ငါတတ်ငါတော် ငါအကျော်ဟု၊ ငါသော်စိတ်ထား မရှိငြားလည်း၊ ငါကားငယ်ရွယ် ဥာဏ်မကြွယ်၍၊ အဘယ်သို့လျှင် အမှားစင်အံ့၊ အကြင်သူတော် ပညာကျော်သည်၊ ချွတ်ချော်လွဲမှား ငါ့စကားကို၊ စိတ်ထားဖွေးဖြူ ပြင်တော်မူ။

android လုလင်မှာ ရှာမှာလား

ဝါသနာတူသူငယ်ချင်းများမန်ဘာဝင်ရန် Join this siteကို နိုပ်ပြီးGoogle ကိုရွေးပြီးမိမိ gmail နဲ့ဝင်ပါ

Facebook page မှာ like လုပ်ပြီးကူညီကြပါနော်

Thursday, August 30, 2012

Talking Parrot [Update Version 1.0


Talking Parrot [Update Version 1.0 screenshot 0 Talking Parrot [Update Version 1.0 screenshot 1
ဟိုတစ်ခါတင်တာနဲ့ မတူဘူးနော်
ဒါက Update Version နော်

Download Talking Parrot [Update Version 1.0

Download

စကားပြောယုံမကအစုံလုပ်ပြမဲ့ရှဉ့်ကလေး

Talking James Squirrel 2.0's Screenshots

Talking James Squirrel 2.0 screenshot 0 Talking James Squirrel 2.0 screenshot 1

 

Talking တွေအများကြီးတွေထဲကမှ လုလင်တော့ ဒါလေး ကြိုက်တယ် ဗျာ

စကားပြောယုံမကအစုံလုပ်ပြမဲ့ရှဉ့်ကလေးပါ

ကိုယ်စကားမပြောတော့ရင် သူက ပျင်းလာပြီး အိပ်ငိုက်ပြလိုက်သေးတယ် 

နောက်ပြီး ဘေးက ကျောက်ခဲလေးကို ၀ါးစားပြမယ် 

မီးခလုတ်ကိုဆော့ပြမယ် 

ပြီးကပြမယ် 

နောက်ဆိုးတာက ဖုန်းscreen ကို ပါ ကန်ထဲ့ရင်

ဖုန်းscreenပါအက်ကွဲသွားမယ်နော်

ဒါအပြင့်ဂိမ်းလေးတွေလည်းထပ်ပါသေးတယ်နော်

ကဲ မွှန်းနေတာ များပြီ လိုချင်ရင် အောက်မှာဒေါင်းစေ

Download Talking James Squirrel 2.0

 

 


screenshot 2.4


screenshot 2.4 screenshot 0 screenshot 2.4 screenshot 1
ဟိုတစ်ခါတင်တဲ့ဖုန်းပေါ်က screen ကိုဖမ်းမယ် Screencast 2.8 ကကောင်းပေမဲ့
statubar ဆွဲလို့မရတဲ့ ဟာတွေနဲ့ ကြုံတော့ အခက်တွေ့တာပေါ့
ဒီကောင်လေးကတော့ အဲလိုstatubar ဆွဲလို့မရတဲ့အခါ သုံးလို့ရတယ်နော်
ဖုန်းကို shake လုပ်လိုက်ရင် အဆင်ပြေပါပြီ
ကြိုက်ကြမယ်လို့ ထင်ပါတယ်
လိုချင်သူများ ဒေါင်းကြလေ

Download screenshot 2.4

ဘိလိယက်ဂိမ်းနောက်တစ်မျိုးနော်

 Pool Break Demo
Pool Break Demo လို့ခေါ်ပါတယ်
ဒါပေမယ့် ဟိုတုန်းက တင်ထားတဲ့ Android ဖုန်းတွေအတွက် International snooker ဂိမ်း အဲဒါလောက်မမိုက်ဘူးဗျ
ဒါလေးကလဲ ရုပ်ထံက်ကောင်းပါတယ် နဲနဲ တော့ စနိုးစနောင့်ဖြစ်မလားလို့
စမ်းသုံးကြည့်ချင်ရင် ယူကြပေါ့နော့်
Download

Media Player - trial v.2.2Trial

 Media Player - trial v.2.2Trial screenshot 0Media Player - trial v.2.2Trial screenshot 3
ဒီ Media Player - trial ကျတော့ တစ်မျိုး ဆန်းတယ်နော်
ဒီplayer က ဗီဒီယိုတွေကြည့်နိုင်သလို
mp3 တွေကိုလည်း ယူပြီး နားထောင်လို့၇တယ်နော်

Download Media Player - trial v.2.2Trial

Download


Stream Media Player 4.0.3


Stream Media Player 4.0.3 screenshot 0 Stream Media Player 4.0.3 screenshot 1
သူလည်းကောင်းတာပဲ
ရုပ်ထွက်လည်းကောင်းသလို
အင်တာနက်က ဗီဒီယိုတွေလည်းကြည့်လို့ရတယ်လေ

Download Stream Media Player 4.0.3




အရမ်းလန်းတဲ့ live wallpaper လေးပါ

 Koi Free Live Wallpaper 1.5 screenshot 2 Koi Free Live Wallpaper 1.5 screenshot 3
အရမ်းလန်းတဲ့live wallpaper လေးပါ
ရေထဲမှာ ငါးကလေးတွေ သွားလာကူးခတ်နေတယ်
လက်နဲ့တို့လိုက်ရင် ရေလှုပ်သွားတော့ ငါးလေးတွေ က တခြားတဖက်မှာ သွားပုန်းရော
အရမ်းလန်းတယ်နော်
wallpaperပြောင်းလဲသုံးတတ်သူများ ကြိုက်ကြမယ် ထင်ပါတယ်

Download Koi Free Live Wallpaper 1.5



BasketBall ဂိမ်းလေးပါ

 BasketBall
ဘတ်စကတ်ဘော တဲ့ဗျာ
ကျွန်တော်လည်း မဆော့ရသေးလို့
ဘော်လုံးကို ဘယ်လိုထည့်ရမလဲ မတိပါသေးပါဘူး ခင်ဗျာ
ဝါသနာရှင်တွေ ဒေါင်းကြလေ
ပြီးရင် ဘယ်လိုဆော့ ရလဲ ပြန်ပြောကြပါအုံး ဟီး
Download

SMS/Talk Text Enlarger 1.2


SMS/Talk Text Enlarger 1.2 screenshot 0 SMS/Talk Text Enlarger 1.2 screenshot 1
ဒါလေးကလည်း ခဏတုန်းကလို ဆော့ဝဲလေးပါပဲ
သူကတော့ sms စာတွေကို ဆိုဒ်ကြီးကြီးနဲ့ ကြည့်ချင်ရင် သုံးတာပေါ့
မျက်လုံးမှုန်နေရင် ယူကြလေ ဟဲ ဟဲ စတာနော်
တော်ကြာပြောနေအုံးမယ်
ငါတို့ ယူတိုင်းမျက်လုံးမှုန်နေတယ် အောက်မေ့နေသလား မတိဘူးလို့လေ

Download SMS/Talk Text Enlarger 1.2

Download

android sudoku (AndSudoku)

 AndSudoku
android ဆုဒိုခုလေးပါ
ကျွန်တော်တော့ မဆော့ဖူးသေးပါဘူး
ဟီး စိတ်ညစ်လို့
အင်တာနက်ဂျာနယ်ကဟာတောင် တစ်ခါဆော့ ကြည့်တာ
စာတစ်အုပ်ကုန်တွားလယ် ဟီး ခေါင်းကိုက်ပျောက်ဆေးသောက်လိုက်ရတယ်
အဲဒိကတည်းက လန့်တွားလယ် ဆော့တော့ဝူး
သူငယ်ချင်းတို့ ၀ါသနာပါရင်တော့ ယူကြပေါ့
Download

မြန်မာ့မီးကို အံတုရအောင် ဟီးး

 aLighter
မိုးနဲ့ နွားတိုး အစိုးမရသလို သူလည်း အစိုးမရဘူးနော် ဟီး
ရုတ်တရက်မီးပျက်သွားလို့ မီးခြစ်လိုက်ရှာတာလည်း မတွေ့ဘူး ဖြစ်နေရင်တော့
အရေးပေါ် မီးခြစ်လေးသုံးကြည့်ပေါ့နော်
အဲ ကိုယ့်လက်ထဲ ဖုန်းကိုင်ထားရင်ပြောတာ ဟဲ ဟဲ
aLighter
Download

ဖုန်းမှာ နဂိုစာလုံးတွေသေးလို့ မျက်လုံးမှုန်နေလား ဒါလေးသုံးကြည့်လိုက်နော်


Big Font (change font size) 2.11 screenshot 0 Big Font (change font size) 2.11 screenshot 1
ကဲ ဒီတစ်ခါတော့ စာလုံးသေးတယ်ဆိုလို့အော်နေသူတွေအတွက်
စာလုံးဆိုဒ်ကို ကြီးအောင် လုပ်ပေးမဲ့ app tool လေးလာပါပြီဗျာ
ဆော့ဝဲကို run ပြီးရင် ကိုယ်လိုချင်တဲ့ ဆိုဒ်သာ ထားလိုက်
ဒါဆိုရပါပြီနော် ။

Download Big Font (change font size) 2.11

ရောင်စုံတုံးလေးတွေစီမယ်(Absolute Tris)

  Absolute Tris
ငယ်ငယ်တုန်းက ပွဲဈေးတန်းသွားရင်
ဖေဖေမေမေ တွေကို ပူဆာတဲ့ တီဗွီ ၈ီမ်းစက်လေးကို သတိရသေးရဲ့လား။
အတုံးလေးတွေကို နေရာတကျပြည့်အောင်စီပြီးဆော့ကြတဲ့လေ
အခုဂိမ်းလေးလဲ အဲလိုပေါ့
ဒါပေမယ့် ဒီကောင်လေးက ရောင်စုံတုံးလေးတွေနော်
ဘယ်အချိန်ဆော့ ဆော့ ဆော့လို့ကေင်းတဲ့ဂိမ်းပါနော်
ဝါသနာရှင်များ ဆော့ရအောင်ဒေါင်းလိုက်ပါအုံး
Download

ဒုက္ခရောက်နေတဲ့ငှက်ကလေးတွေကို ကယ်တင်ရအောင်(ဂိမ်းလေးပါ)

4 teh birds
သူငယ်ချင်းတို့ရေ
ဒုက္ခရောက်နေတဲ့ငှက်ကလေးတွေကို ကယ်တင်ရအောင် ဆိုတာက
4 Teh Birds ဆိုတဲ့ ဂိမ်းအကြောင်းပြောချင်လို့ပါ
မိုးပေါ်ကနေငှက်ကလေးတွေကျလာမယ်
တစ်ကောင်ပေါ်ကို တစ်ကောင်ထပ်နေမယ်
အဲဒီမှာကျွန်တော်တို့က သူတို့တွေ ဒုက္ခကြားကလွတ်မြောက်အောင်
အနည်းဆုံး အရောင်တူ ငှက်လေး သုံးကောင်ပြည့်အောင် စုပေးပြီး
လွတ်မြောက်စေတာပေါ့နော် ။
ကုသိုလ်ရပါတယ်နော် ။သူများဒုက္ခကိုကူညီတာလေ။
ပရဟိတစိတ်ဓာတ်နဲ့ ဂမ်းဆော့ချင်သူများ အောက်မှာဒေါင်းလိုက်ပါအုံး။
Download

Wednesday, August 29, 2012

ကတ်ဆက်ခွေတခေတ်ကို ပြန်ပြီး သတိရကြည့်ရအောင်(2)

ဒီနေ့ ကျွန်တော်မွေးနေ့ မှာ သူငယ်ချင်းတွေကို
ဘာလက်ဆောင်မေးရင်ကောင်း မလဲလို့ စဉ်းစားလိုက်တာ
ဒါနဲ့ ဓာတ်ကျသွားတယ် ဗျာ
အဲ ဒါက နောက်တစ်မျိုးနော် ပိုလန်းတယ်
အခွေဒီဇိုင်းစုံတယ် နော်
အဲဒါကြောင့်
ကတ်ဆက်ခွေတခေတ်ကို ပြန်ပြီး သတိရကြည့်ရအောင်(2) လို့ နာမည်ပေးလိုက်တာ
လိုင်းကျသွားလို့ ပုံမထည့်ပေးလိုက်ရဘူး
နောက်မှပြန်ပြင်ပြီး ထည့်ပြမယ်နော်
အခုတော့ ဆော့ဝဲလေးပဲ ဒေါင်းလိုက်ပါအုံး
ziddu ကနေဒေါင်းမယ်
mediafire ကနေဒေါင်းမယ်

 


ငါ့ဓာတ်ပုံတွေ ဗီဒီယိုတွေကို လာမကြည့်နဲ့ ဆိုသူတွေအတွက်( Magic Box (Hidden photos) 1.7)

Magic Box (Hidden photos) 1.7 screenshot 0 Magic Box (Hidden photos) 1.7 screenshot 1


ကဲ သူငယ်ချင်းတို့ရေ
ပို့က တင်ချင်တယ် လိုင်းကမကောင်းဆိုတော့ 
ဆိတ်သွားတိုင်းကိုယ်မပါဘူးအချစ်ရယ် ပေါ့လေ
ဒီနေ့တော့တင် ဖြစ်အောင်တင်မယ် ဆိုပြီး လိုင်းတတ်တဲ့အချိန်ထိုင်စောင့်နေတာ။
မင်းဘယ်ပြေးမလဲ မရွှေသဲ ဟဲ ဟဲ
   ကဲ ကိုကို ညီညီများ အင်းဟာ အင်းဟာ တွေကြည့်တတ်နေပြီလား 
   ဘာလဲ အင်းဟာ အင်းဟာ ပြန်မမေးနဲ့နော် ဟဲ ဟဲ 
  ဒီအရွယ်က ဒီလိုပဲလေ ဟီးဟီး 
 မိဘတွေ တွေ့မှာ စိုးလို့ ကိုယ့်ဖုန်းကိုတောင် ပေးမသုံးရဲဖြစ်နေလား
 မမ ညီမတွေရော   ဖုန်းထဲမှာ ကိုရီးယား မင်းသားပုံတွေ ထည့်ထားပြီး
 သ၀န်တိုတတ်တဲ့ အချစ်တော် လေးတွေ့မှာ ကြောက်နေလား
 ကိုကို ညီညီ တွေလည်း မကြောက်နဲ့ 
 မမ ညီမတွေ လည်းတွေးပူမနေဲ့ တော့ နော် 
 ဒီဆော့ ၀ဲ လေးသုံးပြီး  ပတ်ဝေါ့ပေးပြီး ဖွက်ထားလိုက်နော်
 ဒီ app ကို ပဲ ပတ်ဝေါ့ပေးပြီး ဖွက်ထားမနေနဲ့နော် ဖောက်တဲ့ လူက တခြားနည်းနဲ့ ဖောက်နေအုံးမယ် 
အဲ ဒီတော့ အဲ လိုမဖြစ်ရအောင် uninstall လုပ်လို့ ရတဲ့ app တွေ ရော setting တွေရော ပိတ်ထားမှ
ပိုလုံခြုံမယ်နော် ။တော် ကြာအရှေ့ကဖုံး နောက်ကပေါ်နေမှာ စိုးလို့ပြောတာ
 အော် uninstall လုပ်လို့ ရတဲ့ app တွေ ရော setting တွေရောဘယ်လို ဖွက်ရမလဲ ဟုတ်လား
လုလင်ကြိုက်တဲ့ app lock(Smart App Protector(app lo...  ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျွန်တော် တင်ထားပေးပြီပြီလေ နော့
     အခု app ကိုတော့ အောက်မှာယူနော် 

Download Magic Box (Hidden photos) 1.7

Download

ကော်ဖီ ချစ်သူများအတွက်MXHome Launcher 3.0.2

MXHome Launcher 3.0 3.0.3 screenshot 0 MXHome Launcher 3.0 3.0.3 screenshot 1
ကဲ  ကော်ဖီချစ်သူများကြိုက်ကြမယ် ထင်ပါတယ် ။
             ကြည့်ရတာ ဒါက ဗားရှင်းအသစ်ထင်တယ် ။ကျွန်တော်လည်း မဒေါင်းရသေးဘူးဗျ။
            ဖုန်းထဲမှာ ထည့်ထားတာတော့ရှိတယ်။ နဲနဲလွဲနေမလားလို့။ပုံနှစ်ကို ကြည့်ပြီးပြောတာပါ။
            ကျွန်တော်ဒေါင်းထားတာကြာပြီဆိုတော့ ဗားရှင်းမတူးဘူးထင်တယ်။
            လန်းတယ်နော် ။အဲ ပုံတစ်ကို ကြည့်ကြည့်ပါ။
            အဲဒီ သံလိုက်အိမ်မြောင်ရဲ့ အောက်မှာ နာရီ ပုံဆို 6နေရာပေါ့
           အဲ အဲမှာ gallary ကို ကြာကြာလေးဖိထားလိုက်ရင်
           အဲဒီ နာ၇ီ အဖုံးလေးက ပွင့်လာမယ်နော် ။
           ပွင့်လာရင် ပေါ်လာတဲ့နေရာမှာ ကိုယ်ထားချင်တဲ့ app တွေရွေးလို့ရတယ်နော်။
           အဲ  ဒါတွေက ထူးခြားမှုလေးကိုပြောပြတာပါ။
           ကွန်နက်ရှင်လည်းမကောင်းဘူးဗျာ။
           စိတ်ညစ်တယ် ။ပြန်တော့မယ် နော်။ မေသက်ခိုင်လည်းမျှော်နေလောက်ပြီ ဟာ ဟ ဟာ ဟ။
           ဘိုင့်
           အဲ အသဲလေးမျှော်နေမှာ စိုးလို့ ဒေါင်းလော့လင့်တောင်ပေးဖို့မေ့သွားတယ် ။
          ဆော်တီးနော်  ဆော်တီး ဟီးး
 

Download MXHome Launcher 3.0 3.0.3

ဒီဆော့ဝဲသုံးပြီး သူငယ်ချင်းတွေကို နောက်ရအောင်

BOOM! Fake call and SMS Lite 1.2 screenshot 0 BOOM! Fake call and SMS Lite 1.2 screenshot 2 BOOM! Fake call and SMS Lite 1.2 screenshot 3
ကဲ သူငယ်ချင်း တို့ရေ

ပျင်းနေလား သူငယ်ချင်းတွေကို နောက်မယ် နော်အဲ စမယ်နော်

ဘယ်လို နောက်ရမလဲ ဆိုတော့ ဆော့ဝဲ သုံးပြီးနောက်မယ်ဗျာ

ဘယ်လိုနောက်တာလဲဆိုတော့ ဖုန်းအမှန်တကယ်မလာပဲနဲ့ဖုန်းလာသလို

massage အမှန်တကယ် ၀င်မလာပဲနဲ့ ၀င်လာသလိုပေါ့

ကဲ စရအောင်

ဆော့ ၀ဲ လေးကို ဖွင့်လိုက်မယ်

အဲ ပုံကိုကြည့်လိုက်ပါအုံး ပုံ တစ်မှာ sat a fake call ပေါ့

အဲဒါက ဖုန်းလာသလိုနောက်မှာပေါ့

အခု ဆို ပုံနှစ်ကို ရောက်သွားပါပြီနော်

အဲဒီမှာ ကိုယ်နောက်မဲ့ သူရဲ့ သံယောဇဉ်ရှိတဲ့ သူနာမည်ပေါ့(ဒါမှ သူက ပြာယာခတ်ပြီး ဖုန်းကိုင်မှာလေ နော့)

နာမည်ပြီးတော့ ဖုန်းနံပါတ်ပေါ့

ပြီးရင် မြားလေးကို လက်တို့လက် ကိုယ်နှစက္ကန့်အကြာမှာ ဖုန်းသံမြည်စေချင်လဲ ပေါ့ အဲဒါရွေးတာနော်

ပြီးရင်တော့ sat fake call နိုပ်လိုက်ရင် ရပါပြီ

sat fake call နိုပ်လိုက်ရင် ညာဘက်အပေါ် ထောင့် မှာ အနီရောင်လေးနဲ့ ပေါ်နေမယ်နော်

ဒီလိုပါပဲ massage လည်း ဒိလိုပဲ လုပ်တာပဲနော်

အဲ တစ်ခုပြောဖို့ ကျန်တွားလယ်

sinple နဲ့  advanced ပေါ့နော်

အဲမှာ advanced ကိုပြောချင်တာပါ

သူက ကိုယ် နောက်ချင်တဲ့ ရက် အချိန် အဲဒါတွေ ပါ ရွေးထားလို့ ရတယ်ဆိုတာပဲ

ကဲ သူငယ်ချင်းများ ပျော်ပျော် နေ သေခဲ ဆိုတဲ့ စကားအတိုင်း

နောက်ရအောင် နော် ။အလွန်အကျွံတော့ မလုပ်နဲ့ပေါ့

တော်ကြာ စိတ်တိုပြီး လက်တီးနဲ့ ထိုးခံနေရအုံးမယ် ဟဲ ဟဲ

စိတ်ဝင်စား ရင်အောက်မှာဒေါင်းကြနော်

Download BOOM! Fake call and SMS Lite 1.2

Download

လက်တို့ပြီတော့ရှာလိုက်အုံးမယ် (Gesture Search 1.4.1)

လိုချင်တဲ့ app ကို လက်တို့ပြီး ရှာချင်သူများ ဒေါင်းလိုက်ပါအုံး
Gesture Search 1.4.1 screenshot 0 Gesture Search 1.4.1 screenshot 1

Download Gesture Search 1.4.1

Download

tatoo ကင်မရာ နဲ့ ဓာတ်ပုံရိုက်ကြရအောင်





ဓါတ်ပုံရိုက်တဲ့အခါ တက်တူးလေးတွေနဲ့ ထည့်ရိုက်တဲ့ ကင်မရာပါ... ။
     
              DOWNLOAD HERE

Monday, August 27, 2012

[ROM] HUAWEI C8812 အတွက် firmware များ

HUAWEI C8812 အတွက် firmware ကို ဆိုက်မှာတော့ ရှိပါတယ် ဒါပေမဲ ညီလေးတစ်ယောက်က အစဉ်မပြေလို့  ပြတင်ပေးပါဆိုလို့  တင်ပေးလိုက်ပါတယ်

mediafile လင့် မှ အစဉ်ပြေမယ်ဆိုလို့  ရှာပြီးတင်ပေးလိုက်ပါပြီ

C8812 V100R001C92B921(China Telecom) အတွက် ဒီမှာဒေါင်းပါ http://www.mediafire.com/?fa5x6x8nuexg4

C8812 V100R001C92B925(China Telecom) အတွက် ဒီမှာဒေါင်းပါ http://www.mediafire.com/?6jzvdykbd46d1

C8812 V100R001C92B918(05010XDJ) အတွက် ဒီမှာဒေါင်းပါ http://www.mediafire.com/?c6hw3cvo7ab61

အားလုံးအစဉ်ပြေပါစေ

Huawei C8812 CDMA အတွက် Root လုပ်နည်း

Huawei C8812 CDMA အတွက် Root လုပ်နည်း ကိုတင်ပေးလိုက်ပါတယ်

super root.rar ကိုဒီနေရာလေးမှာ ဒေါင်းပါ https://www.dropbox.com/s/3tdcrx6x0lwon1r/SuperRoot.rar

၁။ မိမိ ဖုန်းကို USB debugging ON and unknown source ON,Fast boot OFF လုပ်ထားပေးပါ

၂။ မိမိ ဖုန်း ကို power off  လိုက်ပါ 10 စက္ကန့် လောက်စောင်ပါ

၃။ VOLUME DOWN + POWER ကိုနိပ်ပေးထားပါ Huawei logo မှာရပ်နေပါလိမ့်မယ် မိမိ ဖုန်းကို pc နဲ့ ချိတ်လိုက်ပါ

၎။ superrecovery-windows.bat ကို Run လိုက်ပါ 10 စက္ကန့် လောက်စောင်ပါ ပြီရင် battery ဖြုတ်လိုပ်ပါ 10 စက္ကန့် လောက်ပြန်စောင့်ပြီ battery ပြန်တတ်လိုက်ပါ

၅။ VOLUME UP + POWER နိပ်ထားပေးပါ recovery mode တက်လာမပါမယ်  reboot system now လုပ်ပေူးလိုက်ပါ ဖုန်းပြန်တက်လာရင် Root
     ပြီးသွားပါပြီ supersuer စက်ရုပ်လေးနဲ့ လန်းလို့ ရပါပြီ်

အားလုံးအစဉ်ပြေပါစေ

Root လုပ်တာဆိုတာ ဘာလဲ …? ဘာကြောင့် Android ကို root လုပ်ရတာလဲ…..?




Source :http://androidflip.com and http://vinner.hubpages.com
ဒီအကြောင်းအရာတွေက Android ပေါ်မှာ root လုပ်လိုက်လို့ ရတာတဲ့ အစုလိုက်ထဲက အကျိုးအမြတ်တစ်ခုကို ရှာဖွေ ရှင်းပြပေးမှာပါ။
ပြီးတော့ Android Phone တစ်လုံးကို root လုပ်လိုက်လို့ ဘယ်ဟာတွေက အရေးကြီးပိုင်းမှာ
အသုံးဝင်တာတွေ၊ တိုးတက်ပြန့်ပွားလာတဲ့ အခြေခံ user တွေအတွက် root လုပ်လိုက်လို့
အခြေခံသဘာ သဘာဝတွေ၊ တချို့ ရိုးရှင်းတဲ့ applications တွေကိုလဲ အသုံးပြုဖို့ ၊
ပြီးတော့ android phones တွေကို root လုပ်ပြီး appllications တွေကို
အလွန်အမင်း လုပ်တာတွေ အတွက် ကျွန်တော်က ထည့်သွင်း စဉ်းစားဆုံးဖြတ်ပေးထားပါတယ်။
ကဲ..ဆက်လက်ပြီး ခရီးဆက်ရအောင်
Android မှာ root လုပ်တာဆိုတာ ဘာလဲ …… ?
ပထမဆုံးအနေနဲ့ Android မှာ root လုပ်တာဆိုတာဘာလဲ တာကို အလွယ်တကူရှင်းပြထားပါတယ်။
root ဆိုတဲ့စကားလုံးက linux သုံးတဲ့ User တွေကနေ ထွက်ပေါ်လာတဲ့ စကားလုံးပါ။
Android OS က linux အသုံးပြုေ၇းသားထားတဲ့ system တစ်ခုပါ။
” Root ” ရဲ့သဘောတရားက သင့်ရဲ့ device ကို “Superuser” ရရှိအောင်လုပ်တာဆိုလဲ မှန်ပါတယ်။
သင့်ရဲ့ Android Software မှာ permissions ရအောင်ပြုလုပ်တာပါ။
root လုပ်ပြီးတာတဲ့ user အတွက် အထူး မြှင့်တင်ထားတဲ့ အခွင့်အရေးနဲ့အတူ ၊ စွမ်းရည်မြင့်တင်ထားတဲ့
custom software (ROM) ၊custom themes , Performance ၊ battery life တွေရဲ့
အရည်အသွေးမြှင့်တင်ထားတဲ့အရသာကိုခံစားရမှာပါ။
အခြေံအားဖြင့် သင့်ရဲ့ Android device ကို ” Hacking ” ပြုလုပ်တာပါ။
root လုပ်ပြီးတာနဲ့ မိမိဖုန်းကို administrator အနေနဲ့ system တခုလုံးကို အပြည့်အဝ
အသုံးပြုနိုင်သလို လိုအပ်သလိုလဲပြုပြုနိုင်ပါတယ်။
ဥပမာအနေနဲ့ နိုင်းယှဉ်ပြရရင် apple iPhone ရဲ့ iOS ကို jailbreak လုပ်တဲ့ အလားအလာ ပုံစံနဲ့အတူတူပါပဲ။
Root လုပ်လိုက်တဲ့အတွက် သင့် ၀ယ်သုံးတဲ့ Android device ရဲ့ manufacturers or mobile operators
တွေက တစ်စုံတစ်ခုအတွက် အားပေးအားမြှောက်ပြီး သဘောတူညီမူမပေးပါဘူး။
ပြီးတော့ Root လုပ်ပြီးအသုံးပြုတဲ့အတွက် သူတို့က သင့်ကို တားဆီးပိတ်ပင်တာတာတွေ မလုပ်နိုင်ပါဘူး။
ဒါကြောင့် သင့်ရဲ့ Android Phone ရဲ့ တချို့ service တွေကိုအသုံးချဖို့ သင့် root လုပ်ချင်တဲ့ စိတ်ဆန္ဒရှိရင် သင့်ပြုလုပ်နိုင်ပါတယ်။
အခုလို root user အနေအထားအထားရဖို့ သင့်ရဲ့ ဖုန်းကို root ပြုလုပ်ရတဲ့ အစီအစဉ်ကို
Android rooting လုပ်ပြုလုပ်တာလို့ခေါ်ပါတယ်။
သင့်ရဲ့ဖုန်းကို Root မလုပ်ခင် သတိထားရမဲ့အချက်
သင့်ရဲ့ဖုန်းကို root မလုပ်ခင်မှာ အောက်မှာဖော်ပြထားတဲ့ အချက်လေးတွေဖတ်ထားဖို့လိုပါတယ်
၁. သင့်ရဲ့ဖုန်းက Warranty void ဖြစ်သွားပါမယ်။
၂. သင့်ရဲ့ဖုန်းကို root လုပ်ဖို့အတွက် ဘာကြောင့်သင့်ရဲ့ဖုန်းကို root လုပ်ချင်တာလဲစတဲ့
သင့်ကိုယ်တိုင်ယုံကြည်စိတ်ချမူရှိဖို့လိုပါပါတယ်။
၃. သင့်ရဲ့ဖုန်းကို root လုပ်ဖို့အတွက် သေချာတဲ့ သင့်ဖုန်းနဲ့ ပတ်သက်တဲ့ root လုပ်နည်း
guide ရှိဖို့လိုပါတယ်။
သင့်ဖုန်း မော်ဒယ်အမျိုးအစားကြည့်ဖို့အတွက် အလွယ်တကူကြည့်နည်းက ဖုန်းရဲ့
အပေါ်ယံကာဘာ (သို့မဟုတ်) အများအားဖြင့် ဘတ်ထ္ထရီအောက်မှာ ရှိပါတယ်။
၎. root လုပ်တဲ့အခါ သေချာဂရုစိုက်ပြီး ၊ အဆင့်တွေကို ၂ခါပြန်စစ်ပေးပါ။
၅. root မလုပ် မိမိဖုန်းထဲမှာရှိတဲ့ အရေးကြီးတဲ့ datas တွေကို backup လုပ်ထားပေးပါ။
Android ကို root လုပ်လို့ရလာမဲ့ အကျိုးကျေးဇူးများ

1. Total control over system
root လုပ်ပြီးတဲ့ ဖုန်းတစ်လုံးက သင့်ကို administrator အဆင့်အနေအထားနဲ့သင့်ကိုပေးနိုင်ပါတယ်။
root လုပ်ထားတဲ့ ဖုန်းကို ၀င်ရောက်ပြီးတော့ system file လေ့လာနိုင်သလို၊ system file တွေကို
တဖန်ပြန်လည်ပြီး modify ပြုလုပ်ပေးနိုင်ပါတယ်။
( ဥပမာ : Android phone / tablet ကို root လုပ်ပြီး
system file ကို modify ပြုလုပ်ပြီး မြန်မာဖောင့်ထည့်ပြီးအသုံးပြုနိုင်ပါတယ် )
2. Remove Unwanted apps
ကျွန်တော်တို့ ဖုန်းတွေမှာ Original ပါလာတဲ့ applications ရှိပါတယ်။
တချို့ apps တွေက အရမ်းရေးကြီးတဲ့အပိုင်းတွေမှာပါသလို တချို့က ကျွန်တော်တို့ရဲ့
phone memory ကိုအလဟဿဖြစ်စေပါတယ်။
ဒါကြောင့် သင့် phone ကို root လုပ်ပြီးတဲ့အခါ သင့်မကြိုက်နှစ်သက်တဲ့
applications တွေကို ပြန်ပြီး ဖြုတ်ပစ်နိုင်ပါတယ်။
3. Change Themes
ကျွန်တော်တို့ ဖုန်းက နေ့စဉ်အသုံးပြုကိုင်နေရတာပါ။
နေ့စဉ် ကြည့်နေရပြီး စတိုင် အနေအထားတွေက ရိုးအီနေပါပြီ။
ကျွန်တော်တို့ ပုံစံအသစ် ၊ စတိုင်အသစ်နဲ့ ပြောင်းလဲဖို့က တချို့ဖုန်းတွေက
ပြသာနာ အနည်းငယ်ရှိပါတယ်။ ဒါပေမဲ့ root လုပ်ပြီးတဲ့အခါ သင့်စိတ်ကြိုက် themes နဲ့
သင့်ဖုန်းစတိုင်ပြောင်းလို့ရပါတယ်။
4. Backup Whole System
Android မှာ root လုပ်ပြီးလို့ မိမိ total system ကို backup လုပ်ပြီး SD Card မှာ
သိမ်းထားလို့ပါတယ်။ အလွယ်ပြောရင် သင်ရဲ့ iimage ကို hard disk မှာ သိမ်းတာပါ။
အထူးသဖြင့် new ROM ကိုအစမ်းသုံးကြည့်ဖို့အတွက် system အားလုံးကို သင့် backup လုပ်ထားပြီး
SD Card မှာ သိမ်းထားလို့ရပါတယ်။ new ROM ကိုအစမ်းသုံးကြည့်လိုက်ပါ။ ကြိုက်နှစ်သက်လား … ?
OK.. မကြိုက်နှစ်သက်တော့ဘူးဆိုရင် သင့်ရဲ့ Old System ကိုပြန်ပြီးအသုံးပြုလို့ရပါတယ်။
သင့် SD Card ထဲမှာ backup လုပ်ပြီး သိမ်းထားတဲ့ ” image ” ရှိလို့ပါ။
သင့်ရဲ့ မူရင်း old system ကို ပြန်ပြီး အသုံးပြုလို့ရပါတယ်။
5. Installing Special Applications
Android Phone ကို root လုပ်ပြီးတဲ့အခါ အရမ်းအသုံးဝင်ပြီး သင်ကြိုက်နှစ်သက်တဲ့ applications
တွေကို သင့် install ပြုလုပ်နိုင်ပါတယ်။
( ဥပမာ : fullversion အသုံးပြုလို့ရတဲ့ crack application တွေကိုဆိုလိုတာပါ )
အရမ်း လွယ်ကူပြီး ၊ free ရတဲ့ applications တွေကို သင့်ရှာနိုင်ပါတယ်။
6. Install New ROM , Interference
သင့်ဖုန်းမှာ Original ပါလာတဲ့ ROM ကိုသုံးလို့အားရတဲ့အခါ (သို့)
အခြား New Rom အသစ်သုံးချင်တယ်ဆိုရင်လဲ သင့်ရဲ့ Android device ကို
ချိန်းပြီးသုံးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုဆိုရင် သင့် Android device နဲ့
ပတ်သက်တဲ့ ROM တွေက Online မှာ အလွယ်တကူရှာဖွေနိုင်ပါတယ်။
အခုဆိုရင် Android developers တွေအများအပြားရှိပါတယ်။
ကဲ ..ဒီလောက်ဆိုရင် Android မှာ root လုပ်ရတဲ့အကြောင်းအရင်း
အနည်းအကျဉ်းသဘောပေါက်လောက်ပါပြီ။
အားလုံးအဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်။

Samsung Galaxy Note Android 2.3.5 Gingerbread ကို Root လုပ်နည်း


အခုဆိုရင် Samsung ရဲ့ Smartphone tablet တစ်ခုဖြစ်တဲ့ Galaxy Note အားလုံးသိတဲ့အတိုင်း
ဈေးကွက်မှာ ထွက်ပေါ်နေပါပြီ။
Android OS သုံး Phone တလုံးဖြစ်တဲ့အတွက် root လုပ်ဖို့နည်းလမ်းရှိမှာပဲလို့ စဉ်းစားမိကြမှာပါ
With 5-inch, 1280×800 Screen နဲ့ Super AMOLED HD Plus diskplay တွေနဲ့ ဖွဲ့စည်းထားတဲ့
Samsung Galaxy Note ကို root လုပ်ကြည့်ရအောင် ……………
Root လုပ်ဖို့အတွက် ပထမဆုံးလိုအပ်တဲ့ files တွေကို download ဆွဲပါ။

. Samsung Kies အားရယူရန်
. ODIN v1.85 အားရယူရန်
. Netchips ClockworkMod recovery Kernel အားရယူရန်
. Superuser zip file အားရယူရန်
Samsung Galaxy Note Android 2.3.5 Gingerbread ကို Root လုပ်နည်း

အဆင့် ၁
ပထမဆုံး su-2.3.6.1-ef-signed.zip ကို Phone SD ကဒ်ထဲသို့ Copy ကူးပါ။
(ဒေါင်းလုပ်ဆွဲဖို့တွက် လင့်ပေးထားပါတယ်)
Samsung Glaxy Note အတွက် download ဆွဲထားသော Samsung Kies ကို install လုပ်ပါ။
(Samsung Kies ကို install လုပ်ထားတာက ODIN နဲ့ သင့် device detect သိဖို့ပိုပြီးလွယ်ကူပါတယ်)
အဆင့် ၂
ODIN v1.85 ကို run ပါ။
အဆင့် ၃
သင့်ရဲ့ device ကို Power off လုပ်ပါ။ ပြီးလျှင် Volume Up and Volume Down အလည်ကိုနှိပ်ထားပြီး
နောက်ထပ် Home button နှင့် Power button ကို တပြိုင်ထဲထပ်နှိပ်ထားပေးပါ ။
Volume up : Continue
Volume down : Cancel restart phone တက်လာလျှင်
Volume up ကိုရွေးနှိပ်ပေးပါ ။ Download Mode တက်လာပါမယ်။
download mode တက်လာပြီဆိုလျှင် USB cable နဲ့ သင့် device နဲ့ Computer ကိုချိတ်ဆက်ပေးပါ။
အဆင့် ၎
ODIN မှာ သင့် device နဲ့ detect သိပြီဆိုလျှင် ID:COM box မှာ အ၀ါရောင်ကာလာနဲ့ တွေမြင်ရပါမယ်။
PDA button ကိုနှိပ်ပြီး download ဆွဲထားသော netchip-cwm-update2.tar file ကိုရွေးပေးပါ။
ပြီးလျှင် Start button ကိုနှိပ်ပေးပါ။
သင့်ရဲ့ Phone ကို flashed ပြုလုပ်နေပါမယ်။
ID:COM box မှာအစိမ်းရောင်ကာလာနဲ့ PASS ပြီးပြီဆိုတာနဲ့ Phone က reboot ကျသွားပါမယ်။
အဆင့် ၅
Volume Up နှင့် Volume Down ကိုအသုံးပြုပြီး
install zip from sd card > choose zip from sdcard > su-2.3.6.1-ef-signed.zip
ကိုရွေးပြီး Home Button ကို နှိပ်ပေးပါ။
ပြီးလျှင် reboot ကိုရွေး Home Button ကိုနှိပ်ပြီး reboot လုပ်ပေးပါ။
အဆင့် ၆
reboot ပြန်တက်လာပြီး SuperUser တွေ့ရပြီဆိုလျှင် သင့်ရဲ့ device ကို
Root လုပ်လို့ပြီးဆုံးသွားပါပြီ။
- ဖုန်းရဲ့ recovery mode ကိုသွားပါမယ် ။ အဲတွက် reboot ပြန်တက်လာပြီဆိုလျှင်
Volume Up, HomeButton နှင့် Power Button ကိုနှိပ်ထားပါ။
Recovery mode သို့သွားပါမယ်။
ပုံမှန် ဖုန်းတက်လာနေကြတဲ့တိုင်း samsung logo နဲ့တက်လာပါလိမ့်မယ် Power ခလုတ် နဲ့ Home ခလုတ်ကို မလွတ်ပါနဲ့။
Samsung logo တက်လာပြီးသွားရင် recovery mode တွေ့ရပါလိမ့်မယ်။ Home + Power ခလုတ် လွတ်ပေးပါ။
- Recovery mode ထဲမှအသုံးပြုဖို့တွက် VOLUME UP နှင့် VOLUME DOWN ပြီးတော့ HOME ခလုတ်ကို အသုံးပြုပါမယ်။
- Volume Down ခလုတ်ကို တချက်ချင်းနှိပ်ပြီး recovery mode ထဲမှ
” apply update from sdcard ” ကိုရွေးပြီး
HOME ခလုတ်ကို နှိပ်ပေးပါ။
- Volume Down ခလုတ်ကို တချက်ချင်းနှိပ်ပြီး
install zip from sd card >> choose zip from sdcard >> su-2.3.6.1-ef-signed.zip
ကိုရွေးပြီး HOME ခလုတ်နှိပ်ပေးပါ။
(ဖိုဒါနဲ့ထည့်ထားဆိုရင် ဖိုဒါထဲသွားပြီး su-2.3.6.1-ef-signed.zip ကိုရွေးပေးပါ ) ။
- Root file install လုပ်ပြီးသွားပြီဆိုလျှင် ” reboot system now ” ကို ရွေးပြီး ဖုန်း reboot ကျတာကိုစောင့်ပေးပါ။
အဆင့် ၇
ဖုန်းပြန်တာလာပြီ မိမိဖုန်းမှာ Superuser ကိုတွေ့ရပြီဆိုလျှင် မိမိဖုန်း Root လုပ်လို့ပြီးသွားပါပြီ။

Smart Stay v1.3.4.3 for Android




Samsung S3 မှာပါတဲ့ Smart Stay လို့ခေါ်တဲ့ feature ကိုတခြား android ဖုန်းတွေမှာအသုံးပြုချင်သူတွေအတွက်ပါ။ Smart Stay ဆိုတာကတော့ ဖုန်း screen ကိုကိုယ်က ကြည့်နေသရွေ့ ဖုန်း screen ကိုလက်နဲ့မထိရင်တောင် ဖုန်းက screen ကိုဒီအတိုင်းပဲထားပေးမှာပါ။ အကယ်၍ ဖုန်းကိုမကြည့်ဘဲထားလိုက်မယ် ဒါမှမဟုတ် မျက်လုံးမှိတ်အိပ်ပျော်သွားတယ်ဆိုရင်တော့ Screen ကို auto မှိတ်ပေးမှာပါ။
အခု အဲဒီ features ကို တခြား Android ဖုန်းတွေမှာသုံးချင်တယ်ဆိုရင်တော့ အောက်မှာပေးထားတဲ့ apk လေးကိုသွင်းလိုက်ပါ။


 ဒီ app လေးကိုသွင်းဖို့အတွက် ဖုန်းက Android version 2.3 နှင့်အထက်ရှိဖို့လိုပါတယ်။ အောက်က link မှာရယူနိုင်ပါတယ်။ Smart Stay v1.3.4.3 for Android အားရယူရန်


မှတ်ချက် - Video call ပါသောဖုန်းများသာ

အဆင်ပြေကြပါစေ။

MOBILedit

 MOBILedit! Software ဟာ Mobile Service ကို လုပ်ဆောင်နေကြတဲ့ သူများအတွက် အသုံးဝင်စေမယ့် software တစ်ခုပင် ဖြစ်ပါတယ်။ ဖုန်းမှ တဆင့် ကွန်ပျူတာဆီကို Cable ကြိုးဖြင့် ဖြစ်စေ၊ IrDA (Infrared) နှင့် ဖြစ်စေ၊ Bluetooth စနစ်ဖြင့် ဖြစ်စေ ချိတ်ဆက်ပြီးနောက် ဖုန်းအတွင်းမှာပါဝင်တဲ့ စနစ်များကို ပြောင်းလဲမှု ပြုရာတွင် အဆင်ပြေစေနိုင်ပါလိမ့်မယ်။
ဒီနေရာမှာ သွားဒေါင်းလိုက်နော်

Sony Xperia အမျိုးအစားဖုန်းများကို အလွယ်ဆုံး root လုပ်နည်းနှင့် မြန်မာစာ font ထည့်သွင်းနည်း


ဒီနည်းလမ်းက Android version 2.3 နှင့်အထက်ရှိတဲ့ Sony Xperia ဖုန်းတွေကို အလွယ်ဆုံး root လုပ်ပေးနိုင်ပါတယ်။
ပထမဆုံး လိုအပ်တဲ့ software အနေနဲ့ အောက်မှာပေးထားတဲ့ root tools ကိုအရင် download လုပ်လိုက်ပါ။ Sony Xperia root tools အားရယူရန်
Sony Xperia Driver အားရယူရန်
အပေါ်မှာပေးထားတဲ့ Sony Xperia ဖိုင်ကို download ရယူပြီးပြီဆိုရင် အဲဒီ rar ဖိုင်လေးကို ကွန်ပျူတာထဲမှာဖြည်လိုက်ပါ။ ဖိုင်ကိုဖြည်လိုက်ရင် Sony Xperia root ဆိုတဲ့ folder လေးတစ်ခုပါပါတယ်။ ပြီးရင် အပေါ်က download လုပ်ထားတဲ့ Sony Xperia Driver ကိုကွန်ပျူတာထဲမှာ install လုပ်ထားပါ။ ပြီးရင် ဖုန်းကို ကွန်ပျူတာနဲ့ချိတ်ဆက်ထားပါ။ ဖုန်းကို Root လုပ်ရုံပဲလုပ်မယ်ဆိုရင်တော့ ခုနက sony xepria root ဖိုင်ထဲက Cliick_n_Root_Only.bat ကို နှိပ်ပါ ။ ဒါမှမဟုတ် Root ရော မြန်မာဖောင့်နဲ့ကီးဘုတ်ရော သွင်းမယ်ဆိုရင် Cliick_n_Root_Fonts.bat ကို နှိပ်ပါ။ ကျန်တဲ့ step တွေကတော့ အဲဒီဖိုင်လေးတွေထဲမှာ instruction တွေပါဝင်ပါတယ်။ အဲဒီအတိုင်းဆက်လုပ်သွားရုံပါပဲ။ အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။

Android ဖုန်းမှာ Auto Rotating Error ဖြေရှင်းနည်း
















Android Mobile ဖုန်းတွေမှာ တခါတရံ version update ပြုလုပ်ပြီးတဲ့အခါ (သို့) Root လုပ်ပြီးတဲ့အခါ
Phone auto rotating system အလုပ်မလုပ်တာမျိုးကြုံရတက်ပါတယ်။
Auto rotating system ဆိုတာသိပြီးသားသူတွေလဲသိပြီးသားဖြစ်မှာပါ။
မိမိဖုန်း Screeen က မိမိအသုံးပြုသလို့ vertical to horizontal လှည့်ပြောင်းပေးတဲ့ Auto rotationg system ကိုဆိုလိုတာပါ။
Android ဖုန်း မှာ Auto Rotating Error
၁. Version Update မလုပ်ချင်က Auto rotating system က အလုပ်လုပ်ပါတယ်။
vertical to horizontal အပြန်မလှန် ဘယ်လောက်ပြောင်းပြောင်းအလုပ်လုပ်တယ်။
၂. - version update ပြုလုပ်ပြီးတဲ့အခါ (သို့) Root လုပ်ပြီးတဲ့အခါ Phone auto rotating system အလုပ်မလုပ်တော့ဘူး။
- auto rotate feature ကို enable ၊ disable လုပ်လဲမရဘူး ။
- မိမိ Android Mobile Phone (or) Tablet ကို Setting Reset ချလဲ Auto rotating system ပြန်ကောင်းမလာဘူး။
Android ဖုန်း မှာ Auto Rotating Error ဖြေရှင်းနည်း
ဥပမာအနေနဲ့ Samsung Galaxy S နဲ့အောက်မှာဖော်ပြပေးထားပါတယ်။
အဆင့် ၁ : Home Screen မှ Menu button နှိပ်ပြီး Settings ကိုသွားပါ။

အဆင့် ၂ : Diskplay ကိုရွေးပြီး နှိပ်ပေးပါ။

အဆင့် ၃ : အောက်သို့ရွေ့ပြီး Horizontal calibration ကိုနှိပ်ပေးပါ။ ပြီးရင်တော့
စိတ်ဝင်စားစရာ အပိုင်းရောက်ပါပြီ :)

အဆင့် ၄ : ဖုန်း မျက်နှာပြင်ကို ရေပြင်ညီ စားပွဲပေါ်မှာပဲ ဖြစ်ဖြစ် မှောက်ထားပေးပါ။
ဖုန်းအောက်ခြေပိုင်း တ၀က်ကို စားပွဲခုံအစွန်း မှာ calibration button နှိပ်ဖို့
မျက်နှာပြင်လွတ်ယုံလောက် ထားပေးပါ။
( ဖုန်း မျက်နှာပြင်ကို မမှောက်ပဲနဲ့ ထားပြီးလုပ်လို့ပါတယ်၊ ဖုန်းအောက်ခံ ကာဘာ ဒဇိုင်း
အနေအထားတွေနဲ့ အဆင်မပြေမှာစိုးလို့ပါ )

အဆင့် ၅ : ဖုန်း မျက်နှာပြင်အောက်ကနေ calibration button ကိုနှိပ်ပေးပါ။
ငါး စက္ကန့်လောက်စောင့်ပေးပါ။

Calibrated box ပေါ်လာတဲ့အခါ calibration ပြုလုပ်လို့ပြီးဆုံးပါပြီ။ vertical to horizontal လှည့်ပြောင်းကြည့်ပါ ။

Auto Rotating Error အဆင်ပြေစွာ ဖြေရှင်းပြီးသွားပါပြီ
calibration အစိမ်းရောင် ဘောလုံးလေးက အလည်မှာရှိနေပါလိမ့်မယ်။

အခုဆိုရင် သင့်ရဲ့ Android Phone (or) Tablet မှာ Auto Rotating Error ဖြေရှင်းနည်းကို
နားလည်သဘောပေါက်ပြီး အဆင်ပြေစွာပြုလုပ်တက်မယ်လို့ထင်ပါတယ်။

LinkWithin

Related Posts Plugin for WordPress, Blogger...

ဆာ