ငါတတ်ငါတော် ငါအကျော်ဟု၊ ငါသော်စိတ်ထား မရှိငြားလည်း၊ ငါကားငယ်ရွယ် ဥာဏ်မကြွယ်၍၊ အဘယ်သို့လျှင် အမှားစင်အံ့၊ အကြင်သူတော် ပညာကျော်သည်၊ ချွတ်ချော်လွဲမှား ငါ့စကားကို၊ စိတ်ထားဖွေးဖြူ ပြင်တော်မူ။

android လုလင်မှာ ရှာမှာလား

ဝါသနာတူသူငယ်ချင်းများမန်ဘာဝင်ရန် Join this siteကို နိုပ်ပြီးGoogle ကိုရွေးပြီးမိမိ gmail နဲ့ဝင်ပါ

Facebook page မှာ like လုပ်ပြီးကူညီကြပါနော်

Thursday, January 31, 2013

Steampunk Skull live wallpaper for Android

အရမ်းအရမ်းကို လန်းတယ်ဗျို့ သုံးကြည့်လိုက် မကြိုက်ရင် ဖြတ်သာရိုက်သွားလိုက်… full version ဆိုတော့ ဟဲဟဲ ဘယ်လိုပြောမလည်း မိုက်တာပေါ့ :)
                            
တကယ်လို့ သုံးကြည့်လို့ အဆင်မပြေရင်ပြော မကြိုက်ရင်ပြော ကစ်ကျော်  နောက်ဘယ်တော့မှ ဒီလို live wallpapaer မတင်တော့ဘူး ဟီးးးးးးးနောက်တာ… ကျွန်တော့်မှာရှိ့တဲ့ လန်းတာလေးတွေဆို အရမ်းကို ပေးသုံးကြည့်ချင်တာပါ.. ပြောရမယ်ဆိုရင် ကြွားတယ်ဆိုတာပေါ့… စိတ်ချလက်ချ သုံးဘာမှ error မတက်စေရဘူး….၁၀၀% အာမခံတယ်… ခိခိ
Download from Mediafire
   Download form ifile.it

Wednesday, January 30, 2013

Phone နဲ့ Tablet တွေမှာ မြန်မာလိုစာလေးရေးပီး အလှဆင်ရအောင်… Minimalistic Text Widget (1.1MB) for Android

Feature Widgets: Clock, Date, Weather, Battery, Memory Status & Notes
Requirement : Android 2.2 or higher





Download Link: http://www.mediafire.com/download.php?27as2ze363yq32r

Sexy JB GO Launcher EX Theme v2.0 for Android


Android ဖုန်းပေါ်မှာ Sexy ကောင်မလေးတွေရဲ့ icon လေးတွေနဲ့ ဒီဇိုင်းလန်းချင်သူများအတွက် Sexy JB GO Launcher EX Theme v2.0 for Android ကိုတင်ပေးလိုက်ပါတယ်။ ဒီ theme လေးကိုသုံးဖို့ဖုန်းမှာ Go Launcher EX ဆော့ဝဲတော့သွင်းထားဖို့လိုပါလိမ့်မယ်။ ပြီးမှ အခုပေးတဲ့ Sexy JB GO Launcher EX Theme v2.0 for Android ဆော့ဝဲလေးကိုသွင်းပါ။
ဒီဆော့ဝဲလေးကိုသွင်းပြီးပြီဆိုရင် Go Launcher EX ရဲ့ Theme Gallery ထဲကနေ အခုသွင်းလိုက်တဲ့ Sexy JB Theme လေးကိုရွေးပေးလိုက်ရုံပါပဲ။ အောက်က link မှာရယူနိုင်ပါတယ်။
Sexy JB GO Launcher EX Theme v2.0 for Android အားရယူရန်


Samsung Galaxy S3 Interface ကို မိမိဖုန်းတွင် သွင်းခြင်း



Samsung Galaxy S3မှာပါတဲ့ User Interface မျိုး မိမိဖုန်းမှာ ထည့်ချင်သူများအတွက်ပါ။
ပထမဆုံး Go Launcher ကိုဒေါင်းလိုက်ပါ။ Go Launcher နောက်ဆုံးထွက် version နှစ်ခုလုံးတင်ပေးထားပါတယ်။
မည်သည့် version မဆိုရပါတယ်။အဆင်ပြေအောင် နှစ်မျိုးလုံးတင်လိုက်တာပါ။
အောက်ပါလင့်တွင် ဒေါင်းပါ။

Go Launcher Version 3.11 ကိုဒေါင်းရန်

(or)

Go Launcher Version 3.10 ကိုဒေါင်းရန်


Go launcher ဒေါင်းပြီးရင်ဒုတိယအဆင့်အနေနဲ့ Galaxy S3 Theme ကိုဒေါင်းပါ။
အောက်ပါလင့်တွင် ဒေါင်းပါ။

Galaxy S3 Theme ကိုဒေါင်းရန်


ဒါဆိုရင်တော့ မိမိဖုန်းမှာ Galaxy s3 အသွင် အလန်းစား သုံးလို့ရနေပါပြီ။
ပိုပြည့်စုံသွားချင်ရင် နောက် galaxy s3 live wallpaper လိုချင်ရင်အောက်မှာ down ပါ။

Samaung Galaxy S3 Live Wallpaper ကို ဒေါင်းရန်


ကဲ အားလုံးကို install လုပ်ပြီးရင်တော့ Samsung Galaxy S3 Interface ကို မိမိဖုန်းတွင် သွင်းခြင်းပြီးပါပြီ။
Galaxy S3 interface နဲ့လန်းနိုင်ကြပါစေ….

သီချင်းနားထောင်လျှင် စာသားဖော်ပြပေးသော Apk

ဒီကောင်လေးနဲ့ သီချင်းဖွင့်ရင် စာသားပါ မြင်ချင်တဲ့သူငယ်ချင်တွေ အတွက် ပါ
http://www.crintsoft.com/ မှာလေ့လာပြီးကြိုက်ရင် အောက်ကလိပ်စာမှာရယူနိုင်ပါတယ်
အသုံးပြုမယ်ဆို အင်တာနက်ကွန်ရှင်ရှိဖို့လိုပါတယ် (မြန်မာသီချင်းမပါ)
Download>>>zippyshare(or)sharebeast (or)lastbox

Tuesday, January 29, 2013

မြန်မာ့ရှမ်းကိုးမီးကစားချင်သူတွေအတွက်ပါ( Android )

ဒါလေးကတော့ Facebook မှာရေပန်းစားနေတဲ့ မြန်မာ့ ရှမ်း ကိုးမီး ဖြစ်ပါတယ်…..
လိုချင်သူတွေအနေနဲ့ဒေါင်းလို့ရအောင်တင်ပေးလိုက်ပါတယ်……
http://www.mediafire.com/?pc77xrr9ri2i6by

KakaoTalk Free Calls & Text V3.6.1 For Android

Android စက်ရုပ်သမားတွေအတွက် Viber ထက်လန်းတဲ့ KakaoTalk ဆော့ဝဲအလန်းလေးပါ အသံထွက်ကြည်သလို ဖက်ရှင်တွေလည်းတော်တော် စုံပါတယ် စာရိုက်တဲ့အခါမှာလည်း အသုံးပြုတဲ့ မျက်နှာပြောင်အရုပ်လေးတွေဟာလည်း တော်တော်ကိုလန်းပါတယ် ။ Viber လို အသံမကြည်တာတို့ ခဏခဏကျတာတို့လည်း မရှိပါဘူး အရမ်းကောင်းတဲ့ဆော့ဝဲလေးပါ Viber ကိုကြိုက်တဲ့သူ လူဦးရေ 2 သိန်းကျော်ပဲရှိပါတယ် ဒီKakaoTalk ကိုကြိုက်တဲ့သူက 1 သန်းပြည့်တော့ပါမယ် ။ အသုံးပြုတာ လုပ်ရတာ Viber လိုပါပဲ ကိုယ့်နိုင်ငံရွေး ပြီးရင်ဖုန်းနံပါတ်ဖြည့်လိုက်တာနဲ့ သူပို့ပေးတဲ့ကုဒ်နံပါတ်ထည့်ပေးလိုက်ပါ အဆင်ပြေသွားပါပြီ သုံးကြည့်လိုက်ပါ ကြိုက်သွားပါလိမ့်မယ် ။ အခုထွက်တဲ့ နောက်ဆုံးဗားရှင်းလေးကို တင်ပေးလိုက်ပါတယ် ဆိုဒ်က 5 MB ပဲရှိပါတယ် နည်းနည်းလေးပါ အားလုံးပဲ အဆင်ပြေကြပါစေ....။



ဒီဗားရှင်းဟာ မားကပ်မှာ အခုနောက်ဆုံးထွက်ဗားရှင်းဖြစ်ပါတယ် ။ ဖက်ရှင်အသစ်တစ်ခုတိုးလာပါတယ် ။ Friends အပ်ဖို့ရန်လွယ်ကူစေဖို့ QR ဆိုတဲ့နည်းလေးတိုးလာပါတယ် ။ ကိုယ်အပ်မယ့်သူတစ်ယောက်ရဲ့ QR ဓါတ်ပုံကို Kakao ထဲကနေ ကင်မရာဖွင့်ပြီး ဖတ်လိုက်တာနဲ့ ကိုယ်အပ်မယ့်သူပေါ်လာပါလိမ့်မယ် ။ ကိုယ်ပိုင် QR ယူနည်းနဲ့ ။ အပ်မယ့်သူရဲ့ QR ဖတ်နည်းကို အောက်မှာ သေချာရေးပေးပါ့မယ် ။

Friends အပ်နည်းကတော့.......

ဘယ်ဘက်ထောင့်ဆုံးက Friends ဆိုတဲ့အထဲကိုဝင်လိုက်ပါ ပြီးရင် အောက်ကMenu ခုလုတ်ကိုနှိပ်ပါ Find ဝင်ပါ အဲဒီမှာ Find Friends with IDs ရွေးပြီး သူငယ်ချင်း ID ကိုရိုက်ပြီးရိုက်လိုက်ပါ ပြီးရင်နှိပ်ပြီးအပ်လိုက်ပါ ID မှားနှိပ်မိရင် တခြားတစ်ယောက်ကိုမှားအပ်တာကြီးဖြစ်နေတတ်ပါတယ် ခိခိ စိတ်ချရတဲ့နည်းကတော့ ဖက်ရှင်အသစ်တိုးလာသော QR နဲ့အပ်နိုင်ပါတယ်

QR နဲ့ Friends အပ်နည်းကတော့.......

ဘယ်ဘက်ထောင့်ဆုံးက Friends ဆိုတဲ့အထဲကိုဝင်လိုက်ပါ ပြီးရင် အောက်ကMenu ခုလုတ်ကိုနှိပ်ပါ Find ဝင်ပါ အဲဒီမှာ Find Friends with QR code အဲဒီကိုဝင်လိုက်ရင် ကင်မရာပွင့်သွားမယ် ကိုယ်အပ်မယ့်သူရဲ့ QR ကိုဖတ်လိုက်ရင် ကိုအပ်မယ့်သူပေါ်လာမယ် ။ ကိုယ်ပိုင် QR ယူနည်းကတော့ အဲဒီပွင့်လာတဲ့ကင်မရာအောက်နားမှာ My QR code ဆိုတာဝင်လိုက်ပါ ကိုယ်ပိုင် QR ပေးပါလိမ့်မယ် အဲဒီပုံကို သိမ်းထားချင်ရင်ပဲဖြစ်ဖြစ် ရှယ်ချင်ရင်ပဲဖြစ်ဖြစ် အောက်မှာနှိပ်ပြီး သိမ်းနိုင်ပါတယ် ။ ပြီးရင် ကိုယ့်သူငယ်ချင်းက ကိုယ့်အပ်ချင်ရင် အဲ့ပုံပေးလိုက်ယုံပါပဲ ဖတ်ပြီးအပ်နိုင်ပါပြီ ကိုယ်အပ်မယ့်သူ တိတိကျကျကို ထွက်လာပါမယ်.......တိန့် တိန် တိန်

((  Find Friends with QR code ဆိုတဲ့စာတန်းဟာ အရင်ဗားရှင်းတွေမှာ မပါပါဘူး နောက်ထွက်ဗားရှင်းမှာပဲ ပါပါတယ် ))










မားကပ်မှာ အခုနောက်ဆုံးထွက် ဗားရှင်း KakaoTalk Free Calls & Text V3.6.1 ကို လိုချင်သူများ ဒီမှာဒေါင်...

Monday, January 28, 2013

Viber voice code activation လွယ်လွယ်တောင်းမယ်

Viber အတွက် Code တောင်းရ ခက်နေတဲ့ သူတွေ ပြန်မပို့တဲ့သူတွေအတွက်
Website ကနေ တောင်းဖို့
ဒီအောက်က Link လေးမှာ သွားရောက်တောင်းဆိုနိုင်ပါတယ်။

Saturday, January 26, 2013

ရထားမောင်းကြမယ်

Mobile Alarm System v1.2.3 for Android


Android ဖုန်းပိုင်ရှင်တွေအတွက် Mobile Alarm System လို့ခေါ်တဲ့ဆော့ဝဲလေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ။ ကိုယ့်ဖုန်းတစ်နေရာမှာမေ့ကျန်ခဲ့လို့ဖြစ်စေ ၊ တစ်နေရာမှာ ခဏထားခဲ့လို့ဖြစ်စေ ၊ ကိုယ်မရှိခင်အချိန်လေးမှာ တခြားသူတစ်ယောက်ယောက်က ကိုယ့်ဖုန်းကို ကိုင်တာမျိုးကိုမကြိုက်ဘူးဆိုရင် အခုမိတ်ဆက်ပေးမယ့်ဆော့ဝဲလေး Mobile Alarm System ကိုအသုံးပြုနိုင်ပါတယ်။ Android ဖုန်းတော်တော်များများမှာအသုံးပြုနိုင်ပါတယ်။ ဒီဆော့ဝဲလေးနဲ့လုပ်နိုင်တဲ့အချက်ကတော့
-ဖုန်းကိုလက်ရှိထားတဲ့နေရာကနေ ရွေ့သွားအောင်ကိုင်မိရင် ဖုန်းက Alarm ထမြည်လာခြင်း
-Proximity Sensor ကိုအသုံးပြုထား၍ ဖုန်းရဲ့မျက်နှာပြင်ကိုထိလိုက်တာနဲ့ ဖုန်းက Alarm ထမြည်လာခြင်း
- ဖုန်းကို ကွန်ပျူတာနဲ့ချိတ်ဆက်ထားစဉ် (သို့) အားသွင်းနေစဉ် ဖုန်းကြိုးကိုတစ်ယောက်ယောက်က ဆွဲဖြုတ်လိုက်တာနဲ့ ဖုန်းက Alarm ထမြည်လာခြင်း
- ဖုန်းမှာပါတဲ့ Camera ကို ဆော့ဝဲက auto အသုံးပြုပြီး ဖုန်းရှေ့မှာ တစ်စုံတစ်ခုလှုပ်ရှားမှုတွေ့တာနဲ့ ဖုန်းကချက်ချင်း Alarm မြည်ပြီး အဲဒီလှုပ်ရှားမှုအဖြစ်အပျက်ကို ဓာတ်ပုံရိုက်ယူထားနိုင်ခြင်း စတဲ့ features အလန်းစားတွေပါဝင်ပါတယ်။ ဒီဆော့ဝဲလေးကို Google Play မှာ ၁.၂၅ ဒေါ်လာနဲ့ဝယ်ယူရရှိနိုင်ပြီး          ဒီမှာတော့ freedownload ရယူနိုင်ပါတယ်။ အောက်က link မှာရယူနိုင်ပါတယ်။

Mobile Alarm System v1.2.3 ကိုရယူရန် 

Folder Organizer v3.6.4 APK

ဒီ Application ဟာ Android OS အတွင်းမှာရှိတဲ့ Application တွေကို သက်ဆိုင်ရာတူညီရာတွေကိုစုစည်းပြီး Folder တစ်ခုထဲမှာ ထည့်သွင်းသိမ်းဆည်းပြီး အသုံးပြုနိုင်အောင် စီစဉ်ပေးနိုင်တဲ့ Application တစ်ခု ဖြစ်ပါတယ်။ သင်ထည့်သွင်းချင်တဲ့ Application Icon ကို ဖိနှိပ်ပြီး Drag ဆွဲ၍ Folder တစ်ခုထဲအတွင်းမှာ စုဆောင်းသိမ်းဆည်းနိုင်မှာဖြစ်ပါတယ်။

Required Android O/S : 2.1+

Screenshots :
 
 
 

Download : 2.8Mb APK

Friday, January 25, 2013

ပြိုင်ဘက် browser များထက် ၂၀ ရာခိုင်နှုန်းလျင်မြန်သည့် Baidu မိုဘိုင်း Android browser


တရုတ် search engine ကုမ္ပဏီ Baidu ကပြိုင်ဘက်မိုဘိုင်း browser များထက် ၂၀ ရာခိုင်နှုန်း ပိုမိုလျင်မြန်သည့်မိုဘိုင်း browser သစ်တစ်မျိုးကို Android ဟန်းဆက်များအတွက် ဖြန့်ချိပေးခဲ့သည်။

Baidu Explorer ဟုအမည်ရသည့် အဆိုပါမိုဘိုင်း browser သစ်ကို နှစ်စဉ်ကျင်းပပြုလုပ်သည့် developer conference တွင် မိတ်ဆက်ကြေညာခဲ့ခြင်းဖြစ်ပြီး ၎င်းတွင် T5 ဟုခေါ်သည့် engine သစ်ကို အသုံးပြုထားသောကြောင့် စွမ်းဆောင်ရည်အလွန်ကောင်းမွန်ကြောင်း သိရသည်။ ထို့အပြင် မိုဘိုင်းဖုန်းများဖြင့် အင်တာနက်အသုံးပြုကြသည့် တရုတ်ဈေးကွက်အတွက်ရည်ရွယ်ပြီး Baidu Explorer တွင် Baidu search engine ကိုပေါင်းစပ်ထည့်သွင်းပေးထားသည်။ Baidu Explorer ကို Android အပြင် Windows Phone (Mango) အတွက်လည်း ထုတ်လုပ်ထားသည်။ ၎င်းကို http://shouji.baidu.com/browser တွင် တိုက်ရိုက် download ရယူနိုင်ပြီး Android 2.2 နှင့်အထက်တွင် အသုံးပြုနိုင်သည်။

Thursday, January 24, 2013

Android ဖုန်း Setting ကို မြန်မာလိုဘာသာပြန်ပြီး လန်းရအောင် or Apk Multi-Tool (Update Post)

ဒီပိုစ့်လေးမှာတော့ Setting ကိုမြန်မာလိုပြင်နည်းလေးပဲရေးလိုက်ပေမဲ့ သုံးတတ်ရင်သုံးတတ်သလို ကျန်တာတွေပါပြင်လို့ ကလိလို့ရပါတယ်။

အရင်ဆုံး Download ကစပါမယ်:D
ပထမဆုံးကတော့ ကိုယ့်ကွန်ပျူတာမှာ Java သွင်းထားဖို့လိုပါမယ်။ မသွင်းရသေးရင် အောက်မှာဒေါင်လုပ်လုပ်ပြီးသွင်းပါ။

Java အားရယူရန်

Java ကို computer မှာ install လုပ်ပြီးရင် Adb ဆိုတာကိုလဲ သွင်းဖို့လိုပါတယ်။ Adb သွင်းကြရအောင်။။။

Adb ဖိုင်အားရယူရန်

၁။ ကွန်ပျူတာထဲမှာ Folder အသစ်တစ်ခုဆောက်ပြီး Android လို့ နံမည်ပေးပါ။
၂။ ဒေါင်းလုပ်ဆွဲလို့ရလာတဲ့ adb.zip ဖိုင်ကိုဖြည်ပြီး အထဲက ADB ဖိုင်ထဲမှာ ရှိသမျှဖိုင်တွေကို စောစောက အသစ်လုပ်ထားတဲ့ Android ဖိုဒါထဲထည့်ပါ။
၃။ Window key+R ကိုနှိပ်ပြီး Run program ကို ဖွင့်လိုက်ပြီး cmd.exe ကိုရိုက်ပြီး Enter ခေါက်ပါ။
၎။ cmd ပေါ်လာရင် ဒီအောက်က အတိုင်းရိုက်ပေးပါ။
>d:
cd android
adb devices
( d ဆိုတဲ့နေရာမှာ ကိုယ်က Android ဆိုတဲ့ folder ကို C drive ထဲမှာထားရင် C လို့ပြင်ရိုက်ပါ။ ဒါဆိုရပါပြီ။
မှတ်ချက်။    ။ကွန်ပျူတာထဲမှာ အကြောင်းအမျိုးမျိုးကြောင့် Android SDK သွင်းထားပြီးရင် Adb ထပ်သွင်းစရာမလိုတော့ပါဘူး။
အောက်မှ Apk Multi-tools ကိုဒေါင်းလုပ်ဆွဲပါ။

Apk Multi-Tools Download

၁။ Root Explorer app သုံးပြီးတော့ ဖုန်းထဲက System>app ထဲက setting.apk နဲ့ System>framework ထဲက framework-res.apk ကို copy ကူးပြီး ကွန်ပျူတာထဲထည့်ထားပါ။
၂။ ဒေါင်းလုပ်ဆွဲလို့ရလာတဲ့ zip ဖိုင်ကိုဖြည်ပါ။ဖြည်လို့ရလာတဲ့ Apk Multi ဖိုဒါထဲကိုဝင်၊ other  ဖိုဒါထဲကို ဆက်ဝင်ပြီး အဆင့် ၁ မှာရလာတဲ့ framwork-res.apk ဖိုင်ကိုအဲဒီ other ဖိုဒါထဲကို ထည့်ပါ။
၃။ Apk Multi-tools folder ထဲက 25kB ရှိတဲ့ ဒုတိယ Setup.bat ကို run ပါ။

၎။ အပေါ်က ပုံအတိုင်းပေါ်လာရင် option 2 ကိုရွေးပါ။ Keyboard ကနေ 2 လို့ရိုက်ပြီး Enter ခေါက်ရုံပါပဲ။ ပြီးရင် install framework ဖြစ်တဲ့ option 1 ကိုရွေးပါ။
၅။ ပြီးသွားလို့ အပေါ်က screen ကိုပြန်ရောက်ရင် option 3 ကိုရွေးပါ။  Press any key to continue လို့ပေါ်လာရင် key တစ်ခုခုနှိပ်လို့ ပထမ screen နေရာပြန်ရောက်ရင် အဲဒီဟာကို ပိတ်လိုက်လို့ရပါပြီ။ (ပထမဆုံး software အသုံးပြုခါနီး တစ်ခါလုပ်ပီးရင် နောက်ထပ်လုပ်စရာမလိုတော့ပါဘူး)
၆။ အဆင့် ၁ မှာ ကွန်ပျူတာထဲထည့်ခဲ့တဲ့  setting.apk ကို ” place-apk-here-for-modding ” လို့ရေးထားတဲ့ ဖိုဒါထဲကိုထည့်ပါ။
၇။ Script.bat ကို Double click နှိပ်ပြီး run ပါ။

၈။ အပေါ်ပုံမှာ မျှားပြထားတဲ့ Option ဖြစ်တဲ့ Option 10 ကိုရွေးချယ်ပါ။ (10 လို့ရိုက်ပြီး Enter ခေါက်ပါ။)။  အဆင့် ၁ မှာ လုပ်ခဲ့တဲ့ framework-res.apk ဖိုင်ကို mouse နဲ့ပဲ အပေါ်က screen အမဲကြီးပေါ်ကို ဆွဲထည့်လိုက်ပါ။ ပြီးရင် enter ခေါက်ပါ။
၉။ ပြီးလျှင် အဲဒီ software ကို ဘေးခဏဖယ် (Minimized လုပ်ပြီး) စောစောက Apk Multi-tools ဖိုဒါထဲသွားပါ။ Project ဆိုတဲ့ ဖိုဒါရှိပါတယ်။ အဲဒီထဲဝင်လိုက်ရင် Setting.apk ဆိုတဲ့ နံမည်နဲ့ ဖိုဒါလေးတွေမှာပါ။
ဒီကောင်ကို အရင်မပြင်ခင် trick လေးလုပ်ရအောင်။ ( ဘာလို့ trick လုပ်တာလဲဆိုရင် အထဲမှာဖိုင်ကိုဝင်ပြင်ပြီးသွားလို့ apk ကိုပြန်ပေါင်းထုတ်တဲ့အခါ အလုပ်လုပ်ဖို့လိုတဲ့ memory ပမာဏကများပါတယ်။ အဲဒါကြောင့်မပြင်ခင် ပြန်ပေါင်းထုတ်ပေးလိုက်တဲ့အတွက်ကြောင့် လိုအပ်တဲ့ဖိုင်တည်ဆောက်မှုက နည်းသွားတဲ့အတွက် Apk Multi-tool software က handle လုပ်နိုင်သွားပါတယ်။ မနေ့ကမှ တွေ့ထားတဲ့ လတ်လတ်ဆတ်ဆတ် solution လေးပါ:P)
၁၀။ အဲဒါဆို စောစောက ဘေးဖယ်ထားခဲ့တဲ့ software ဆီပြန်သွားပြီး Option 11 ကိုရွေးပါ။ Building apk ဆိုတဲ့ အဆင့်မှာကြာနေမှာဖြစ်ပါတယ်။
၁၁။ အချိန်တစ်ခုပြီးဆုံးသွားတဲ့အခါ မေးခွန်းတစ်ခုမေးပါလိမ့်မယ်။ n လိုက်ရိုက်ပြီး enter ခေါက်ပါ။
၁၂။ ပြီးရင် အဆင့်၃ မှာ သွားခဲ့တဲ့ ” place-apk-here-for-modding ” ဆိုတဲ့ ဖိုဒါထဲသွားပြီး System_Setting.apk ဆိုတဲ့ ဖိုင်လေးကို delete လုပ်လိုက်ပါ။
၁၃။ ပြီးရင် စောစောက(အဆင့် ၇) Project ဖိုဒါထဲပြန်သွားပြီး Setting.apk ဖိုဒါထဲက res ဖိုဒါထဲကိုဝင်ပါ။
၁၄။ res ဖိုဒါထဲမှာ Values ဆိုတဲ့ ဖိုဒါကိုရှာပြီး အဲဒီထဲဝင်လိုက်ပါ။
၁၅။ String.xml ဆိုတဲ့ဖိုင်လေးကို Right Click နှိပ်ပြီး Note++ ကိုရွေးပေးပါ။ (Note++ software အား Google တွင်အလွယ်တကူရှာပြီး Download & Install လုပ်နိုင်ပါတယ်)
၁၆။ အဲဒီကျရင်တော့ Program တွေရေးထားတဲ့ စာတွေကိုမြင်ရမှာပါ။ အဲဒီ Note++ ရဲ့ အပေါ်ဘက်နား File တို့ Edit တို့ဘေးမှာ Search ဆိုတာရှိပါတယ်။ Search ထဲကို သွားပြီး Find ကိုရွေးပေးပါ။
၁၇။ ပေါ်လာတဲ့ box လေးက Replace ဆိုတဲ့ tab လေးကိုရွေးပေးပါ။ (Find tab ရဲ့ဘေးမှာပါ)
၁၈။ Find what ဆိုတဲ့နေရာမှာ ကိုယ်ပြင်ချင်တဲ့ စာကိုရိုက်ပါ။ (ဥပမာ- Wifi ကိုပြင်ချင်တယ်ဆိုရင် Wifi လို့ရိုက်ပါ)
၁၉။ ပြီးရင် အောက်က Replace with ဆိုတဲ့နေရာမှာ အစားထိုးချင်တဲ့စာသားကိုရိုက်ပါ။ (ဥပမာ- ဝိုင်ဖိုင်)
၂၀။ ပြီးရင်တော့ အဲဒီ  box လေးရဲ့ညာဘက်ခြမ်မှာ Find next ဆိုတာကိုနှိပ်လိုက်ရင် Wifi ဆိုတဲ့နေရာကို ညွှန်ပြပေးပါတယ်။ အောက်ကပုံအတိုင်းပါ။

၂၁။ မှတ်ထားဖို့က Wifi (ဥပမာ) လို့ပါတဲ့နေရာတိုင်းကို ပြောင်းရမှာမဟုတ်ပါဘူး။ အပေါ်က ပုံမှာပြထားတဲ့ နေရာမျိုးက စာလုံးမှာပဲ အစားထိုးရမှာပါ။ လေးထောင့်တုန်းလေးတွေနေရာမှာပေါ့။  ပုံကိုကြည့်မယ်ဆိုရင် လောလောဆည် ဘယ်ဘက်နားက wifi ဆိုတာလေးကို ညွှန်နေပါတယ်။ အဲလိုဆိုရင် Find next ကို ထပ်နှိပ်ပြီး ညာဘက်ခြမ်း </string> လို့ရေးထားတဲ့စာရဲ့ ရှေ့က နေရာက စာသားတွေမှာအစားထိုးရမှာပါ။ ပုံထဲက အစားမထိုးရသေးတဲ့ နေရာတစ်ခုကို ကြည့်မယ်ဆိုရင် Line no. 501 က wifi_error ဆိုတာကို တွေ့မှာပါ။ အဲဒီမှာ အစားမထိုးပဲနဲ့ အဲဒီဘေးက Error လို့ အမဲရောင်နဲ့ရေးထားတဲ့ နေရာတွေမှာပဲ အစားထိုးမှာပါ။ အဲဒီ error မှာအစားထိုးမယ်ဆိုရင် search မှာ error လို့ရိုက် Find next နဲ့ အဲဒီနေရာမရောက်မချင်း နှိပ်သွား ရောက်ရင် replace ဆိုတာကို နှိပ်ပါ။ (အစားထိုးမယ်ဆိုရင် Find next အောက်က replace ကိုနှိပ်ပါ။)
၂၂။ အဲလိုပုံစံမျိုးနဲ့ စာတွေကို replace လုပ်သွားရုံးပါပဲ။ Search နဲ့ replace မလုပ်ချင်ရင်လဲ ကိုယ့်ဘာသာအဲဒီ page မှာမဲ mouse နဲ့စာကိုထောက် delete လုပ်ပြီး ရေးထားတဲ့ စာကိုရိုက်ထည့်လိုက်ပေါ့။ (စာကတော့ အဲဒီနေရာမှာပဲရိုက်ရင် အတုန်းတွေပဲမြင်ရမှာပါ။ Newfolder အသစ်ကိုတစ်နေရာမှာလုပ်ပြီး အဲဒီ folder ကို  rename လုပ် ပြီးရင် copy ကူးထည့်၊ လဲရတာပဲနော့်:)
၂၃။ replace လုပ်လို့ပြီးသွားရင်တော့ save လုပ်ပြီး Note++ ကိုပိတ်လိုက်ပါ။
၂၄။ အဆင့် ၉ မှာ ဘေးဖယ်ထားတဲ့ software ကိုပြန်ဖွင့်ပြီး option 11 ကိုရွေးပါ။ 11 လို့ရိုက်ပြီး enter ခေါက်။
၂၅။ Building apk လို့ပေါ်နေမှာဖြစ်ပြီး ပြီးသွားရင် မေးခွန်းတစ်ခုမေးမှာဖြစ်ပါတယ်။ y ကိုရွေးပေးပါ။
၂၆။ n လို့ရွေးပြီးသွားလို့ Please make your decision ဆိုတဲ့နေရာပြန်ရောက်ရင် အဲဒီ software ကိုပိတ်ပြီး ” place-apk-here-for-modding ” ဆိုတဲ့ ဖိုဒါဆီပြန်သွားပြီး System_Setting.apk ဆိုတဲ့ ဖိုင်လေးကို System_ ဆိုတာလေးဖြုတ်ပစ်ပြီး နံမည်ကိုပြင်လိုက်ပါ။
၂၇။ ပြီးသွားရင်တော့ Setting.apk ဆိုတဲ့ဖိုင်လေးရသွားပါပြီ။
၂၈။ ဖိုင်လေးကို သွင်းရလွယ်ကူအောင် CWM flashable zip လေးပါထည့်ပေးလိုက်ပါရစေ။ CWM နဲ့ install မလုပ်ချင်ရင်လဲ Root Explorer သုံးပြီး System>app ထဲမှာ overwrite လုပ် permission ကို rw-r–r– ပြောင်းပေးပြီး ဖုန်းကို reboot ချလိုက်လဲရပါတယ်။

၂၉။ CWM flashable zip ဒေါင်းရန်

၃၀။ 7zip software ဒေါင်းရန်

၃၁။ အဆင့် ၂၈ မှာဒေါင်းလို့ရတဲ့ software ကိုကွန်ပျူတာမှာ install လုပ်ပါ။
၃၂။ အဆင့် ၂၇ မှာဒေါင်းလို့ရတဲ့ zip ကို Right click နှိပ်ပြီး 7zip ကိုရွေး Open Achieve ကိုဆက်ရွေးပေးပါ။
၃၃။ ပေါ်လာတဲ့ box လေးကနေ system>app ဖိုဒါဆီအဆင့်ဆင့်သွားပေးပါ။ app ဖိုဒါထဲက setting.apk လေးကို delete လုပ်ပါ။
၃၄။ ပြီးရင် ကိုယ်ပြင်ထားတဲ့ setting.apk ဖိုင်လေးကို အဲဒီ app ဖိုဒါထဲကို ဆွဲထည့်လိုက်ပါ။ Mouse နဲ့ဆွဲထည့်လိုက်ရုံပါပဲ။
၃၅။ ပြီးရင် အဲဒီ box လေးကို ပိတ်ပြီးတော့ zip ဖိုင်ကို sd card ထဲထည့် CWM recovery နဲ့ install လုပ်လိုက်ရင် ပြီးပါပြီ။ နောက်
နောက်ပိုင်း system ဖိုင်ထဲက app တွေကို overwrite လုပ်ရင်ပဲဖြစ်ဖြစ် system ဖိုင်ထဲကို app သွင်းချင်ရင်ပဲဖြစ်ဖြစ် အဲဒီ zip လေးထဲကို အပေါ်က အဆင့်အတိုင်း လုပ်ပြီး လွယ်ကူစွာ သွင်းနိုင်ပါပြီ။
အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပစေ။        ။
Samsung တချို့ဖုန်းတွေအတွက် မရဘူးလို့ Feedback တွေရပါတယ်။ အဲဒီဖုန်းတွေအတွက်ကတော့ အဆင့် 1 ကနေ 5 အတိုင်း framework-res.apk အပြင် twframework-res.apk ဆိုတဲ့ file ကိုပါ တပါတည်း install လုပ်ကြည့်စေချင်ပါတယ်။

Spy Camera

scam
ခိုးကြောင် ခိုးဝှက် ဓါတ်ပုံရိုက်ဖို့ လိုအပ်တဲ့ ဘော်ဘော်တွေ အတွက် ။ ဒါမှ မဟုတ် လိုအပ်လာတဲ့ အခါ သုံးဖို့  ဒီ ကင်မရာလေးတော့ ရှိထားမှ ဖြစ်မှာပဲ။ :P ;P
Android Phone အားလုံးနီးနီးနဲ့ ကိုက်ညီမှု ရှိပါတယ်။
Feature တွေ တစ်ချက်လောက် လေ့လာလိုက်ကြပါဦးနော်။
- Open source
- Small size application
- Full/max camera resolution
- Fast capture
- Back/front camera
- Auto shot with delay setting
- Face detection auto shot
- Black screen (touch to capture)
- Pinch to zoom
- Hide/show folder on Gallery
- Vibration
- Video Recording (New & Experimental)
- Save to internal/external storage
ကဲ ဒါက Screen Shoot လေးတွေ
11attachment.php
Android Phones တော်တော်များများမှာ စမ်းသပ် အသုံးပြုပြီး ဖြစ်ပါတယ်။
ကဲ လိုချင်ရင် အောက်ကလင့်ခ် လေးမှာ ဒေါင်းလိုက်ပါနော်။။။
Syp Camera OS(Open Source)

Wednesday, January 23, 2013

App Hider for Root User

Screenshot_2013-01-15-10-15-12
App Hider Application လေးပါ။တော်တော်လေး အသုံးပြုနိုင်တဲ့ 
Application ကောင်းလေးပါ။ ဒီ Application လေးကို
Root ထားမှသာ အသုံးပြုနိုင်မှာပါဗျ။မိမိတို့ ဖုန်းကို တစ်ခြားသူများအသုံးပြုတဲ့ 
အခါကျတော့ မိမိတို့ မမြင်စေချင်တဲ့  Application လေးတွေကိုဖျောက်ထားချင်တဲ့ 
အခါမျိုးမှာ အသုံးပြုနိုင်ပါတယ်ဗျ။ Application လေးကို အသုံးပြုပုံကတော့
ပထမဦးဆုံး Application လေးကိုဖွင့်ပါ။ Password ပေးပါ။အောက်က box မှာ ထပ်ပြီး
Repeat Password ပေးပါ။ အဲဒါဆို အသုံးပြုနိုင်ပါပြီ။
Screenshot_2013-01-15-10-15-30Screenshot_2013-01-15-10-15-56
အောက်တွင်းဒေါင်းနိုင်ပါတယ်။

LinkWithin

Related Posts Plugin for WordPress, Blogger...

ဆာ