်ခဲ့သည်များရှိသော် အပြစ်တော်မမြင်ဖို့ ကြိုတင်မေတ္တာရပ်ခံပါရစေခင်ဗျာ။
ကဲ ဒီနေ့တော့ ပို့စ်တစ်ပုဒ်တင်ဖြစ်အောင်တင်မယ်ဆိုပြီး အားခဲထားတာ
ဘာတင်ရင်ကောင်းမလဲလို့ စဉ်းစားလိုက်တော့ ခုခေါင်းစဉ်တင်ထားသလိုပဲ
ဖုန်းနံပါတ်ဖျောက်၍ဖုန်းခေါ်နည်း တင်ဖို့စိတ်ကူးရလိုက်ပါတယ်။
အားလုံးလည်းကြိုက်နှစ်သက်ကြလိမ့်မယ်ထင်ပါတယ်
အရင်တုန်းကဆို ဖုန်းနံပါတ်ဖျောက်ဖုန်းခေါ်ဖို့ဆိုတာမြန်မာပြည်ကလူတွေအတွက်အိပ်မက်တစ်ခုပါ။
အခုတော့အားလုံးပဲမျှော်လင့်နေကြသလို ဖုန်းနံပါတ်ဖျောက်ပြီး ဖုန်းခေါ်လို့ရပါပြီ။
အဲ ဒါပေမယ့် Ooredoo ကတ် အသုံးပြုသူတွေပဲရမှာနော်။
အော်ရီဒူးကနာမည်ကျနေပြီ
သုံးတဲ့သူနည်းနေပြီဆိုပေမယ့် ဖုန်းနံပါတ်ဖျောက်ဖုန်းခေါ်ချင်သူများကတော့ အကျိုးရှိမှာပါနော်။
ကဲ လေကြောလည်းရှည်သွားပြီဆိုတော့ ဘယ်လိုလုပ်ရမလဲဆိုတာပြောရတာပေါ့
ဖုန်းခေါ်တဲ့ Dialer ကိုဖွင့် *311# ကိုနိုပ်ပြီး call လိုက်ပါ။
ဒီ service ကိုအသုံးပြုရင် တစ်လကို ၂၅၀၀ ကျသင့်မှာဖြစ်ပါတယ်။
ကဲ black list အလုပ်ခံထားရတဲ့ ကိုကိုတွေ အော်ကုလားကတ်သုံးပြီး ဖုန်းနံပါတ်ဖျောက်ဖုန်းခေါ်ကြရအောင်နော်။
အော်
ပြောဖို့မေ့တော့မလို့
ဒီ service ကိုမလိုချင်တော့လို့ ပြန်ဖျက်ချင်ရင်တော့ *311*0# နဲ့ ပြန်ပြီး cacel လုပ်နိုင်ပါတယ်ခင်ဗျာ။
အားပေးဖတ်ရှုကြတဲ့ ဘော်ဒါများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံကြပါစေဗျာ။
ဒီပို့စ်ကို share မည့်သူများ ကျနော့် ဘလော့ကို credit ပေးပါရန် ပြောချင်ပါတယ် ခင်ဗျာ။
အဆင်ပြေပါစေဗျာ။
 အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com သို့ဆက်သွယ်နိုင်ပါတယ်။
Saturday, September 13, 2014
Android ဖုန်းတွေအတွက် Video Call ပါဝင်လာတဲ့ Viber v5.0.0.4090
Android ဖုန်းတွေအတွက် Video Call ပါဝင်လာတဲ့ Viber v5.0.0.4090
Android ဖုန်းတွေအတွက် Video Call ပါဝင်လာတဲ့ Viber v5.0.0.4090 ကိုတင်ပေးလိုက်ပါတယ်။ Viber ဟာ ဗီဒီယိုခေါ်ဆိုမှု video calling ကို မိုဘိုင်းဖုန်းတွေမှာ အသုံးပြုလို့ရစေမယ့် feature ကိုထည့်သွင်းပေးလိုက်ပါပြီ။ အခုဆိုရင် Viber ကို သုံးပြီး ဗီဒီယိုခေါ်ဆိုမှုကို သင့်ရဲ့ဖုန်းမှာသာမက PC နဲ့ Mac ပေါ်မှာပါ တစ်ပြိုင်တည်း သုံးနိုင်ပြီ ဖြစ်တာကြောင့် သင့်အတွက် အဆင်ပြေဆုံး ဖြစ်မှာပါ။
Viber 5.0 မှာ ဗီဒီယိုခေါ်ဆိုမှု ပါဝင်လာရုံမက သူငယ်ချင်းတွေရဲ့ Viber နံပါတ်ကို ရိုက်ထည့်လိုက်တာပဲဖြစ်ဖြစ်၊ QR code နဲ့ Scan ဖတ်တာပဲဖြစ်ဖြစ် လုပ်ဆောင်ပြီး သင့်ရဲ့ Contacts တွေကို အလွယ်တကူ စီမံခန့်ခွဲနိုင်သည့် နည်းစနစ်လည်း ပါဝင်လာပါသည်။ Android ဖုန်းတွေအတွက် Video Call ပါဝင်လာတဲ့ Viber v5.0.0.4090 ကိုအောက်က Link မှာရယူနိုင်ပါတယ်။
Viber  v5.0.0.4090 အားရယူရန်
Thursday, September 11, 2014
Viber Sticker Enabler v3.0 for Android
Android ဖုန်းတွေအတွက် Viber Sticker Enabler v3.0 ကို update တင်ပေးလိုက်ပါပြီ။ ၀ယ်ရတဲ့ Vibေer Sticker တွေကို free ရယူလိုတဲ့ Android ဖုန်းပိုင်ရှင်တွေအတွက် ရည်ရွယ်ရေးသားပေးလိုက်တာပါ။ ဒီဗားရှင်းမှာတော့ version 2 မှာပါပြီးသား sticker တွေအပြင် နောက်ထပ်ဝယ်ယူရမယ့် sticker အသစ်၂၂ ခု စုစုပေါင်း ဝယ်သုံးစွဲရမယ့် viber sticker ၃၆ ခုကို Viber software ထဲက sticker market ထဲမှာ ဝယ်ယူစရာမလိုတော့ဘဲ free ရယူနိုင်မှာဖြစ်ပါတယ်။ update ပေးတိုင်းသိနိုင်အောင် Play Store ကနေပဲ “Viber Sticker Enabler” ဆော့ဝဲကိုသွင်းကြဖို့အကြံပြုပါတယ်။ Viber Sticker Enabler ကိုအသုံးမပြုခင်မှာ Viber ဆော့ဝဲထဲကနေထွက်ထားပါ။ ( **Background process မှာပင် run မနေစေအောင်ထွက်ထားပါ**)
ပြီးရင် Viber Sticker Enabler ဆော့ဝဲကိုဝင်ပြီး “Hack Me” ကိုနှိပ်ပြီးတာနဲ့ Viber ဆော့ဝဲထဲပြန်ဝင်ပြီး Sticker Market ထဲက Paid Sticker တော်တော်များများကို free ရယူနိုင်ပါပြီ။ ပိုက်ဆံနဲ့ဝယ်ရမယ့် sticker ထဲဝင်လိုက်တာနဲ့ Download လုပ်ပြီးဖြစ်ပါလိမ့်မယ်။ Viber Sticker Enabler Application သည် Myanmar Mobile App Store (www.myanmarmobileapp.com) ၏ Product တစ်ခုဖြစ်ပြီး
ဒီ application မှာအသုံးပြုထားတဲ့ sticker hacking method နဲ့လိုအပ်တဲ့ data ဖိုင်များကို ကိုထူးဇော်ဖြိုး ကဖန်တီးထားခြင်းဖြစ်ကာ Viber Sticker Enabler Application အား ရေးသားသူမှာ ကိုသက်နိင်စိုး (http://www.facebook.com/thetnaing.mmas) ဖြစ်သည်။ Viber Sticker Enabler v3.0 for Android ကို download ရယူလိုသူများအတွက် အောက်က link ကနေရယူနိုင်ပါပြီ။
Viber Sticker Enabler v3.0 for Android
(Download Site ထဲရောက်သွားပါက Direct Download Link ကိုနှိပ်ပြီး download ရယူပါ
Sunday, August 31, 2014
ဘာလာလာ Unlock လုပ်ပေးမယ့် Huawei Unlocker
ဘာလာလာ Unlock လုပ်ပေးမယ့် Huawei Unlocker
Huawei ဖုန်းတွေမှာ Network တိုင် 1x ပဲတက်ပြီး 3g မတက်ဖြစ်နေတာတွေ ၊ Block 5 မှားရေးမိလို့ သုံးရောင်ခြယ်တက်တာတွေ ကိုဖြေရှင်းပေးနိုင်မယ့် Huawei Unlocker Tool ဖြစ်ပါတယ်။ Huawei ဖုန်းတွေကို Click တစ်ချက်နှိပ်ရုံနဲ့ Network Unlock/Relock ရမယ်။ Official နည်းဖြစ်တဲ့အတွက် Error ကင်းမယ်။ 1x ပဲတက်ပြီး 3g မပေါ်တာတွေမဖြစ်သလို ဖုန်းပျက်မှာလဲမစိုးရိမ်ရတော့ပါဘူး။ ဒီ Tool လေးကိုရေးသားထားသူကတော့ Developer ကိုကျော်စွာသွင် ဖြစ်ပါတယ်။ Huawei Unlocker ကိုအောက်က link မှာရယူနိုင်ပါတယ်။
Download Huawei Unlocker
Saturday, August 30, 2014
မြန်မာ့ဆက်သွယ်ရေး MPT SIM Card များကို နိုင်ငံတစ်ဝန်းရှိ လက်လီ အရောင်းဆိုင်များ တွင် ဝယ်ယူရရှိ နိုင်တော့မည်
MPT SIM
မြန်မာ့ဆက်သွယ်ရေး များကို စက်တင်ဘာလတစ်ရက်နေ့တွင် ကျယ်ကျယ်ပြန်ပြန်ရောင်းချပေးမည်ဖြစ်ကြောင်း အောက်ပါအတိုင်း ရေးသားထားသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် မိဘပြည်သူများအား SIM ကဒ်များ ပိုမို လွယ်ကူစွာ ဝယ်ယူရရှိနိုင်ရေးအတွက် ဆောင်ရွက်လျက် ရှိပါသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ တန်ဖိုးနည်း SIM ကဒ်များကို နိုင်ငံတစ်ဝန်း ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ လက်လီအရောင်းဆိုင်များတွင် စက်တင်ဘာလ (၁)ရက်နေ့မှ စတင်၍ ကျယ်ကျယ်ပြန့်ပြန့် ရောင်းချပေးမည်ဖြစ်ပါသည်။ SIM ကဒ်များကို လစဉ်လတိုင်း ဝယ်ယူရရှိနိုင်ရေးနှင့် နိုင်ငံအနှံ့ရှိ မြို့များနှင့် မြို့နယ်တိုင်းတွင် ရရှိနိုင်ရေး ဆက်လက် စီစဉ် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။
ရောင်းချပေးမည့် မြို့နယ်စာရင်းကို ဒီမှာ ကြည့်နိုင်ပါတယ်
Wednesday, August 27, 2014
How to Create your own Boot Animation (Rooted Devices)
by Adeel Inam
This tutorial will cover all the essential steps necessary to create your very own boot animation for your mobile phone.
Generally, you will see that you might get bored with the default or the factory boot animation of your mobile phone. Seeing the animation over and over again. Want to change something. Well, you can change it if you follow this guide properly. By the end of this article, you will have created your own boot animation and implemented on your mobile phone.
Tools Needed to create Boot Animation
Of course the boot animation will not fall from the sky – you will need to create it using different tools. The first thing that you will need is a photo editing tool like Adobe Photoshop or Corel Paint Pro in which you can create your own custom image that you will use in boot animation.
A text editor, although you can use anyone that you like.
A WinRAR that will make .zip file for you of the boot animation that you will create so that you can put it in your mobile phone.
Let’s Do this!
1. First of all, create two folders on your desktop with the names part0 and part1.
2. In the first folder, you will put those images of the boot animation that will appear only once during the whole boot animation.
3. In second folder, you will put those images that will be repeated the number of times you will specify. Remember, all the images should be in .PNG or .JPG format otherwise it won’t work.
4. Now, using any text editor, create a info.txt file write the following code in it:
320 480 30
p 1 0 part0
p 0 0 part1
5. In the first line, 320 480 is the resolution of the boot animation. You can set it accordingly. The next number, 30, is the speed at which the boot animation will be played. You can change it as well.
6. The second line will set the properties for part0 folder that you created. The first digit, 1, will tell how much time the images in that folder will be repeated which is in this case only once. The next digit, 0, will tell how much delay will be there between each image which is zero right now.
7. The third like will set the properties for the part1 folder. Similarly, the first number, 0, will set the number of times images will be repeated which is infinite as 0 represents an infinite loop The second digit is for the delay which is set to 0.
8. After that above three lines, press ENTER to create a new line at the end and save this text file. Remember, this has to be done otherwise it won’t work properly.
9. Now select all three, part0, part1, info.txt and zip them using Store compression method. After zipping, check if it has thumbs.db file created. If it is, then delete it and zip it again.
10. Download Root Explorer from the market. Rename the zip file to bootanimation without space. Save it on SD card.
11. Open Root Explorer and copy this zip file to /system/media.
12. Reboot your phone.
CONGRATULATIONS! You got yourself a new boot animation. If you found this tutorial useful don’t forget to share this post and like us on Facebook.
Tuesday, August 26, 2014
Coolpad 7269 ကို cwm mode ၀င်​နည်း
Coolpad 7269 ကို cwm mode ၀င်​နည်း​လေး​ပြောပြ​ပေးမှာဖြစ်​ပါတယ်​။
ကျ​နော်​ အန်းထွိုက်​လုလင်​ကိုယ်​တိုင်​တိုင်​ပတ်​ခဲ့ရတဲ့ Coolpad 7269 ပါဗျာ။
ဘယ်​ရမလဲ ဒီကလဲ Android လုလင်​ပဲ​နော့
ဖုန်းမှာ ရှိတာမှခလုပ်​ကသုံးခုတည်းရယ်
နှစ်​ခု​ပေါင်းနိုပ်​လို့မရရင်​ သုံးခု​ပေါင်းနိုပ်
သုံးခု​ပေါင်းနိုပ်​ လို့မရရင်​ တစ်​ခုနိုပ်​ပြီး တစ်​ခုနိုပ်​ ​နောက်​တစ်​ခုနိုပ်​ အမျိုးမျိုးနိုပ်​ရတာ​ပေါ့ဗျာ
ယောကျာင်္းပဲ ကြိုးစားရင်​ဘုရား​တောင်​ဖြစ်​တာပဲ​နော့ :-)
ဟဲ စကား​တွေ​လည်း ​ဖောင်း​နေပြီ
ဘ​လော့မှာပို့မတင်​ရတာကြာလို့ ချစ်​ပရိသတ်​ကြီးများ ​မျော်​​နေကြပြီလားမသိဘူး​နော်​ ခ်​ခ်
လိုင်းမ​ကောင်းလို့ပါဗျာ
ခု​တောင်​​အော်​ကုလားအင်​တာနက်​နဲ့ကျားကုတ်​ကျားခဲတက်​လာရတာ
ခွင့်​လွှတ်​ပါ​နော်​ :-)
ကဲ Coolpad 7269 ကို cwm ၀င်​ရ​အောင်
ဖုန်းကို ဘတ်​ထရီဖြုတ်​လိုက်​ပါ
သုံးစက္ကန့်​​လောက်​​စောင့်​ပြီးမှ ဘတ်​ထရီပြန်​တပ်​ပါ
Volume up+down+power ခလုပ်​သုံးခုကိုတွဲနိုပ်​ပါ။
Wo ဆိုတဲ့ logo မှာ recovery mode ဆိုပြီး​ပေါ်လာပါမယ်​။
ခဏ​စောင့်​ပါ။
ပြီးရင်​ စက်​ရုပ်​​လေး ပက်​လက်​လန်​ပြီး​ပေါ်လာပါမယ်​။
အဲဒီအခါမှာ Home ကို တစ်​ချက်​နိုပ်​ပါ။
ရပါပြီ cwm mode ​ရောက်​ပါပြီ
ဒီ​တော့ ကိုယ်​လုပ်​​ဆောင်​လိုရာလုပ်​လို့ရပါပြီဗျာ။
ဒီ​နေ့​တော့ဒီ​လောက်​ပါပဲခင်​ဗျာ။
အားလုံးကိုယ်​​ရောစိတ်​ပါချမ်း​မြေ့နိုင်​ကြပါ​စေဗျာ။
Monday, August 25, 2014
G730-U00 Build Number နောက်ဆုံး 151 Root & Myanmar Font & Keyboard သွင်းနည်း
G730-U00 Build Number နောက်ဆုံး 151 Vroot မတိုးသူများအတွက်
Myanmar,Root,Keyboard တစ်ခါထဲထည့်သွင်းပေးမည့် Boot Img လေး
လုပ်ပေးလိုက်ပါတယ်။ အစကတော့ အစီအစဉ်မရှိပါဘူး။ အချို့က အဆင်မပြေကျပါလို့ပါ။
ဒါလေးကို SP Flash Tool ကနေ သွင်းလိုက်ရင်ရပါပြီ။
သွင်းပြီးလို့ ဖုန်းပြန်တက်လာလာခြင်း မြန်မာစာတွေလွဲနေရင် ရိုးရိုး Restart
ချပေးပါ။
Boot Img ကို ဒီမှာဒေါင်းပါ။
http://d-h.st/Tit
SP Flash Tool ကို ဒီမှာဒေါင်းပါ။
http://d-h.st/RVp
Friday, July 25, 2014
ဖျက်မိတဲ့ဖိုင်တွေကို ဖုန်းထဲမှာတင် ပြန်လည်ရှာဖွေပေးနိုင်မယ့် Undelete for Root Users 2.1.3.11 apk
ဒီ App ကတော့ မိမိတို့ရဲ့ Android Device ထဲက မှားဖျက်မိတဲ့ဖိုင်တွေကို ပြန်လည်ရှာဖွေရယူ ပေးနိုင်မှာဖြစ်ပါတယ်.. ကွန်ပျူတာအကူအညီမလိုဘဲ Android Device ထဲမှာတင် ပြန်လည်ရှာဖွေရယူပေးနိုင်တာကြောင့် ပိုအဆင်ပြေတာပေါ့.. ကိုယ့်ရဲ့ Android ကို Root ထားဖို့လိုအပ်မှာဖြစ်ပြီး Android Version 2.3.1 နဲ့အထက်တွေမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်...
UndeleteRootUsr_maungpauk
-
Recover deleted the root user's ~ ~ Android application that allows you to recover any deleted files stored FAT format from your SD card or any connection.
  With 1000 file types supported, Undelete can come in handy if you accidentally deleted photos or want some old tunes to listen to the way to go.
  Undelete can safely erase and destroy files, making them impossible for others to recover - a useful device in your repair or sell when it did.
Undelete_maungpauk
Undelete For Root Users (recover deleted) features  ★ restoration has not yet been written to any file
  ★ security erase / destroy files
  ★ with documents, images, video, music, files and binary engineering
  thumbnail preview generation ★
  ★ batch operation
  ★ custom folder recovery
  ★ preview the media file
   if No unlock button, the application will only be able to restore the image file. Please buy the key to unlock the full functionality.
  Currently, only support FAT. On most devices, which means that only the external SD support.
  Was found after scanning, the data may not recover some files can be damaged beyond repair, just like desktop solutions.
အဆင်ပြေပါစေ..
Download : 3.59 MB
Download Link
Download Link
အဆင်ပြေပါစေဗျာ။
ဝင်ရောက်ဖတ်ရှုပေးကြသော သူငယ်များအားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ
 အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
 ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com သို့ဆက်သွယ်နိုင်ပါတယ်။
Sunday, July 20, 2014
Coolpad 7232 Flashtool Firmware
Coolpad 7232 အတွက် Flashtool Firmware ကို Error တစ်စုံတစ်ရာ တက်လို့ Firmware ပြန်ရေးချင်တဲ့
သူတွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ဆိုင်သမားတွေကတော့ ဆောင်ထားတာ မမှားပါဘူးဗျာ။ :)
အလိုရှိတဲ့သူတော့ ရယူထားလိုက်ပါ။
down_info_ico
အဆင်ပြေပါစေဗျာ။
ဝင်ရောက်ဖတ်ရှုပေးကြသော သူငယ်များအားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com သို့ဆက်သွယ်နိုင်ပါတယ်။
Saturday, July 19, 2014
All Coolpad Firmware Download List
Coolpad 5109 -Myanmar Font Firmware >>>> http://d-h.st/XiH
Cool 5310 Firmware >>> http://www.coolpad.cn/product/download/downloadInfo/downloadInfo.html?downloadInfoBO.downloadInfo.mobileType=5310#downListUL
Cool 7060 Firmware >>> http://www.coolpad.cn/product/download/downloadInfo/downloadInfo.html?downloadInfoBO.downloadInfo.mobileType=7060#downListUL
Cool Great God F1 Mobile (8297) >>> http://www.coolpad.cn/product/download/downloadInfo/downloadInfo.html?downloadInfoBO.downloadInfo.mobileType=大神F1移动版(8297)#downListUL
Cool 7296 Firmware >>> http://www.yulong.com/product/download/downloadInfo/downloadInfo.html?downloadInfoBO.downloadInfo.mobileType=7296#downListUL
CoolPad F1 8297W firmfware >>> https://drive.google.com/uc?id=0B5eaHbOcyGsnWVR4NlNxSHdqRGM
Coolpad8297_td_ColorOS2.0_2_140522-atx-ry09iu.zip >>> http://pan.baidu.com/wap/link?uk=2636725279&shareid=1993960383&third=0
CoolPad 5890 Firmware >>> https://drive.google.com/uc?id=0B5eaHbOcyGsnZmowdUhtMlhkWE0
Cool 5108 Firmware >>> http://www.coolpad.cn/product/download/downloadInfo/downloadInfo.html?downloadInfoBO.downloadInfo.mobileType=5108
Cool new 7295 (7295c) >>>> http://www.coolpad.cn/product/download/downloadInfo/downloadInfo.html?downloadInfoBO.downloadInfo.mobileType=全新7295
Cool 5216D Firmware >>> http://www.yulong.com/product/download/downloadInfo/downloadInfo.html?downloadInfoBO.downloadInfo.mobileType=5216D#downListUL
CoolPad 7295A Firmware >>> https://drive.google.com/uc?id=0B5eaHbOcyGsnOExsbHlFdlhVMlk
CoolPad 7295c Firmware >>> https://drive.google.com/uc?id=0B5eaHbOcyGsnS3ZuYVZjNDRBTVk
CoolPad 7231 Firmware >>> https://drive.google.com/uc?id=0B5eaHbOcyGsnZVI5a2FaNzR0Z0U
Cool 5218D Firmware >>> http://www.yulong.com/product/download/downloadInfo/downloadInfo.html?downloadInfoBO.downloadInfo.mobileType=5218D#downListUL
Cool 5010 Firmware >>> http://www.yulong.com/product/download/downloadInfo/downloadInfo.html?downloadInfoBO.downloadInfo.mobileType=5010#downListUL 
အဆင်ပြေပါစေဗျာ။
ဝင်ရောက်ဖတ်ရှုပေးကြသော သူငယ်များအားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ
 အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ
။ ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com သို့ဆက်သွယ်နိုင်ပါတယ်။
Friday, July 18, 2014
MM App Font Helper (G730-U00 ကဲ့သို့သောဖုန်းများတွင် မြန်မာ App များအတွင်း Font မပေါ်သည့်ပြသာနာဖြေရှင်းရန်)
Screenshot_2013-01-01-07-43-14 Screenshot_2013-01-01-07-43-55 Screenshot_2013-01-01-07-46-44 Screenshot_2013-01-01-07-46-52 Screenshot_2013-01-01-07-47-01 Screenshot_2013-01-01-07-47-35 Screenshot_2013-01-01-07-49-41 Screenshot_2013-01-01-08-01-55
G730-U00 ကဲ့သို့သော မြန်မာ App များအပေါ်တွင် ဇော်ဂျီမပေါ်သောပြသာနာကို
Auto ဖြေရှင်းပေးမဲ့ Android Application ဖြစ်ပါတယ်။
ဒီ App ကို အသုံးပြုဖို့ Root Access လိုအပ်ပါတယ်။
ပထမဆုံး App ကို စသွင်းခြင်းမှာ Syncing ကြာပါတယ်။
နောက်ပိုင်း App ကိုဖွင့်ပါက ထပ် Syncing လုပ်ရန်မလိုအပ်ပါဘူး။
မိမိ ပြုလုပ်လိုသော App ကို ဖုန်းအတွင်းသွင်းထားပါ။
ရွေးချယ်ပေးလိုက်ပါ။ Auto ပြုပြင်ပြီး အဆင့်သင့်အသုံးပြုနိုင်ပါတယ်။
မှတ်ချက်။ ။ မြန်မာ App များသာရပါသည်။
Developed By Phyo Chan
Icon Design By Han Zaw Oo
Font By Kyaw Swar Twin
Product Of MMSD
wwww.myanmarmobilesoftwaredeveloper.com
My Facebook
https://www.facebook.com/phyo.chan.12
My Web
http://phyochan.me/
Playstore က ဒေါင်းနိုင်သူများဒေါင်းပေးပါအုံး။
https://play.google.com/store/apps/details?id=mmsd.phyochan.mmappfonthelper
မဒေါင်းနိုင်တဲ့သူများလဲ ဒီ Link မှာ ဒေါင်းပြီး
Playstore မှာတော့ Vote ပေးပါအုံး :)
http://d-h.st/6uK
အဆင်ပြေပါစေဗျာ။
 အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com သို့ဆက်သွယ်နိုင်ပါတယ်။
LinkWithin
Related Posts Plugin for WordPress, Blogger...
ဆာ